တို့ဟူးနွေး
ฝัง
- เผยแพร่เมื่อ 29 ก.ย. 2024
- တို့ဟူးနွေး
အခုတခေါက်ကတော့ အလွယ်တကူဝယ်လို့ရတဲ့ မွှေး တို့ဟူးနွေးမှုန့်ကို သုံးပြီးတော့ တို့ဟူးနွေးပြုလုပ်နည်းဖြစ်ပါတယ်။ တို့ဟူးနွေးအတွက်လိုအပ်တဲ့ ငရုတ်သီးဆီမွှေးတို့ ကြက်သားချက်နည်းတို့ကိုပါပြည့်ပြည့်စုံစုံလေးလုပ်ပြထားပါတယ်။ ဒီVideo လေးကိုကြည့်ပြီး တို့ဟူးနွေးကောင်းကောင်းလေးလုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ (တို့ဟူးနွေးပဲရည်လုပ်ရန်အတွက်)(၇ ပွဲစာ)
၁။ မွှေး တို့ဟူးနွေးမှုန့် - ၁ ထုပ် (သို့) ၁၅၀ ဂရမ်
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ရေ
၅။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း
၆။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ငရုတ်သီးဆီမွှေးအတွက်
ပါဝင်သောပစ္စည်းများ
၁။ ဆီ - ၃ ခွက်
၂။ ရှောက်ကောအလုံး (တရုတ်ဖာလာစေ့အမည်းရောင်) - ၃ လုံး
၃။ နာနတ်ပွင့် (ပါကော) - ၅ ခု
၄။ စီချွမ်းငရုတ်ကောင်းစေ့ (ဟွာခြောက်အစေ့) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (အစေ့မရှိလို့ အမှုန့်ထည့်မည်ဆိုလျှင် ဆားဖြူးသလိုမျိုးနည်းနည်းပဲထည့်ရမှာပါ။)
၅။ တရုတ်မဆလာ (five spice) - လက်ဖက်ရည်ဇွန်း တ ဇွန်း
၆။ ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၇။ အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ငရုတ်သီးခြောက် - ၅ ခု
တို့ဟူးနွေးအတွက် ကြက်သားချက်
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား အသားချည်း ၂၅ ကျပ်သား
၂။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း
၃။ ကြက်သွန်ဖြူ - ၃ မွှာ
၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း တဝက်
၆။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
ကျေးဇူးပါဗျား။
တီးလုံးမပါရင်ကောင်းမယ်နားအရမ်းည ည်းတယ်
အဲ့လိုလေး အကြံပေးလို့ ကျေးဇူးပါ
တရုပ်မဆလာတံဆိပ်လေးပြပေးပါလား
6ယောက်စာချက်ရင် မွှေးတို့ဟူးနွေး ဘယ်နှထုတ်ထည့်ရမလဲရှင့်
ရိုးရိုးပဲမှုံ့အစိမ်းနဲ့လုပ်လို့မရဘူးလားသမီး
အရမ်းခဲသွားတယ် မြည်ကြည့်တာ အရသာက ပဲမူန့် အရသာက စူစူကြီး
မွှေး ပဲအစိမ်းမှုန့်နဲ့ကောရလားဗျ
ရတယ်လေအမပြောင်းဖူးမှုန့်နဲ့ရော
ဆီများတယ်ကွ
Fry pan တံဆိပ်လေးသိချင်လို့ပါ
Calphalon ထင်တယ်
စားချင်ထှာ
ကလပဲနဲ့လုပ်နည်းလေးနဲ့ပြောပြပါလားရှင့်
THANKS!!!!
ဟွာကျောင်းနဲ့ ရှောက်ကောက ဘယ်လိုဝယ်ရလဲရှင့်