ဘုရားလည်းဖူး အပန်းလည်းဖြေလို့ရတဲ့ မှော်ဘီဂျပန်ဘုရား

แชร์
ฝัง
  • เผยแพร่เมื่อ 24 ส.ค. 2024
  • အခုတလော ဝေးဝေးလံလံ ခရီးတွေမထွက်နိုင်သေးတဲ့အတွက် ရန်ကုန်မြို့နဲ့ အနီးအနား ဝန်းကျင်တွေက အပန်းဖြေရင်း သွားလာလို့ကောင်းမယ့် နေရာလေးတွေကို ရွေးချယ်ပြီး သွားဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါ သွားဖြစ်ခဲ့တဲ့နေရာလေးကတော့ မှော်ဘီမြို့နယ် ထဲက ဂျပန်ဘုရားလို့ လူသိများကြတဲ့ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ ကို သွားဖြစ်ခဲ့ပါတယ်။ ကျောင်းဝန်းထဲကို ဝင်လိုက်တာနဲ့ စျေးဆိုင်တွေနဲ့ စည်ကားနေပြီး၊ ကျယ်ဝန်းတဲ့ ကားပါကင်တွေလည်း ရှိတဲ့အတွက် ကားရပ်စရာနေရာလည်း ပူစရာမလိုပါဘူး။ ကျောင်းတိုက်ဝန်းထဲမှာ ပုဂံက စေတီပုထိုးပုံစံတူလေးတွေကို တည်ထားတာမို့ မြင်လိုက်ရ တဲ့မြင်ကွင်းက ကိုယ့်ကိုကိုယ် ပုဂံကို ရောက်နေသလားလို့တောင် အထင်မှားစရာ ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ ဝေးဝေးလံလံ ခရီးတွေမသွားနိုင်သေးတဲ့သူတွေအဖို့ ဘုရားလည်းဖူးရင်း အပန်းဖြေလို့လည်းရနိုင်တဲ့ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ (ဂျပန်ဘုရား)ကို လာရောက် ဘုရားဖူး လည်ပတ်နိုင်ပါကြောင်း ဒီ vlog လေးနဲ့ တင်ပြလိုက်ရပါတယ်ခင်ဗျာ။

ความคิดเห็น • 5

  • @aungmyintgsoe8097
    @aungmyintgsoe8097 2 หลายเดือนก่อน +2

    လုပ်စား ရိုက်စား

  • @user-jq5cq3dp5f
    @user-jq5cq3dp5f 2 หลายเดือนก่อน

    🎉

  • @UShweOhe
    @UShweOhe หลายเดือนก่อน

    ဘုရားဖူးခ ကတော့ ဈေးတော်တော် ကြီး တယ်နော်

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  หลายเดือนก่อน

      @@UShweOhe ဟုတ်ကဲ့ တော်တော်များများတော့ အဲလိုပြောကြတယ်ခဗျ။ ဒါပေမယ့် ကျတော်တို့က ရှေးဟောင်းဆင်းတုတော်တွေထားတဲ့ ကျောင်းတိုက်ထဲ မဝင်ခဲ့ကြတော့ အဲလိုတော့ မကြုံခဲ့ကြပါဘူး။