ဖြူဖြူကျော်သိန်း - သူမ ~ Her (Official Music Video)

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.พ. 2025
  • Song - Her (သူမ)
    Artist - Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း)
    Composer - Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း)
    Band - Art Of Diva
    ‪@PhyuPhyuKyawThein‬ #ဖြူဖြူကျော်သိန်း #သူမ #Her #officialmusicvideo #2024
    သူမ
    V1:
    ဂုဏ်ရှိန်ဒြပ်တွေ တစ်ခုမကျန် ဆွဲခွာတယ်
    နာမည်တစ်လုံးကို အစွမ်းကုန် ချနင်းတယ်
    ကိုယ်လိုရာရဖို့ သူမကိုဝိုင်းကာ အရှက်တွေခွဲ...
    အချိန်တန်ကျတော့ ကမ္ဘာ့အလယ် မျက်နှာငယ်
    တကယ်ခံရတော့ အခုအခါ ဘယ်သူများလဲ
    ငါတို့အားလုံးဘဝတွေ ထပ်တူ ဒုက္ခထဲ...
    Cho1:
    မင်းတို့ရက်စက်တယ်...မင်းတို့လုပ်ရက်တယ်
    သူမပြောရှာပါဘူးကွယ်
    သံတိုင်ကြားကပြုံးပြတယ်...
    စည်းလုံးကြရမယ်...အားတင်းထားရမယ်
    သူမပါပဲတောင်ဆက်သွားတဲ့
    ထည့်မတွက်နဲ့ရတယ်...
    ထောင်ထဲက လှမ်းပြောတယ်။
    V2:
    အိပ်မက်ထဲမှာ သူမကိုဖက်ငိုတယ်
    လူတွေရဲ့ကိုယ်စား ငါတောင်းပန်ခဲ့
    အကုန်သူစွန့်လွှတ်ခဲ့သမျှတွေးရင်...ငါရှက်ပါတယ်
    မကာကွယ်ပေးနိုင်တဲ့အပြင် ထပ်ဇာချဲ့
    သူမှန်တယ်မှားတယ် ငြင်းခုံ ပွဲရှာခဲ့
    သူမပါဝင်ရဖို့ အပြင်းအထန်ရုန်းကန် ငြင်းကြတယ်...
    Cho2:
    ကျေးဇူးကန်းကြတယ်...ဉာဏ်နည်းပြီးယုတ်ညံ့တယ်
    သူမပြောရှာပါဘူးကွယ်
    အဆုံးထိခွင့်လွှတ်တယ်...
    စည်းလုံးကြရမယ်...အားတင်းထားကြတဲ့
    သူမပါပဲတောင်ဆက်သွားတဲ့
    ထောင်ထဲကလှမ်းပြောတယ်...
    လူရိုင်းတို့ကနားမလည်။
    --------------------------------------------------
    👇My Profile Links👇
    ►Facebook Page - / phyuphyukyawtheinonline
    ►Instagram - www.instagram....
    ►Apple Music - / phyu-phyu-kyaw-thein
    ►Website - www.phyuphyukya...
    ►TIDAL - tidal.com/brow...
    ►Napster - us.napster.com...
    ►Spotify - open.spotify.c...
    ►Amazon - music.amazon.c...
    ----------------------------------------------------

ความคิดเห็น • 5K

  • @shunleileiaung3630
    @shunleileiaung3630 7 หลายเดือนก่อน +750

    ဘဝမှာ ဖြူဖြူကျော်သိန်း ဆိုတဲ့ အနုပညာရှင် ကို အားပေးခဲ့တဲ့အတွက် နောင်တမရှိပဲ အကြိမ်ကြိမ် ဂုဏ်ယူရလို့ ကျေးဇူးပါ မမဖြူရေ ❤️
    အမေ"သူမ"လည်း ကျန်းမာပါစေ ❤️🎉🎉🎉

    • @yiyi8078
      @yiyi8078 7 หลายเดือนก่อน +15

      လေးစားလိုက်တာဖြူဖြူရေ။

    • @moemamamaung4091
      @moemamamaung4091 7 หลายเดือนก่อน +15

      လေးစားစွာနဲ့အမြဲအားပေးလျက်ပါဖြူ

    • @thithein5275
      @thithein5275 7 หลายเดือนก่อน +9

      Thank you for your meaningful song.

    • @YeHtut-xp7xb
      @YeHtut-xp7xb 7 หลายเดือนก่อน +5

      လုံးဝ လုံးဝ respect

    • @JohnPxyoe
      @JohnPxyoe 7 หลายเดือนก่อน +4

      ❤❤❤

  • @yoonhsu8776
    @yoonhsu8776 7 หลายเดือนก่อน +169

    အောင်မြင်မှုကို တော်လှန်ရေးမှာ အသုံးချပေးကြတဲ့ မဖြူတို့လို အနုပညာရှင်တွေကို တကယ်လေးစားပါတယ် အမေကျန်းမာ ဘေးကင်းပါစေ မဖြူလည်းကျန်းမာဘေးကင်းပါစေ

  • @AscvAwer
    @AscvAwer 7 หลายเดือนก่อน +204

    ပန်းတွေကပြောတယ်
    သူမခေါင်းမှာဝေပါရစေတဲ့
    ကျန်းမာပါစေသူမရေ❤

  • @KhinMaungThan-ff2sr
    @KhinMaungThan-ff2sr 6 หลายเดือนก่อน +74

    သူမ သတ္တိသိပ်ကောင်းလွန်းတယ်
    သူမ ရဲရင့်တယ်
    သူမ အပြုံးမပျက်တယ်
    သူမ ချစ်စရာကောင်းလွန်းတယ်
    သူမ ဟာတို့အသဲနှလုံးထဲ ထာဝရပဲ
    သူမ ကတော့ ဒေါ်အောင်ဆန်းစုကြည် ❤❤❤

  • @YXKNikoxiao
    @YXKNikoxiao 7 หลายเดือนก่อน +147

    ဒီသီချင်းလေးကိုmillions viewရအောင်အားပေးကြမယ်ဝိုင်းshareပေးကြမယ် တတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီမယ် ဖြူဖြူကျော်သိန်းဆိုတဲ့အနုပညာရှင်ကိုအားပေးခဲ့တနောင်တလည်းမရှိခဲ့ဘူးရှိလာမှာလည်းမဟုတ်ဘူးအရမ်းလေးစားပြီးအတုယူရပါတယ် မေမေစုဒီလိုသမီးမျိုးရထားတာအရမ်းဂုဏ်ယူရတယ်နိုင်ငံအတွက်ဒီလိုအနုပညာရှင်မျိုးဆိုတာတန်ဖိုးဖြတ်မရဘူး❤❤❤

    • @NikhaWas
      @NikhaWas 4 หลายเดือนก่อน +1

      ol((l

  • @NaingGyi-ny4ml
    @NaingGyi-ny4ml 7 หลายเดือนก่อน +137

    မဖြူ အရမ်းကောင်းတဲ့ စာသားတွေနဲ့ ထိထိမိမိ ‌‌‌လေးရေးထားတာ
    ရော အမေ့ မွေးနေ့ အမီလေး သီချင်း ကို တင်ဆက်ပေးတာရောက တကယ့်ကို လေးစားစရာပါ big respect ပါ

  • @thinzaroo158
    @thinzaroo158 7 หลายเดือนก่อน +270

    အမေစု သက်ရှည်ကျန်းမာပါစေ၊ သားနဲ့ခင်ပွန်းသည်ကို ထားခဲ့ရပြီး မြန်မာနိုင်ငံသားတွေအတွက်ရှိနေပေးခဲ့တဲ့ အမေစု၊ မကောင်းတဲ့သူတွေရဲ့ ချုပ်နှောင်ထားခံရခြင်းမှ အမြန်ဆုံး လွတ်လပ်ပါစေ 🙏

  • @thetsu3641
    @thetsu3641 4 หลายเดือนก่อน +12

    ဖြူဖြူကိုအားပေးရကျိုးနပ်တယ်

  • @ထီးမူ
    @ထီးမူ 7 หลายเดือนก่อน +378

    အရမ်းကြိုတ်တာဘဲ မငိုနဲ့ ပီးရင် ဒီသီချင်းလေးအရမ်းကြိုက်တာ။ ခုဖြစ်နေတာတွေနဲ့ ထပ်တူကြနေတော့ ပိုအသက်ဝင်တယ် ❤❤❤

    • @nwaynway3175
      @nwaynway3175 7 หลายเดือนก่อน +7

      ခုဖြစ်နေတာကိုပဲစပ်ဆိုထားတာလေ

    • @ohnmarohnmar7632
      @ohnmarohnmar7632 7 หลายเดือนก่อน +3

      ❤❤❤❤❤❤❤❤❤❤❤

    • @ThidarAung-zz3sg
      @ThidarAung-zz3sg 7 หลายเดือนก่อน +3

      ချစ်တယ် မမဖြူရေ ❤️❤️❤️

    • @JohnPxyoe
      @JohnPxyoe 7 หลายเดือนก่อน +2

      you tubeကနေအားပေးတာကျေးဇူးပါ

    • @ထီးမူ
      @ထီးမူ 6 หลายเดือนก่อน +1

      @@nwaynway3175 ဟုတ်အဲဒါကိုပြောတာဘဲလေနော်။

  • @ChothartaeNyopyar01-1
    @ChothartaeNyopyar01-1 7 หลายเดือนก่อน +265

    "စည်းလုံးကြရမယ် အားတင်းထားကြတဲ့
    သူမပါပဲတောင် ဆက်သွားတဲ့ ထောင်ထဲကလှမ်းပြောတယ်
    လူရိုင်းတို့က နားမလည်..." နားထောင်ရင်း အံကြိတ်မိတယ်
    When I listen this song I can't control my tears. I really love this lyrics, music, vocal. Thank you so much Phyu Phyu for creating and sharing with us. May God Bless you....

    • @maryaye6950
      @maryaye6950 7 หลายเดือนก่อน +4

      me too

    • @KoKo-eg7vg
      @KoKo-eg7vg 7 หลายเดือนก่อน +2

      ❤❤❤

    • @MeMeAung-eh2bq
      @MeMeAung-eh2bq 7 หลายเดือนก่อน +2

      ❤❤❤❤

    • @MyaAung-q9u
      @MyaAung-q9u 7 หลายเดือนก่อน +1

      Me too

    • @Ami-c7t
      @Ami-c7t 7 หลายเดือนก่อน +3

      လူရိုင်းထက်ဆိုးသောလူယုတ်မာပါ။

  • @Nellnlak
    @Nellnlak 7 หลายเดือนก่อน +114

    အနုပညာ သမား အစစ်ဆိုတာ❤❤❤❤
    ကျနော်တို့ကို ခုလို အမြဲ သတိပေး နေလို့ ကျေးဇူးတင်တယ်

  • @kyawkyawlin8674
    @kyawkyawlin8674 6 หลายเดือนก่อน +20

    နိူဘယ်ဆုရှင်တယောက်က ဆုကိုပစ်ပယ်ပြီးကာကွယ်ပေးခဲ့ပေမဲ့ လူရိုင်းတွေက လူယုပ်မာလို ကျေးဇူးဆပ်လိုက်တယ်

  • @YoonNge-nw9ll
    @YoonNge-nw9ll 7 หลายเดือนก่อน +58

    သူမ
    အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ အသက်ရာကျော် ရှည်ပါစေ အမေ နေကောင်းကျန်းမာပါစေ

  • @mamawmaw7966
    @mamawmaw7966 7 หลายเดือนก่อน +205

    🤍🤍🤍☘️🌹🌹🌹သူမ ချစ်သောများ အမြန်ဆုံစည်းကြရပါစေ ကျန်းမာပါစေ မေမေ🙏🙏🙏

  • @KTCK9296
    @KTCK9296 7 หลายเดือนก่อน +15

    မျက်ရည်မဆယ်နိုင်..

  • @AyeThandarHtun-vb9si
    @AyeThandarHtun-vb9si 5 หลายเดือนก่อน +21

    ကျန်းမာပါစေအမေ ပြန်လာရင် ဘယ်သူအတွက်မှမပူပေးနဲ့တော့ ကိုယ်ကို့ ဘုရားတရားနဲ့ နားတော့နော်😢

  • @အငယ်လေး-ယ၈ပ
    @အငယ်လေး-ယ၈ပ 7 หลายเดือนก่อน +67

    အမေအတွက်သီချင်းစာသားတွေကထိမိလိုက် ဖြူရယ်❤🎉

  • @moonica7734
    @moonica7734 7 หลายเดือนก่อน +94

    သံမဏိနှင်းဆီ "သူမ" ကျန်းမာပါ​စေ။
    ချုပ်​နှောင်မှုများမှ အမြန်ဆုံးလွတ်​မြောက်ပြီး အ​မေ့သားသမီး​တွေနှင့် အပြုံး​တွေ​ဝေ​​နေတာ မြင်ချင်လှပါပြီ
    ❤🌹💖

  • @EiEiThaw-w5b
    @EiEiThaw-w5b 7 หลายเดือนก่อน +60

    အခုလိုသီချင်းတွဆိုပေးတာအရမ်းကျေးဇူးတင်ပါတယ် ကျန်းမားရေးဂရုစိုက်ပါနော် အရမ်းချစ်ပါတယ်

    • @nweni6323
      @nweni6323 7 หลายเดือนก่อน +3

      ဟုတ်တယ် ဖြူ ပိုင်နိုင်တဲ့ ဂီတ နဲ့ တော်လှန် နေတာ အရမ်းကျေးဇူးတင်ပီး ချစ်ရပါတယ်❤❤❤❤❤❤

  • @yungyung400
    @yungyung400 18 วันที่ผ่านมา +2

    နားထောင်တိုင်း မျက်ရည်ကျရင်း အမေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ လို့ မေတ္တာပို့မိပါတယ်။

  • @minzawoo7104
    @minzawoo7104 7 หลายเดือนก่อน +78

    ခဏခဏ ဝင်ကြည့်ဖြစ်တယ် အခုတော့ နားထောင်ပြီး အရမ်းခံစားရတယ် 😢သူမ ❤

  • @heinhtetko5611
    @heinhtetko5611 7 หลายเดือนก่อน +40

    သီးချင်းကတကယ်ကိုခံစားရ‌‌‌စေတယ်ဗျာ...'သူမ' ကိုလဲသတိရတယ်....❤❤❤

  • @sanyu-sv5th
    @sanyu-sv5th 7 หลายเดือนก่อน +42

    သူမ ကျန်းမာပါစေ
    သူမ ဘေးကင်းပါစေ
    သူမ သက်ရှည် အေးချမ်းပါစေ
    သူမ ရန်အပေါင်းကိုအောင်နိုင်ပါစေ
    သူမ လူရိုင်းတွေနဲ့အမြန်ဆုံးကင်းဝေးပါစေ

  • @mashwe5365
    @mashwe5365 5 หลายเดือนก่อน +18

    မဖြူကျန်းမာဘေးကင်းပါစေ
    အမှန်တရားကိုမြတ်နိုးတဲ့မဖြူ
    တလရပြီးသွားရင်ပြန်ဆုံကြမယနော်❤

  • @KzaMtm
    @KzaMtm 7 หลายเดือนก่อน +88

    နှင်းဆီ​လေး​တွေနဲ့အတူ သူမကိုချစ်တယ်
    ကျန်းမာ​နေပါ​စေ သူမ​ရေ❤

  • @HtetSan-nk2tl
    @HtetSan-nk2tl 7 หลายเดือนก่อน +53

    အခါခါအထပ်ထပ် နားထောင်နေမိတယ်။သူမ ကျန်းမာပါစေ 🌹🌹🌹

  • @sunandar6053
    @sunandar6053 7 หลายเดือนก่อน +72

    သူမ ကျန်းမာပါစေ
    သူမ ကျန်းမာပါစေ
    သူမ ကျန်းမာပါစေ ❤❤❤
    အရမ်းလွမ်းပြီး အားနာမိပါတယ်❤

  • @waiyanphyo-gt4nf
    @waiyanphyo-gt4nf 7 หลายเดือนก่อน +39

    ဂုဏ်ယူ လေးစားလျှက်ပါ ညီမလေးရေ
    တော်လှန်ရေအတွက် အခုလို အနုပညာ နဲ့ တော်လှန်နေတဲ့အတွက်လဲ ဂုဏ်ယူ လေးစား ပြီ ထာဝရ
    ချစ်ခင်းအားပေးနေလျှက်ပါ
    ကျန်မာရေးဂရုစိုက်ပါ ညီမလေးရေ

  • @komoezawwin912
    @komoezawwin912 7 หลายเดือนก่อน +56

    အကြိုက်ဆုံးစာသားက
    သူမပါပဲတောင်ဆက်သွားတယ် ထည့်မတွက်နက်ရတယ် ကျေးဇူးပါစာသားလေးက ကမ္ဘာတည်သရွေ့ပါ ကျေးဇူးဖြူဖြူ❤❤❤❤❤

    • @nayoo-wv8qw
      @nayoo-wv8qw 7 หลายเดือนก่อน +1

      အမြဲအားပေးတယ် ဖြူုဖြူ သီချင်းလေးတွေကြောင့်ပိုပြီး အဓိပ္ပါယ် ပိုကောင်းတယ် အားလုံးကျန်းမာဘေးကင်းကြပါစေ

    • @HninHnin-v7b
      @HninHnin-v7b 7 หลายเดือนก่อน +2

      ဥာဏ်နည်းပြီးယုတ်ညံ့တယ်။လူရိုင်းတို့ကနားမလည်အဲ့စာသားတွေကပိုမိုက်တယ်။

    • @NewN-ij7dr
      @NewN-ij7dr 7 หลายเดือนก่อน +1

      ​@@HninHnin-v7bဟူတ်တယ် ထပ်တူပါ ကြိုက်ပါတယ် ။💯💪

  • @ThinthinSoe-kc6gy
    @ThinthinSoe-kc6gy 7 หลายเดือนก่อน +34

    နားထောင်ရင်းနဲ့ ရင်ထဲမှာနင့်နေတာပဲ မဖြူ။ ကျေးဇူးပါမဖြူ ။❤❤❤

  • @khwargee7516
    @khwargee7516 7 หลายเดือนก่อน +56

    အမေစုကျန်းမာပါစေ။ ကျွန်တော်လိုချင်တဲ့လွတ်လပ်တဲ့ဒီမိုကရေစီ အမြန်ဆုံးရရှိပါစေ။အားလုံးမိသားစုစည်းစည်းလုံးလုံးပျော်ရွှင်ကြပါစေဗျာ

  • @NaungNaung-fu4eb
    @NaungNaung-fu4eb 3 หลายเดือนก่อน +2

    လေးစားရတဲ။ ညီမလေး ဖြူ။ ကျန်းမာပါစေ

  • @dawflora227
    @dawflora227 7 หลายเดือนก่อน +44

    အမေစု ကျန်းမာချမ်းသာပါစေ အချုပ်အနှောင်ကအမြန်လွှတ်မြောက်ပါစေ

  • @moemoeaye6388
    @moemoeaye6388 7 หลายเดือนก่อน +83

    မေမေစု မွေးနေ့မှစ နောင်နှစ်ပေါင်းရာကျော်ထိ သက်ကျော် ရာကျော်ရှည်ပါစေ 😢😢😢 အချုပ်နှောင်မှမြန်မြန်လွှတ်မြောက်ပါစေ😢😢😢 🙏🙏🙏🙏🙏🙏

  • @HtweHtwe-qy4mj
    @HtweHtwe-qy4mj 7 หลายเดือนก่อน +56

    အမေ့ရဲ့ ၇၉နှစ်မြောက်မွေးနေ့မှသည် ကျန်းမာဘေးကင်းပြီး အမေ့ဆန္ဒရှိသောအရာများပြည့်ဝပါစေ အမေ့ကိုမြင်ချင်နေသောများလဲမြင်တွေ့ခွင့်ရရှိနိုင်ရပါလို၏❤🙏🙏🙏 Full respect! Ma Phyu❤

  • @ayeu-f2z
    @ayeu-f2z 3 หลายเดือนก่อน +3

    🎉❤❤😢😢အမေစုကျန်းမာပါစေ

  • @khaingzinthant3495
    @khaingzinthant3495 7 หลายเดือนก่อน +74

    ချစ်ရတဲ့ သူမ မွေးနေ့မှစ အစစအရာရအဆင်ပြေပြီး တိုင်းပြည်လည်းအမြန်‌ဆုံးအေးချမ်းပါရစေ❤

  • @sisimin2529
    @sisimin2529 7 หลายเดือนก่อน +35

    အို ဖြူ ရေ
    စီးကျတဲမျက်ရည်များထိန်းမနိုင်အောင်ပါပဲ
    ရင်ကိုထိစေသောသီချင်းစာသားများအားလုံး
    ချစ်တယ်ဖြူ❤

  • @YinThuWin-gl4em
    @YinThuWin-gl4em 7 หลายเดือนก่อน +67

    အမေစု အသက်ရှည်ကျန်းမာပါစေ အမြန်ဆုံးအေးချမ်းပြီး လွှတ်မြောက်ပါစေအမေရယ် လွမ်းလိုက်တာ !!! 🎉🎉🎉🎉❤❤❤❤

    • @Tkk-ri1gs
      @Tkk-ri1gs 7 หลายเดือนก่อน +1

    • @ThetThetMaw-yg9vn
      @ThetThetMaw-yg9vn 7 หลายเดือนก่อน +3

      အ​မေစုသက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒ​တွေပြည့်စုံပါ​စေ​မွေး​နေ့မှစ​နောင်နှစ်​ပေါင်းများစွာအ​မေစုဖြစ်​စေချင်တဲ့နိုင်ငံသစ်ကြီးကိုအ​မေ့ကိုချစ်တဲ့ပြည်သူပြည်သား​တွေနဲ့​အောင်မြင်​ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါ​စေအ​မေစုအရမ်းလွမ်းတယ်ချစ်တယ်အ​မေစု❤❤❤❤❤

  • @Bamagi37
    @Bamagi37 7 วันที่ผ่านมา +1

    လေးနှစ်တင်းတင်းပြည့်ခဲ့ပြီ အမေကျန်းမာပါစေ❤❤❤❤❤❤❤❤❤❤😢😢😢

  • @KhantSharing-h1r
    @KhantSharing-h1r 7 หลายเดือนก่อน +31

    ချစ်​သော အ​မေစု ကျန်းမာပါ​စေ။ အ​​မေ စု နှင့်အတူ အားလုံး လူယုတ်မာ​ဘေးမှ အမြန်လွတ်​မြောက်ပါ​စေ။

  • @Adriana-hs4ms
    @Adriana-hs4ms 7 หลายเดือนก่อน +45

    နှင်းဆီနီနီလိုရဲရင့်တဲ့"သူမ" ကျန်းမာပါစေ...🌹❤

  • @yelwinlwin7160
    @yelwinlwin7160 7 หลายเดือนก่อน +15

    အကြိမ်ကြိမ်နားထောင်ပါတယ် ကြားရတိုင်းလည်းရင်ထဲတင်းကြပ် ဝမ်းနည်းရပါတယ်
    အမြန်ဆုံးလွတ်မြောက်ပါစေ
    ကျန်းမာနေပေးပါ အမေရယ်

  • @yinyinmaw245
    @yinyinmaw245 7 หลายเดือนก่อน +20

    နှင်းဆီပန်းတွေမြင်ရင် သူမကိုသတိရတယ် ကျန်းမာပါစေ

  • @razurazu6201
    @razurazu6201 7 หลายเดือนก่อน +15

    သူမ နာဖျားခြင်းကင်းပါစေ အားနာနေမှုတွေအတွက် ပေးဆပ်နိုင်ပါရစေ မဖြူလည်း ကျန်းမာပါစေ
    လူယုတ်မာလူရိုင်းတေအမြန်ကျဆုံးပါစေ

  • @MyintMoe-w6f
    @MyintMoe-w6f 7 หลายเดือนก่อน +41

    သူမ ,ကိုယ်တွေသိပ်ချစ်ရတဲ့ လမင်းကြီး သူမ

  • @waiyanlynn-q1p
    @waiyanlynn-q1p 5 หลายเดือนก่อน +1

    အနှစ်သာရ တအားရှိ တယ် မမဖြူ၊ နားကြပ် တပ်ပြီးနားထောင်ရင်ကြက် သီးတောင် ထတယ်။
    ကိုယ်ကို့ကိုယ် ရော မဖြူလို အနုပညာရှင်ကို အားပေးရလို့ ဂုဏ်ယူ မိတယ်ဗျာ ။

  • @MaThanSi
    @MaThanSi 7 หลายเดือนก่อน +18

    စကစ တစ်သိုက်ကို ဂီတဆူနာမီလှိုင်းနဲ့ ဝင်ဆောင့်လိုက်တဲ့ မဖြူ ❤

  • @TheintTheintAye-hv1yl
    @TheintTheintAye-hv1yl 7 หลายเดือนก่อน +9

    တော်လိုက်တာဖြူဖြူရယ်။ လေးစားပါတယ်။ ရင််ထဲထိတဲ့သီချင်းလေး။

  • @ohnmarswe25
    @ohnmarswe25 7 หลายเดือนก่อน +82

    အို နှင်းဆီတွေ ဝေနေတာနဲ့ရောပြီး ပန်း ခူ ခဲ့တယ် နော်
    သူမ လေးစား ထိုက်သူအမေစု ဘေးကင်း ကျန်းမာပါစေ🙏
    Good song and nice voice 😍😘😍😘

    • @MinnThantHtin-d2o
      @MinnThantHtin-d2o 7 หลายเดือนก่อน +6

      She is ours!
      Our valuable live Dictionary,
      Ah May!

  • @YuyuYu-r8x
    @YuyuYu-r8x 18 วันที่ผ่านมา +1

    နားထောင်တိုင်း နားထောင်ခွင့်ရ‌ေအာင်ဖန်တီးပေးတဲ့မဖြူနဲ့ပံ့ပိုးသူများ အားလုံးကိုကျေးဇူးတင်ပါတယ်

  • @hsusandinyein8932
    @hsusandinyein8932 7 หลายเดือนก่อน +18

    ဖြူဖြူ ရေကျန်းမာရေးလည်း ဂရုစိုက်ပါ ဆက်လက် တိုက်ပွဲဝင်ကြပါစို့❤❤❤❤

  • @meemeemeemee400
    @meemeemeemee400 7 หลายเดือนก่อน +20

    ချစ်တဲ့ အမေစုကျန်းမာချမ်းသာပါစေ အချုပ်နှောင်ကအမြန်လွတ်မြောက်ပါစေ
    တိုင်းပြည်လည်းအမြန်ငြိမ်းချမ်းပါစေ🙏

  • @ThandarSwe-is9dw
    @ThandarSwe-is9dw 7 หลายเดือนก่อน +31

    ငယ်ငယ်ထဲက အဖိုးပြောပြခဲ့တဲ့ သူမ အကြောင်း🌹🌹🌹
    အရမ်းချစ်ဖို့ကောင်းတဲ့ မမဖြူ အားပေးနေပါတယ်❤

  • @kotoe2582
    @kotoe2582 7 หลายเดือนก่อน +1

    ဖြူဖြူ ကို​လေ အား​ပေးတာထက် ချစ်တာထက် အများကြီး ::::::::::::::::::::::::::::ပိုတယ်

  • @htoohtoohtoohtoo5229
    @htoohtoohtoohtoo5229 7 หลายเดือนก่อน +34

    ရင်နဲ့အမျှပါ ဖြူဖြူရေ။အမှန်တရားတွေကိုဆက်လက်ပြီးသီချင်းသံဇဥ်အဖြစ်ဖန်တီးနိုင်ပါစေ။

  • @miphyulay7911
    @miphyulay7911 7 หลายเดือนก่อน +35

    အမေ(သူမ )ကျန်းမာပါစေ ။အမြန်ဆုံးလွတ်မြောက်ပါစေ❤❤

  • @SoeSoe-h6m
    @SoeSoe-h6m 3 หลายเดือนก่อน

    ဒီသီချင်းကရင်ထဲထိတယ် မြန်မာပြည် အမြန်ဆုံး အေးချမ်းစေချင် ပါပြီ
    အားလုံး ဘေးကင်းကြပါစေ
    တိုင်းပြည် အမြန်ဆုံး အေးချမ်းပါစေ

  • @nyonyolatt989
    @nyonyolatt989 7 หลายเดือนก่อน +12

    အမေစု သက်ရှည် ကျန်းမာစိတ်ချမ်းသာ လိုရာ ဆန္ဒ ပြည့်ပါစေ။

  • @diamondtop1510
    @diamondtop1510 7 หลายเดือนก่อน +13

    စည်းလုံးထားကြမယ် အားတင်းထားကြမယ်💞😘😘😘 ကျေးဇူးကန်းပြီးယုတ်ညံ့တဲ့‌ေအာက်တန်းစားတစ်စုရဲ့ နေဝင်ချိန်ကတော့တစ်စတစ်စနီးလာနေပါပြီ

  • @LarLawtLots
    @LarLawtLots 7 หลายเดือนก่อน +27

    မဖြူ နားထောင်ရင်း စိတ်က တစ်မျိုးဘဲ ကြက်သီးထလာတယ် အရမ်းကောင်းတယ်နော် မဖြူ❤😍😘😍

  • @thureinwin-x2m
    @thureinwin-x2m 3 หลายเดือนก่อน

    ဂုဏ်ယူပါတယ် ဖြူဖြူရေ အသွေးတွေလဲတူ အရေးတွေလဲတူ ပရိတ်သတ်နဲ့တသားတည်းတွေ့ရတာမျက်ရည်ကြရတဲ့ထိဖြစ်ရ

  • @GaGyi-wk8xh
    @GaGyi-wk8xh 7 หลายเดือนก่อน +18

    လူရိုင်းတို့ကနားမလည်......❤❤❤❤❤❤❤

  • @ကိုစိုင်းငယ်တောင်ကြီး
    @ကိုစိုင်းငယ်တောင်ကြီး 7 หลายเดือนก่อน +37

    ပြည်သူ့သူရဲကောင်း တို့အမေနဲ့
    ပြည်သူဘက်ရပ်တည်တဲ့ မဖြူ
    နေကောင်းကျန်းမာပါစေ
    အစစအရာရာအဆင်ပြေပါစေဗျာ
    ❤❤❤❤❤❤❤❤❤

  • @zwenyoeishin3362
    @zwenyoeishin3362 7 หลายเดือนก่อน +40

    နားထောင်နေပါပြီမမရေ ရင်ထဲနေစကားလုံးတလုံးချင်စီကထိ့တယ်မမရယ်😢

  • @AungKo-fc5qm
    @AungKo-fc5qm 3 หลายเดือนก่อน +1

    နားထေင်ရတဲ့ အချိန်တိုင်း မျကိရည် ကျရတယ် ညီမ ရယ်

    • @TinZar-ru3zv
      @TinZar-ru3zv 2 หลายเดือนก่อน

      ဟုတ်တယ် နားထောင်တိုင်းမျက်ရည်ကျမိတယ်😢😢😢😢😢

  • @Yamin-bl7pc
    @Yamin-bl7pc 7 หลายเดือนก่อน +30

    အားလုံးရဲ့ရင်ထဲကနေလှိုက်လှိုက်လှဲလှဲဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာစေတနာတွေအားလုံး သူမဆီ ခွန်အားတွေအဖြစ်ရောက်ရှိပါစေ ❤
    မမြင်နိုင်ပေမယ့်တယောက်ချင်းဆီရဲ့စစ်မှန်တဲ့ဆုတောင်းတွေသည် အရှိန်အဟုန်ပြင်းစွာ ခွန်အားကြီးစွာဖြင့်သူမဆီသက်ရောက်ပြီး မတရားအချုပ်အနှောင်မှတရက်မစောင့်ဆိုင်းပဲအမြန်ဆုံးလွတ်မြောက်ပါစေ အမေ❤❤

    • @ThazinTun-fx9yp
      @ThazinTun-fx9yp 7 หลายเดือนก่อน +1

      တောင်းဆုအမြန်အမြန်ဆုံးပြည့်ပါစေ

  • @YanNaing-pd2lq
    @YanNaing-pd2lq 7 หลายเดือนก่อน +16

    ❤❤❤❤❤❤❤အမေ ကျန်းမာ ချမ်းသာပါစေ။ဖြူဖြူလည်း ချမ်းမြေ့ပါစေ။

  • @JiminyChan-no5gw
    @JiminyChan-no5gw 7 หลายเดือนก่อน +9

    ❤❤
    လူရိုင်းတို့က ဘယ်တော့အခါမှ နားလည်မှာမဟုဖူး
    လူရိုင်း မှာတောင် စာနာ စိတ်ရှိကြမယ်
    အခုက လူရိုင်းမဟုဖူး
    ငရဲသားတွေ လူပြည်ကို ကျူးကျော်လာတာ

  • @yuhtwe123
    @yuhtwe123 7 หลายเดือนก่อน +45

    ကျန်းကျန်းမာမာရှိနေပါစေ၊
    မတရားချုပ်နှောင်ခံထားရခြင်းမှ အမြန်လွတ်မြောက်ပါစေ၊
    မနာလိုမုန်းတီးသူများရဲ့ ဘေးဒုက္ခပေးမှုအပေါင်း အမြဲကင်းဝေးပါစေ။
    ❤️ Happy Birthday Our Leader ❤️

  • @kyiwaiaung3533
    @kyiwaiaung3533 7 หลายเดือนก่อน +21

    အမေစု ကျန်းမာပါစေ
    မဖြူလဲ ဂရုစိုက်ပါနော်

  • @kyawyeaung-wv8tq
    @kyawyeaung-wv8tq 7 หลายเดือนก่อน +11

    စာသားလေးတွေက အရမ်းမိုက်ပြီး သံစဉ်လေးကလည်း အရမ်းကောင်းတယ် ❤

  • @AungAung-vz3lt
    @AungAung-vz3lt 3 หลายเดือนก่อน

    မဖြူရေ ဖြူဖြူကျော်သိန်းလို့ စပေါ်ကတည်းက အားပေးခဲ့ရတိုင်း ကိုယ့်ကိုကိုယ် ဂုဏ်ယူနေရပါတယ် ချစ်သော မဖြူ ကောင်းကျိုးလိုရာဆန္ဒဟူသမျှ ပြည့်ဝပါစေ

  • @KoHtet-sb9eb
    @KoHtet-sb9eb 7 หลายเดือนก่อน +25

    လေးစားချစ်ခင်နေပါတယ်ဗျ မဖြူရေ

  • @ThuthuMarzin
    @ThuthuMarzin 7 หลายเดือนก่อน +23

    သူမ ကျန်းမာပါ​စေ ❤❤❤❤❤❤❤❤
    အမြဲအား​ပေး​နေမယ်​နော် ဖြူဖြူ​လေး​ရေ
    ချစ်တယ် ❤❤❤❤❤

  • @sribeauty7657
    @sribeauty7657 7 หลายเดือนก่อน +25

    အနုပညာနဲ့ အမြဲမပြတ်တော်လှန်နေသော ချစ်ရတဲ့ဖြူရေ
    သူမ ရင်ထဲအရမ်းထိပါတယ် ❤❤❤
    ကျန်းမာ ဘေးကင်းပါစေ ချစ်သောဖြူ ❤❤❤

  • @saimyat2022
    @saimyat2022 17 วันที่ผ่านมา +1

    အမေကျန်းမာပါစေ။🙏🙏🙏

  • @kyukyuthin4989
    @kyukyuthin4989 7 หลายเดือนก่อน +16

    သူမ ကျန်းမာစွာရှိနေပေးပါ။ 🙏💕

  • @sandarwin-zz5wv
    @sandarwin-zz5wv 7 หลายเดือนก่อน +16

    သူမ ကျန်းမာပါစေ 😊❤
    ဘုရားမှာ ပန်းကပ်ရင်းဆုတောင်းလိုက်ပါတယ်

  • @bluewoodpecker14
    @bluewoodpecker14 7 หลายเดือนก่อน +12

    စာသားတွေကလဲထိမိ😊 ဖြူဖြူဆိုတာလဲ heart ထိ😍😍😍😍😍

  • @KayThi-t8z
    @KayThi-t8z 7 หลายเดือนก่อน +3

    စပြီးနားထောင်တုံးကဆို ဆို့နင့်ပြီး တစ်ဝက်နဲ့ရပ်လိုက်တယ် ကိုယ်စိတ်ကိုသေချာပြင်စဉ်ပြီး ပြန်နားထောင်တယ်မျက်ရည်ကသူပါသူကျလာတော့တာပဲ သီချင်းစာသာ

  • @moemoelwin2205
    @moemoelwin2205 7 หลายเดือนก่อน +19

    ချစ်တဲ့သူမအကြောင်းကို ချစ်ရတဲ့သူကဆိုတော့ ရင်ထဲအရမ်းထိတယ် 🌹

  • @Maw-l7n
    @Maw-l7n 7 หลายเดือนก่อน +23

    အမေစု 🌺🌺🌺ကိုယ်ကျိုးစွန့်ပြည်သူချစ်နစ်နာခံသလို ပြည်သူအများစည်းလုံးညီညွှတ်ခြင်းဖြင့်အာဏာရူးများပျက်သုန်းသည်ထိတော်လှန်ကြမယ်နော် ဖြူဖြူ❤❤❤

  • @myomyintaung3407
    @myomyintaung3407 7 หลายเดือนก่อน +51

    👏👏👏👏👍👍👍👍 ကျေးဇူးပါ အစ်မ သီချင်းက ကောင်းပေမယ့် ဝမ်းနည်းရတယ် ဒေါသဖြစ်ရတယ်

  • @zinmar1817
    @zinmar1817 4 หลายเดือนก่อน

    တစ်နေ့တစ်ကြိမ်အနည်းဆုံးနားထောင်ဖြစ်တယ် ဒေါသထွက်ပြီးမွန်းကြပ်တဲ့နေ့ဆို ပိုနားထောင်ဖြစ်တယ် ခွန်အားဖြစ်စေလို့ မဖြူကိုလဲ ‌ကျေးဇူးတင်ပါတယ်ရှင့် မဖြူကျန်းမာရေးဂရုစိုက်ပါနော်

  • @ayeayemon5049
    @ayeayemon5049 7 หลายเดือนก่อน +37

    မဖြူရယ် ။။။။ဘဝ အတွက် ‌အားပေးတဲ့ တေးသီချင်းတွေ ဆိုပြတာ တကယ်အားရတယ် ။။။။။😢😢😢😢

  • @chawSK2024
    @chawSK2024 7 หลายเดือนก่อน +25

    Happy birthday ပါသူမရေ
    မနက်ဖန်မှစ သူမနဲ့အတူ
    ဘဝသစ်ကို လျှောက်လှမ်းနိုင်ပါရစေ❤

  • @zawzaw-pt9sq
    @zawzaw-pt9sq 7 หลายเดือนก่อน +39

    ချစ်လိုက်တာ ဒေါက်တာ ညီမ ဖြူရယ် 💖💖💖💖💖💖💖💖💖💖

  • @yelwinlwin7160
    @yelwinlwin7160 5 หลายเดือนก่อน +2

    အမြဲနားထောင်ဖြစ်ပါတယ် နားထောင်တိုင်းလည်း ဝမ်းနည်းရပါတယ် တန်ဖိုးမသိတဲ့လူတွေကိုမှ မေတ္တာ စေတနာ အပြည့်နဲ့ အရာရာစွန့်လွှတ်ပေးဆပ်ခဲ့တဲ့ အမေ
    ကျန်းမာနေပါစေ အမေရယ်

  • @KhaingKhaingThin-s3o
    @KhaingKhaingThin-s3o 7 หลายเดือนก่อน +16

    ♥️♥️♥️♥️🌹🌹🌹🌹🌹နားထောင်ရတာအရမ်းအနှစ်သာရ ရှိတာဘဲအားပေးခဲ့ရတာနောင်တမရခဲ့ပါဘူး ကျးဇူးတင်ပါတယ်မဖြူ

  • @EmeraldBo5231
    @EmeraldBo5231 7 หลายเดือนก่อน +14

    ချစ်ခင်လေးစားတန်ဖိုးထားရပါသောသူမ ကျန်းမာပါစေ အမေ❤❤❤

  • @user-vt4oc1mc2wညမွှေးပန်း
    @user-vt4oc1mc2wညမွှေးပန်း 7 หลายเดือนก่อน +11

    ရင်ထဲ ထိရှလွန်းပါတယ် ဖြူဖြူရယ်😔😔😔 နှင်းဆီနီတွေနဲ့ သူမ မေမေ ဘေးကင်းကျန်းမာပါစေ။🙏🙏🙏

  • @THEINTAN-u5n
    @THEINTAN-u5n 4 หลายเดือนก่อน

    ရင်ဘက်ထဲကအားပေးရတဲ့ အိုင်ဒေါနှစ်ယောက်ရက်စက်တယ်ဗျာ ကျုပ်ရင်ဘက်ကြီးကွဲမတတ်ပါဘဲ❤❤❤

  • @mayyu6561
    @mayyu6561 7 หลายเดือนก่อน +24

    သူမ ဂုဏ်ယူရတဲ့ ပြည်သူတွေရှေ့မှောက်အမြန်ဆုံးရောက်လာပီး သူမရဲ့ စကားတွေနားထောင်ခြင်လှပီ။
    သက်ရှည်ကျန်းမာပီး တရားထူး တရားမြတ်တွေရရှိစံစားရပါစေ
    😍😍😍

    • @KoTin-q3y
      @KoTin-q3y 7 หลายเดือนก่อน

      ❤❤❤❤❤

    • @KoTin-q3y
      @KoTin-q3y 7 หลายเดือนก่อน

      ❤❤❤❤❤

  • @thansoe9207
    @thansoe9207 7 หลายเดือนก่อน +37

    အရမ်းကောင်းတယ် မဖြူ
    စာသားတွေအကုန်လုံး အနှစ်တွေကြီးပဲ ❤

  • @K-for-king-9
    @K-for-king-9 7 หลายเดือนก่อน +12

    သူမကိုလွမ်းလိုက်တာ🥹❤
    နေကောင်းကျန်းမာနေပါစေ🙏🏼🙏🏼🙏🏼

  • @MoeMoe-w5p2i
    @MoeMoe-w5p2i 3 หลายเดือนก่อน

    ပြည်သူချစ်တဲ့မင်းသမီးလေး
    ဘေးကင်းကျန်းမာပါစေ
    အမြန်အိမ်ပြန်နိုင်ပါစေလို့စုတောင်းပေးပါတယ်

  • @wintzaw3111
    @wintzaw3111 7 หลายเดือนก่อน +22

    ကျေးဇူးကန်းကြတယ်✅💯
    ဉာဏ်နည်းပြီး ယုတ်ညံ့တယ်✅💯

  • @thinmyat2894
    @thinmyat2894 7 หลายเดือนก่อน +28

    လူငယ်လေးတွေ ကိုယ့်ကိုကိုယ် အားကိုးဖို့ အမြဲ သူ ပြောတယ် ❤❤❤ ချစ်တယ် သူမ နဲ့ မဖြူ

  • @jymo2444
    @jymo2444 7 หลายเดือนก่อน +21

    သစ်ပင်ကြီးကအိုသွားပေမဲ့ ငှက်ပေါင်းများစွာ နားခိုနေဆဲပါပဲ ကျေးဇူးပါအမေ ကျေးဇူးပါမဖြူ