အရသာရှိတဲ့ တို့ဟူး (၄) မျိုး

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ค. 2018
  • ဆိုင်တွေမှာ သွားစားစရာ မလိုပဲ အိမ်မှာနေရင်း အရသာရှိတဲ့ စားစရာလေး လုပ်စားချင်တယ်ဆိုတဲ့ သူတွေအတွက် ဒီတစ်ပါတ် Yummy ကနေ တို့ဟူးနဲ့ ပြုလုပ်နိုင်မယ့် အရသာရှိတဲ့ တို့ဟူး (၄) မျိုး
    တို့ဟူးနွေး
    ကိုယ်တိုင်ကျိုထားတဲ့ တို့ဟူးလေးပေါ်မှာ ခရမ်းချဉ်သီးလေးနဲ့ ချက်ထားတဲ့ကြက်သားသေးသေးလေးတွေရယ် အပေါ်ကနေ ကြက်သွန်မိတ်လေးနဲ့ မြေပဲထောင်းလေးရယ် ဖြူးထားတာဆိုတော့ အပြင်ဆိုင်တွေမှာသွားစားစရာမလိုပဲ အိမ်မှာပဲလွယ်ကူပြီး အရသာရှိတဲ့ တို့ဟူးနွေးကိုလုပ်စားနိုင်ပြီပေါ့... ဝက်ခေါက်၊ ရှမ်းချဉ် တို့ဖြင့် ပါတွဲစားလိုက်ရင်တော့ လုံး၀ Special ပါပဲနော်..
    တို့ဟူးသုပ်
    တို့ဟူးလေးကို မထူမပါးလေးတွေလှီးပြီး ချှုဉ်ငံစပ်သုပ်ထားတာလေးကိုမှ အပေါ်ကနေ ကြက်သွန်ကြော်ကြွပ်ကြွပ်လေးနဲ့ ရှောက်ရွက်လေးကိုဖြူးထားလို့ အနံ့လေးလဲမွှေး ၊ အရသာလည်းရှိတဲ့ တို့ဟူးသုပ်ကောင်းကောင်းလေးကို စားရမှာပါနော်...ဟင်းခါးပူပူလေးပါတွဲလိုက်ရင်တော့ အခုလို မိုးအေးအေးလေးနဲ့ လုံးဝကွက်တိပေ့ါ..
    တို့ဟူးကြော်နဲ့ အချဉ်
    တို့ဟူးကြော်စားရင်တော့ အချဉ်ကလုံးဝအသက်ပါပဲနော်...ဒါကြောင့် မန်ကျည်းသီး၊ ငရုပ်သီးစိမ်း ၊ ကြက်သွန်ဖြူလေးရယ်နဲ့ အချဉ်လေးကို Special လုပ်ပြပေးထားတာမို့ လုံးဝအရသာတွေ့စေမှာပါနော်...
    တို့ဟူးချဉ်စပ်
    ကြော်ပြီးသား တို့ဟူးလေးကိုမှ ချဉ်ငံစပ် အရသာစုံနဲ့ ချက်ထားတဲ့ ခရမ်းချဉ်သီးနှစ်လေးရယ် ရောမွှေထားလို့ ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့သူတွေအတွက်လုံးဝခံတွင်းတွေ့စေမှာပါ...ထမင်းပူပူလေးရယ် တို့ဟူးချဉ်စပ်လေးရယ်နဲ့ လုံး၀ ရှယ်ပါပဲနော်..
    (၄) မျိုးလုံးက ပြုလုပ်ရလည်း လွယ်ကူတဲ့အပြင် ကိုယ်တိုင် တို့ဟူးကို လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့အတွက်ကြောင့် ဆိုင်တွေထက်အရသာပိုရှိပြီး စားလို့ကောင်းစေမှာမို့ အိမ်မှာ လုပ်စားကြည့်လိုက်ကြပါဦး
    ဒီ Video ထဲမှာ လုပ်ပုံလုပ်နည်း ကြည့်ပြီးသွားရင် Receipe အပြည့်အစုံကို အသေးစိတ် သိရှိလိုပါက we.com.mm/detail/5130 မှာ သွားရောက် လေ့လာနိုင်ပါတယ်။

ความคิดเห็น • 8

  • @ceciliachu9054
    @ceciliachu9054 4 ปีที่แล้ว

    Thanks! Really helpful for someone like me who likes Burmese food but can't understand Burmese!

  • @chichoo7828
    @chichoo7828 5 ปีที่แล้ว +1

    Thank you ပါ
    တို့ ဖူး​ပျော့လုပ်​စားကြည့်​အုံးမယ်​😊

  • @maythein2175
    @maythein2175 5 ปีที่แล้ว +2

    ကောင်းမှကောင်း။

  • @MsSmiley27
    @MsSmiley27 5 ปีที่แล้ว

    Thank you!

  • @williamnaylin1169
    @williamnaylin1169 5 ปีที่แล้ว +1

    တို့ဟူးကြိုနည်းနဲ့အခိုးအစားလေးတင်ပေးစေချင်ပါတယ်

  • @lawniang8117
    @lawniang8117 4 ปีที่แล้ว

    တစ်ထုပ်ကို လူဘယ်နှယောက်စားလို့ရလဲရှင့်

  • @moe1781
    @moe1781 5 ปีที่แล้ว +1

    There is misspelled. No “Power” .It’s “Powder”. Be careful English Spelling although it’s a good cooking movie.

  • @MTMF.london
    @MTMF.london 4 ปีที่แล้ว

    You need to stop adding sugar in everything. Burmese cuisine never uses sugar unless it is for dessert/pudding courses. It is a horrible influence from Thailand.