သွေးတိုးကျစေမည့်နည်းလမ်းများ - High Blood Pressure
ฝัง
- เผยแพร่เมื่อ 7 ก.พ. 2025
- သွေးတိုးဆိုတာဘာလဲ
လူတိုင်းမှာ သွေးပေါင်ချိန်ရှိပါတယ်။ သွေးပေါင်ချိန်မြင့်မားလာသောအခါမှ ပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ချိန်ဆိုတာ သွေးကြောနံရံများပေါ်ရှိ သွေးများ ဖြတ်သွားသောအခါ ဖိအားကိုဆိုလိုတာဖြစ်ပါသည်။အဲ့ဒီဖိအားက ပုံမှန်ဖိအားထက် ပိုနေသောအခါတွင် သွေးတိုးခြင်း ဖြစ်ပေါ်လာပါသည်။ သွေးတိုးရောဂါသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးနီးပါးကို သက်ရောက်မှုရှိနိုင်လို့ ကြီးကြီးမားမား ရောဂါများနှင့် အခြေအနေများစွာကို ဖြစ်ပေါ်စေနိုင်သောကြောင့် အန္တရာယ်ရှိသော အခြေအနေတစ်ခုလည်းဖြစ်ပါသည်။
ပုံမှန်သွေးပေါင်ချိန်နှင့် သွေးတိုး
ပုံမှန်သွေးပေါင်ချိန်က 120/80 ဖြစ်ပါတယ်။ ထိပ်နံပါတ် (systolic pressure) အပေါ်သွေးဖိအား သင့်နှလုံးခုန်သောအခါတွင် သင့်သွေးကြောအတွင်းရှိ ဖိအားကို တိုင်းတာသည်။
အောက်ခြေနံပါတ် (diastolic pressure) - အောက်သွေးဖိအားသည် သင့်သွေးလွှတ်ကြောများကြားရှိ ဖိအားများကို တိုင်းတာသည်။
systolic pressure အပေါ်သွေးဟုခေါ်ပြီး အောက်သွေး diastolic pressure ဟုခေါ်သည်။
diastolic သည် 80 တွင်ရှိနေကာ systolic သည် 120 ထက်သာလွန်နေလျှင် သွေးတိုးရောဂါဟု သတ်မှတ်ရမည်ဖြစ်ပါသည်။ သွေးတိုးရောဂါသည် သွေးကြောများ၊ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် မျက်လုံးများကို ပျက်စီးစေပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။ သွေးတိုးရောဂါသည် အဆင့်အမျိုးမျိုးရှိပြီး မြင့်မားသောအဆင့်သို့ တိုးလာသည်နှင့်အမျှ တခြားကျန်းမာရေးအန္တရာယ်များ တိုးလာနိုင်ပါသည်။
သွေးတိုးရောဂါဖြစ်စေသော အကြောင်းရင်းများမှာ
ဆားစားသုံးမှုမြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်း၊
အဆီများသောအစားအစာများစားသုံးခြင်း ၊အဝလွန်ခြင်း၊လေ့ကျင့်ခန်းမလုပ်ခြင်း၊အိပ်ချိန်မမှန်ခြင်း ၊စိတ်ဖိစီးခြင်း၊အသက်ကြီးခြင်း၊ အီစထရိုဂျင် ပါဝင်သော ပဋိသန္ဓေတားဆေးများ၊ မိသားစုရာဇဝင် ရှိခြင်း၊ကျောက်ကပ် နှင့်သိုင်းရွိုက်ဂလင်းကျန်းမာရေး ပြသာနာရှိခြင်း၊ဆီးချိုရောဂါ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့်ဂ္ဂနီဆီယမ် လုံလောက်စွာ မစားသုံးခြင်း၊ အထိုင်များသော လူနေမှုပုံစံနှင့်အရက်စွဲခြင်းကိုယ်ဝန်နှင့် အချို့သော ဆေးဝါးများကြောင့် ဖြစ်ပါတယ်။
#သွေးတိုးရောဂါ #သွေးတိုး #highbloodpressure #ဆားစားသုံးမှုမြင့်မားခြင်း #ဆေးလိပ်သောက်ခြင်း
#အဆီများသောအစားအစာများစားသုံးခြင်း #အဝလွန်ခြင်း #လေ့ကျင့်ခန်းမလုပ်ခြင်း #အိပ်ချိန်မမှန်ခြင်း #စိတ်ဖိစီးခြင်း #အသက်ကြီးခြင်း #အီစထရိုဂျင် #ပဋိသန္ဓေတားဆေးများ #မိသားစုရာဇဝင်ရှိခြင်း #ကျောက်ကပ် #သိုင်းရွိုက်ဂလင်းကျန်းမာရေး #ဆီးချိုရောဂါ #ပိုတက်စီယမ် #ကယ်လ်စီယမ် #ဂ္ဂနီဆီယမ် #အဖြစ်များသောရောဂါများ #ရောဂါ #သွေးဖိအား #အပေါ်သွေး #အောက်သွေး #ကြက်သွန်ဖြူ #garlic #အနားယူခြင်း #သွေးဖိအားများခြင်း #everyday #food #health #healthknowledge #lifestyle #ကျန်းမာရေး #vitamins #exercise #သွေးတိုးကျစေမည့်နည်းလမ်းများ