သာယာလှပတဲ့ ရှုခင်းအလှတွေနဲ့ ပုဂံက သိကြားတောင် တောင်တက်ခရီးစဉ်

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီ vlog လေးကတော့ ပုဂံဒေသက ရှေးဟောင်းဘုရား ပုထိုး တွေအကြောင်း ရိုက်ကူးတင်ပြတဲ့ vlog မဟုတ်ပဲ ပုဂံကိုခရီးသွားတဲ့အခါ မတူညီတဲ့ အရသာတစ်မျိုး၊ အမြင်တစ်မျိုး ကွဲပြားနေစေဖို့အတွက် ပုဂံဒေသအတွင်းမှာပဲ တည်ရှိနေတဲ့ တောင်တန်းကြီးတစ်ခုပေါ်ကို တက်ရောက်ခဲ့တဲ့ hiking vlog လေးပဲဖြစ်ပါတယ်ခင်ဗျာ။ ပုဂံကို သွားကြတဲ့အခါ ညောင်ဦးမြို့အဝင်နားက ထန်းရည်ဆိုင်လေးတွေမှာ ပျော်ပျော်ပါးပါး ဝင်ရောက်နားနေပြီး ထန်းရည်သောက်ဖူးကြလိမ့်မယ်ထင်ပါတယ်။ ထန်းပင်ကိုအသုံးပြု တည်ဆောက်ထားတဲ့ လင့်စင်ကြီးတွေပေါ်တက်၊ အနောက်ဘက်က တောင်တန်းကြီးတွေကို ငေးမောလို့ ပုဂံရဲ့ ထန်းတောတွေကြား ထန်းရည်သောက် စကားတွေဖောင်ဖွဲ့ကြရင်း ပုဂံရဲ့အမှတ်တရနေ့တွေကို ကုန်ဆုံးဖူးလိမ့်မယ် ထင်ပါတယ်။ အခု ဒီ vlog လေးမှာ ထန်းတောကြီးတွေနောက်က တောင်တန်းကြီးတွေပေါ် hiking လုပ်ခဲ့စဉ်က တောင်တက်လမ်းတလျှောက် ကြည်နူးပျော်ရွှင်စရာ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ ရှုခင်းအလှတွေနဲ့ ထန်းတောကြီးတွေကို တောင်ပေါ်ကနေ ကြည့်ရှုရတဲ့မြင်ကွင်းအလှတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီ vlog လေးဖြစ်မြောက်ရေး အတွက် ပုဂံက Bagan Chit Nyein Oo က ကူညီ ပူးပေါင်းတင်ဆက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

ความคิดเห็น • 21

  • @khaingkhaingwah96-ex7yg
    @khaingkhaingwah96-ex7yg 3 หลายเดือนก่อน +1

    လှလိုက်တဲ့ နေရာလေးတွေ ရောက်ဖူးချင်လိုက်တာ ရိုက်ကူးတင်ဆက်ပြတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်

  • @UkanHtoo-k8q
    @UkanHtoo-k8q 3 หลายเดือนก่อน +1

    ကျေးဇူးပါ

  • @USoe-g7x
    @USoe-g7x 4 วันที่ผ่านมา

    အရမ်းလှလွန်းပါတယ်အခြာကမ္ဘားမျာ
    ရောက်သွားထင်ရတယ်ဗျာ

  • @burmesevlogger
    @burmesevlogger 3 หลายเดือนก่อน

    ပုဂံကိုရောက်တိုင်း ကားပေါ်ကနေ ငေးကြည့်မိတဲ့ တောင်ကြီးတွေ။ မိုက်တယ်

  • @ShweYeye-my3ji
    @ShweYeye-my3ji 3 หลายเดือนก่อน

    ပဲခူးရိုးမခရီးစဥ်ကိုတော်တော်သဘောကျ အားကျမိတယ်
    ခေတ်မကောင်းလို့သာ

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  3 หลายเดือนก่อน +1

      ဟုတ်တယ် ပဲခူးရိုးမခရီးကတော့ ကျွန်တော့်အကြိုက်ဆုံး ခရီးစဉ်ပဲ။ အခုတော့ အဲဒီနေရာတွေ သွားလို့မရတော့ပါဘူး။

    • @ShweYeye-my3ji
      @ShweYeye-my3ji 3 หลายเดือนก่อน +1

      ပဲခူးရိုးမပေါ်ကရွာ​လေးတွေကမြင်ရခဲတဲ့အကြောင်းအရာလေးတွေ မြင်ရကြားရတာ bro ကိုတော်တော်ကျေးဇူးတင်မိတယ်
      တရားဥပဒေစိုးမိုးပြီး ခေတ်ကောင်းချိန်ရောက်ရင်တော့ နောက်တခေါက်လောက်သွားပေးပါဦးရှင့်

  • @kokan237
    @kokan237 6 วันที่ผ่านมา

    တောင်ပေါ်မှာမပြေးပါနဲ့😮စားတဲ့နေရာကြိုက်တယ်😊

  • @DawKyi-ch6rx
    @DawKyi-ch6rx 3 หลายเดือนก่อน

    မရောက်ဖူးသောနေရာတွေကိုခေါ်ဆောင်ပေးလို့ကျေးဇူးပါ
    BRO သရုပ်ဆောင်လုပ်ပါလား
    There is nothing impossible.

  • @kochit2171
    @kochit2171 3 หลายเดือนก่อน

    တောင်ကလှတယ် ဒီထက်ပိုလှအောင်သစ်ပင် နည်းတော့ မစိုပြေဘူး နောင်ဆိုတောင်တက်ရင် ဘောစကိုင်းအစွေတမာစေ့
    အထုပ်ကလေးတွေယူသွားကြပါ တောင်ပေါ်ရောက် တနေရာ
    ပစ်ကြဲချခဲ့လိုက် တစ်ပင်ပေါက်ပေါက် ပေါက်သလောက်ပေါ့ အကြံပြုတာပါ

  • @myominpaing4926
    @myominpaing4926 3 หลายเดือนก่อน +1

    ဘဒို video ရဲ့တစ်နေရာမှာ ပြန်တောင်မပြန်ချင်ဘူးလို့ ပြောလိုက်တာ ကြားတယ်။အဲ့လို မပြောကောင်းဘူးထင်တယ်

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  3 หลายเดือนก่อน +2

      အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် brother ရေ။ ရှုခင်းကအရမ်းလှတော့ ဘာရယ်မဟုတ်ဘူး ပြောလိုက်မိတာပါ။ နောက်ဆို ဆင်ခြင်ရမယ်။

    • @masoemarkhaing8373
      @masoemarkhaing8373 23 วันที่ผ่านมา

      ကျမတို့ဒေသကနယ်မကျမ်းဘူးရှင့်

  • @UkanHtoo-k8q
    @UkanHtoo-k8q 3 หลายเดือนก่อน

    ကျေးဇူးပါ

  • @masoemarkhaing8373
    @masoemarkhaing8373 23 วันที่ผ่านมา

    ကျမတို့ဒေသရဲ့ရူခင်းကိုရှာတတ်တာကျေးဇူးတင်တယ်သကြားတောင်ဘုရားကိုကျမတို့ကတော့ဆူးပုတ်ရွက်ကူးလေ့ရှိတယ်

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  22 วันที่ผ่านมา

      ဟုတ်ကဲ့ပါ အခုလိုကြည့်ရှုအားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခဗျာ

  • @PaTit-h7q
    @PaTit-h7q 2 หลายเดือนก่อน

    ကျေးဇူးပါ

  • @dawmyint3257
    @dawmyint3257 3 หลายเดือนก่อน +1

    ဘာတစ်ခုမှမသယ်ဆောင်ဘူး

  • @stabagan2978
    @stabagan2978 3 หลายเดือนก่อน

    အမှတ်တရတွေ

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  3 หลายเดือนก่อน

      ဆွာချစ် လက်ရာတွေနော်😍😍

    • @stabagan2978
      @stabagan2978 3 หลายเดือนก่อน

      ဂမ်ဗယ်တောင်မသုံးလိုက်ရဘူး​@@myanmaradventuretraveler2752