ဖြူဖြူကျော်သိန်း - ဖေဖေ့စကား (Daddy's Words) [Official MV]
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- Song - Phay Phay Sa Kar (Daddy's Words) (ဖေဖေ့စကား (Daddy's Words))
Artist - Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း)
Composer - Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း)
Band - Art of Diva
Music Arrangements - Phyu Phyu Kyaw Thein (ဖြူဖြုကျော်သိန်း), Vivien Bouchet, Art of Diva
Mixing - Vivien Bouchet
Mastering - Simon Capony
Camera - April
Video Editor - Etoile
#PhyuPhyuKyawThein #ဖြူဖြူကျော်သိန်း #ဖေဖေ့စကား #DaddysWords
----------------------------------------------------
👇My Profile Links👇
►Flow Link - open.flow.com....
►Facebook Page - / phyuphyukyawtheinonline
►Instagram - www.instagram....
►Apple Music - / phyu-phyu-kyaw-thein
►Website - www.phyuphyukya...
►TIDAL - tidal.com/brow...
►Napster - us.napster.com...
►Spotify - open.spotify.c...
►Amazon - music.amazon.c...
----------------------------------------------------
ဖေဖေ့စကား ~ Daddy's Words
ရေး+ဆို ~ ဖြူဖြူကျော်သိန်း
Verse 1:
ဖေဖေသွန်သင်တာတွေ ခံယူခဲ့တဲ့ ငါ့ရဲ့အသက်တာမှာ
အမှန်တရားဆိုတာသာ ဘဝရဲ့ဘာသာတရား...
အချိန်တွေကြာလေ ငါလေကြုံနေရတဲ့ လူအားလုံးရဲ့အလယ်မှာ
ရှာမတွေ့နိုင်တာဟာ ရိုးသားတဲ့စိတ်ထား...
Chorus 1:
ဖေဖေပြောခဲ့ဖူးတဲ့ ရိုးသားမှုဆိုတာ ပုံပြင်တစ်ပုဒ်လား?
အနှစ်လေးဆယ်ကြာတောင် ဘဝမှာမကြုံပါလား?
ဖေဖေပြောခဲ့ဖူးတဲ့ ဖြောင့်မတ်မှုဆိုတာ ဒဏ်ရာတစ်ခုလား?
ကိုယ်ပဲနာကျင်အောင် ကိုယ့်မှာချည်နှောင်ထား။
Verse 2:
ဖေဖေယုံကြည်တာတွေ နာခံခဲ့တဲ့ ငါ့ရဲ့နေ့ရက်များ
ကိုယ်ချင်းစာတာသာ လူ့ရဲ့သိက္ခာတရား...
အနေကြာလာလေ လူတွေ အရောင်တွေပြောင်းတဲ့ လောကကြီးအလယ်မှာ
ပျောက်ဆုံးလာတာဟာ အဆုံးထိ တည်ကြည်တာ...
Chorus 1:
Bridge:
ဖေဖေ အမြဲသွန်သင်တယ်
ဘဝမှာကျင်လည်
အမှားရယ် အမှန်ရယ်
သေချာပြန်စဉ်းစား
လူညံ့တွေခေါ်ရာ အမှားဝင်္ကပါကိုရှောင်သွား...
ဖေဖေ သက်သေထူတယ်
ရပ်တည်မယ်ဆို အသက်ပင်သေပါစေ
အို...ဟိုတဆုံးသွား
အမှန်တရားသာနိုင်မှာ ချွင်းချက်မရှိ ယုံထား။
Chorus 2:
ဖေဖေပြောခဲ့ဖူးတဲ့ ရိုးသားမှုဆိုတာ ပုံပြင်တစ်ပုဒ်လား?
အခုထိမတွေ့နိုင်ပါ...တကယ်ရှိတာ သေချာလား?
ဖေဖေပြောခဲ့ဖူးတဲ့ ဖြောင့်မတ်မှုဆိုတာ ဒဏ်ရာတစ်ခုလား?
ကိုယ်ပဲနာကျင်အောင် ကိုယ့်မှာချည်နှောင်ထား။
Ending:
ဖေဖေသွန်သင်တာတွေ ယုံကြည်ခဲ့တဲ့ ငါ့ရဲ့အသက်တာမှာ
အမှန်တရားဆိုတာသာ ဘဝရဲ့ဘာသာတရား...။