ဒီဇင်ဘာလ ၆ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 4 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၆ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၁၁၉: ၁၄၅--၁၅၂
    အိုထာဝရဘုရား..ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကိုနားထောင်တော်မူပါ..စီရင်တော်မူချက်နှင့်အညီ
    အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ (ဆာလံ ၁၁၉း ၁၄၉)
    ######## အင်္ဂလိပ်လိုဆိုရင် ဒီ ကျမ်းပိုဒ်မှာ ပြောထားတာ က သခင်ဘုရား..ကိုယ်တော်ရဲ့ မေတ္တာရှိသည်အတိုင်း အကျွန်ုပ် ဆုတောင်းသံကို နားညောင်းတော်မူပါ... ကိုယ်တော့်ရဲ့ ပညတ်တရားများနဲ့အညီ ကျွန်ုပ်အသက်တာကို
    အသစ်ဖြစ်စေပါလို့ အဓိပ္ပါယ်ရပါတယ်... ဒါပေမဲ့ ကျွန်တော် က တော့ မြန်မာလိုပြောထားတာကြိုက်တယ်
    ကိုယ်တော်က ကျွန်တော့် ကို သူ့ ကရုဏာရှိတဲ့အတိုင်း ကျွန်တော့် ဆုတောင်းသံကို နားညောင်းတယ်..ဒီစကားရဲ့ အဓိပ္ပါယ်ကသာ၍ နက်နဲပါတယ်..ကျွန်တော်အားနည်းလည်း ဘုရားသခင် ကျွန်တော့်ကိုနားထောင်တယ်..ဘုရားသခင် က ဆုတောင်းခြင်းကို နားထောင်တဲ့အခါ ကျွန်တော့်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ထည့်မတွက်ဘူး သူက စီရင်ပိုင်သူဖြစ်တယ်... ကျွန်တော့်ဘ၀ကို သူစီရင်ပြီး အသက်ရှင်စေမှာဖြစ်တယ် ..ကုန်ကုန် ပြောရရင် ကျွန်တော် ဆုမတောင်းလည်း ဘုရားသခင် က ကျွန်တော့်အပေါ်မှာ မတရားမလုပ်ဘူး 💥💥💥💥💥💥💥
    ###### ဘုရားသခင် က ကျွန်တော်တို့ကို မေတ္တာ ကရုဏာ အပြည့်နဲ့ ချစ်တယ် ..သနားတယ်... ကျွန်တော်တို့ ယုံကြည်သူတွေတင်မကပါဘူး...လောကီသားအားလုံးကို သူ စွန့်လွှတ်ချစ်တာဖြစ်တယ် ....ခမည်းတော်ဘုရားက သားတော်ကိုစွန့်တယ်..သားတော်က အသက်ကို စွန့်တယ်..သန့်ရှင်းသောဝိညာဉ်တော်ကညစ်ညူးတဲ့ ကျွန်တော်တို့လုံးသားထဲမှာနေပြီး ကျွန်တော်တို့ကို သန့်ရှင်းအောင် လုပ်ပေးနေတယ်...ဒါတွေဟာ လောကလူသားတွေကို မပျက်စီးစေချင်လို့..ချစ်လို့..ကယ်တင်တာဖြစ်ပေမဲ့ လောကီသားတွေက ဘုရားသခင် ကို ဂရုမစိုက်ကြဘူး...ဘုရားသားတွေကလည်း နှလုံးသားပါလျက် ဆုမတောင်းကြဘူး...😪😪😪😪😪
    ###### John Ruskin ဆိုတဲ့ပုဂ္ဂိုလ်က (ဘယ်ကိစ္စမှာမဆို ဘုရားသခင် ကို ဂရုမစိုက်ထည့်မတွက်ဘူး..ကျွန်တော်တို့ရဲ့ အကြံအစည် ထဲမှာ ဘုရားသခင်ကို ဘေးချိတ်ထားတယ်ဆိုရင် ဒါ ဘုရားသားတွေ က ဘုရားသခင်ကို မရိုသေတာ မလေးမစားလုပ်တာ ဘုရားသခင်အပေါ် မတရားမှုပြုတာ စော်ကားတာဘဲ) လို့ ပြောပါတယ်...အသေးအဖွဲကိစ္စမှ အစ ဘုရားသခင်ရဲ့ လမ်းပြမှု ကို တောင်းခံသင့်တယ်လို့ တချို့ ပြောကြသလို တချို့ကြတော့လည်း ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ ဘုရားသခင်ကို အလုပ်မရှုပ်ပါစေနဲ့လို့လည်း ပြောတတ်ကြပါတယ် ... အမှန်ကတော့ ကိစ္စရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသားများအနေနဲ့ ဘုရားသခင်နဲ့ အဆက်အသွယ်မပြတ်သင့်ပါဘူး.... အမြဲတမ်း အချိန်မရွေး ဘုရားသခင်နဲ့ ဆက်သွယ်နေရမယ်.. ဆာလံဆရာကတော့ သူ့စိတ်ထဲမှာ မကျေနပ်ရင်လည်း ဘုရားကို ပြောတယ်... ချီးမွန်းစရာ ကျေးဇူးတင်စရာရှိလည်း ဘုရားကို ချီးမြှောက်တယ်... ဒါဟာ ကျွန်တော်တို့လိုက်လျှောက်စရာပုံသက်သေပါဘဲ❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... ဘုရားသခင် ကို သင် အပြစ်တင်ဘူးပါသလား?
    🙏🙏🙏🙏🙏 ဆုတောင်းရန်...အဖဘုရား.. နှလုံးသားနဲ့ ကိုယ်တော်ကို အမြဲဆက်သွယ်နေနိုင်ဘို့ ခွန်အားပေးပါ အဖ
  • เพลง

ความคิดเห็น • 1