Cream of Tar Tar ပါနေပါတယ် SP ထည့်ဖို့မလိုပါဘူး ကိတ်မပွတာက ရိုက်နည်းမမှန်တာ အပွဖမ်းတာမှားတာ မုန့်လုပ်တဲ့အချိန်မှာ တခြားအမှားတွေရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်
Cream of Tar Tar ဆိုတာ ကြက်ဥအကာကို Meringue ရိုက်တဲ့အခါမှာ ပွအောင်နဲ့ လွယ်လွယ်ပြန်မပျော်အောင်လုပ်ပေးတဲ့ပါ၀င်ပစ္စည်းဖြစ်ပါတယ် အောက်က page မှာ ၀ယ်ယူလို့ရပါတယ်ခင်ဗျာ facebook.com/340720016585876
ကြက်ဥအကာရိုက်နည်းလေးအသေးစိတ်လေးအဆင်ပြေရင်ပြောပြပေးပါလားရှင့်။ကျေးဇူးပါ
ကြက်ဥအကာရိုက်ပြတဲ့အချိန်မှာ speed တင်တဲ့အချိန်ပဲအမြန်ပြလိုက်တာပါ... ကျန်တာတွေက ပြပေးထားပါတယ်...
သကြားပျော်အောင် speed အနည်းနဲ့ခဏမွှေပြီးရင် speed တင်ရိုက်ရုံပါပဲ အရေးကြီးတာ ကြက်ဥအပွအနေအထားကို ကြည့်ဖို့ပါ
Video ထဲမှာ စမ်းပြသလို ကြွက်မြှီးတန်းအနေအထား (firm peak) ဖြစ်ရင်ရပါပြီ မွှေချိန်လည်းမကြာပါဘူး
ကြက်ဥအနည်းအများပေါ်မူတည်ပြီး မိနစ်ပိုင်းပဲကြာပါတယ်
pls upload portugese egg tart recipe...... thank you and hope your channel gain more success.
Thank you for advice. I will also take note of the advice. Later, when uploading videos, I will try to prioritize the requested procedures.
@@BestSharewithLove thank you bro.
milk flavour အစား vanilla အသားထိုးသုံးလို့ရလားဆရာ
Vanilla flavor ထည့်လို့ရပါတယ်ခင်ဗျာ
Thanks 😊
You're welcome 😊💙
ကျေးဇူးပါဆရာ
Birthday cake မှာသုံးဖို့ Chocolate cake သားလုပ်နည်းလေးပါ တင်ပေးပါရှင့်။
Chiffon cake ရိုက်နည်းမှာ အနှစ်မွှေတဲ့အခါ cocoa powder ရောထည့်လိုက်ရင် chocolate အရသာရပါတယ်ခင်ဗျာ
@@BestSharewithLove ဘယ်လောက် gram လောက်ထည့်ရမလဲရှင့်
ကိုယ်လိုချင်တဲ့အနေအထားနဲ့ သုံးတဲ့ ကုန်ကြမ်း quality ပေါ်ကြည့်ပြီး 5/10/15gm အဆင်ပြေသလိုကြည့်ထည့်ပါခင်ဗျာ
12ltကကိတ်လုပ်ရင်လဲဆိုင်ကအရသာနဲ့လဲမတူဘူးပွတော့ပွတယ်ဆရာထွေးထွေးကြီးနဲ့ပြစ်ပြစ်ကြီးအရသာက
12lt က ဘာကို ပြောတာလဲဗျ
Mixer Size ကို ပြောချင်တာလားဗျ
ကိတ်မပွတာ Mixer ကြောင့်တော့မဟုတ်ပါဘူးခင်ဗျာ
ရိုက်တဲ့အခါအပွဖမ်းမမှန်တာကြောင့်ဖြစ်ပါလိမ့်မယ်ခင်ဗျာ
@@BestSharewithLove ovenပါဆရာ
@@kyaisinhtet2156 Oven size အရမ်းသေးရင်တော့ အမြင့်ကိတ်တွေဟုတ်ရင်အဆင်မပြေတာမျိုးရှိနိုင်ပါတယ်ခင်ဗျာ
ကိတ်ပွဖို့အတွက်က အပေါ်က အပူကွိုင်တွေကြောင့်အဆင်မပြေတာမျိုးရှိနိုင်ပါတယ်ခင်ဗျာ။
mold ခွက်အကြီးအေသးအလိုက်cake batter ကိုဘယ်လိုတွက်ချက်ရမလဲဆရာ
ကိတ်ဖုတ်တဲ့အခါ များသောအားဖြင့် ထည့်လိုက်တဲ့ ကိတ်အနှစ်ရဲ့ရှိနေတဲ့အမြင့်ထက် လက်တစ်လုံးစာနဲ့ အထက်ကိုမြင့်တက်ပါတယ်
အဲ့ဒါအနေအထားကို ချိန်ပြီးထည့်ရင်ရပါတယ်ခင်ဗျာ
ဆရာ ဆီထိုင်ပီးအောက်သားကျစ်တာအတွက်အကြံပေးပါဦး ဘယ်လိုလုပ်ရမလဲ
ကိတ်ရိုက်တာ အပွမမှန်တာနဲ့ ၂ ခုရောတဲ့အချိန် သေချာမနှံ့တာမျိုးဖြစ်မဖြစ်စစ်ကြည့်ပါ
Chiffon cake က ဆီထိုင်တာမျိုးမဖြစ်ပါဘူး
အပွရိုက်တာမမှန်တာ မွှေတဲ့အချိန်ကြာပြီး အနှစ်နှစ်တွေ အရည်ပြန်ပျော်သွားရင်လည်း ကျစ်ပါတယ်
Thanks you🎉🎉❤
You're welcome 💙
ဆရာရေ မုန့်နှစ်ကရပီရှင့် ဖုတ်မယ့်အချိန်မီးပျက်သွားလို့ အနှစ်တွေကိုဘယ်လိုလုပ်ထားရမလဲရှင့်
မုန့်လုပ်ရင်တော့ အဲ့လိုမီးပျက်သွားလို့မရပါဘူး
ရိုက်ပြီး တစ်ခါတည်း တန်းဖုတ်မှရပါတယ်
မဖြစ်မနေသိမ်းထားရမယ်ဆို ရေခဲသေတ္တာထဲထည့်ထားမှရပါတယ်
မီးလာတဲ့အချိန်တော့ ရသလောက်ဖုတ်ကြည့်ပါ
Quality ကတော့ ပုံမှန်လိုတော့ရမှာမဟုတ်ပါဘူး
ဆရာ tar tar အစား သံပုရာရည်ထည့်ရင်ရောအဆင်ပြေလားဆရာ တချို့ထည့်တာတွေ့လို့
Tar Tar နဲ့ ပတ်သက်ပြီး ရှင်းပြပေးထားတဲ့ Video ရှိပါတယ်ခင်ဗျာ
အောက်က လင့်ကနေကြည့်လို့ရပါတယ်
th-cam.com/video/xLJsfyEK6gc/w-d-xo.html
ဆရာ oven ထဲထည့်တဲ့mould က ဒန်တို့ steel တို့သုံးလို့ရလားရှင့်
Oven က သုံးလို့ရပါတယ်
Microwave မှာသာ metal နဲ့ ပတ်သက်တာသုံးလို့မရတာဖြစ်ပါတယ်
Cake Gel (or) SP Gel ကို အကြောင်း နဲ့ အသုံးပြုပုံ အချိုးအစား လေးကိုလည်း VIDEO လေးနဲ့ ရှင်းပြပေးပါလား ကျေးဇူးတင်ပါတယ်
SP or Cake Gel က အကြမ်းအားဖြင့် ဆီကို အပွရိုက်ပြီး လုပ်တဲ့ ကိတ်မျိုးတွေမှာ အသုံးများပါတယ်
ဆီဆိုတာ ရိုးရိုးဆီကနေစပြီး Unsalted Butter အထိအကုန်လုံးကိုဆိုလိုတာပါ
SP က ကိတ်ရိုက်တဲ့အခါ အဖြစ်ပေါ်လာတဲ့ လေပူပေါင်းလေးတွေကို ဖြန့်၀ေမှုမှန်မှန်နဲ့ ပွအောင်လုပ်ပေးပြီး ကိတ်ရိုက်ပြီးတဲ့အခါ အပွထိန်းပေးထားတာကို လုပ်ပေးတာဖြစ်ပါတယ်...
နောက်ပိုင်းမှာ SP သုံးပြီးရိုက်တဲ့ ကိတ်တွေလည်းတင်ပေးပါ့မယ်ခင်ဗျာ...
အကြံပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ...
@@BestSharewithLove ကျေးဇူးတင်ပါတယ်
@@kaykay4176 ဟုတ်ကဲ့ပါခင်ဗျာ
Thank chef
You're welcome 💙
လုပ်စားကြည်မေ
☺️💙
ဆရာရေ 8"လုပ်တာ 8"ဆိုဒ်မထွက်ဘဲ 7"ဆိုဒ်6"ဘဲထွက်တယ်ဆရာရယ် ဘယ်လိုကြောင့်လဲရှင့်😢🙏
ကျနော်ဖုတ်သလို Cake ring နဲ့ဖုတ်ရင် အတိအကျထွက်ပါတယ်
Recipe ဘယ်လိုချိန်တွက်ရလဲသင်ပေးပါခဗျ
အတိုးအလျှော့လုပ်တာကို ပြောချင်တာလားဗျာ့
Birthday cakeကဘယ်လောက်ကြာထားခံလဲရှင့် အခဲခန်းထဲထည့်ထားရင်ရလား
Cream ပတ်ထားပြီးရင် အများဆုံး ၃ရက်အထိပဲ ထားသင့်ပါတယ်
အခဲခန်းထဲမထားရပါဘူးခင်ဗျာ
@@BestSharewithLove ဟုတ် ကျေးဇူးပါ
ဟုတ်ကဲ့ဗျာ့
၈"အတွက်ဆိုရင်ရောrecipeတစ်ဝက်ချိုးရင် အဆင်ပြေမလားဆရာ နည်းသွားမလား
3ချိုး 2ချိုးလောက်လုပ်ရပါမယ်
ေက်းဇူးပါ
ဟုတ်ကဲ့ဗျာ့
Thank you
💙
ရှစ်လက်မကိတ် Recipeလေး ပေးပါလား ဆရာ
အခု ကြက်ဥ ၈လုံးအချိုးက ၉လက်မရပါတယ်
၈လက်မ လိုချင်ရင် ကြက်ဥ ၆လုံးအချိုးနဲ့လုပ်ကြည့်ပါ
Chiffon cake ကို tar tar အစား SP ထည့်ရင် အဆင်ပြေလားဆရာ
မရဘူးခင်ဗျာ့
Type မတူလို့ပါခင်ဗျာ
ဘယ်လို Join ရမလဲ ဆရာ you tube
Member join ချင်တာဆိုရင်
Best Food Supplies Page ကနေလည်း
လာရောက် Join လို့ရပါတယ်
facebook.com/340720016585876/
good
Thanks
12lt ovenကပေါင်မုန့်လုပ်တာဘာလို့မရတာလဲဆရာ
Oven size အရမ်းသေးရင်တော့ ပေါင်မုန့်က အဆင်မပြေနိုင်ပါဘူး... 12lt အတွင်းမကျက်ဘဲ တူးသွားနိုင်ပါတယ်...
မုန့်လုပ်ရောင်းဖို့အစီအစဥ်ရှိရင်တော့ Oven အကြီးနဲ့လုပ်သင့်ပါတယ်ခင်ဗျာ။
ဒုံးပျံသုံးရင်corn flour ထည့်စရာလို့လား
Video ထဲမှာ ဒုံးပျံသုံးလုပ်ထားတာဖြစ်ပါတယ်
ထည့်ရင်ရောအဆင်ပြေလားဗျ
ထည့်ချင်တယ်ဆိုရင်တော့ recipe ကို ကိုယ်တိုင် စမ်းကြည့်လိုက်ပါခင်ဗျာ
Butter နဲ့ bos oil နဲ့တူလားဆရာ
Butter အစား bos oil သုံးလို့ရလားဆရာ
BOS oil ဆိုတာ butter အစားထိုးသုံးတာပါ
Butter နဲ့ မတူပေမဲ့ butter နေရာမှာ ဈေးသက်သာအောင် အစားထိုးသုံးဖို့ ထုတ်ထားတာဖြစ်ပါတယ်
သုံးတာတော့သုံးလို့ရပါတယ်
တချို့နေရာတွေမှာ အစားထိုးရင်တော့ သိသိသာသာ quality ပြောင်းနိုင်ပါတယ်
@@BestSharewithLove မေးသမျှကိုစိတ်ရှည်ရှည်နဲ့ေြဖပေးလို့ကျေးဇူးတင်ပါတယ်ဆရာ
Milk flavors ကဘာတံဆိပ်လဲရှင့်
Sunny Milk Flavor သုံးလို့ရပါတယ်
Milk flavours ကနို့မှုန့်လား၊
Milk Flavor - နို့အနံ့
Milk Powder - နို့မှုန့်
Tar Tar Cream မရှိရင်ရော လုပ်လို့ရလား
အောက်ကလင့်မှာ ကြည့်လို့ရပါတယ်ခင်ဗျာ
th-cam.com/video/xLJsfyEK6gc/w-d-xo.htmlsi=x2xXY_5JOslPlxDS
@@BestSharewithLove ကျေးဇူးတင်ပါတယ် ဆရာ
@yinhtwe7973 ဟုတ်ကဲ့ဗျာ့
💙😊
ဒီကိတ်သားအမျိုးအစားက cke lunch box တွေမှာကောသုံးလို့ရလားရှင့်
ဟုတ်ကဲ့ရပါတယ်ခင်ဗျာ
ဆီအစား unsalted butter သုံးရင်butter ကို အနှစ်လိုထည့်လို့ရပါလား ဆီလိုအရေပျော်မှထည့်ရတာလား ဆီထည့်တဲ့gram အတိုင်းထည့်လို့ရပါလားဆရာ
unsalted butter ကို အရည်ဖျော်ထည့်ပေးရပါမယ်ခင်ဗျာ
gram က အတူတူပဲထည့်လို့ရပါတယ်
ဟုတိကဲ့ကျေးဇူးတင်ပါတယ်ဆရာ
@@kophyo-fm3tm ဟုတ်ကဲ့ခင်ဗျာ့
chiffonကလေ မိုလ်နဲ့ရောဆိုင်လားဗျသူ့မိုလ်နဲ့မှရတာလားခင်ဗျ
ရိုက်နည်းနဲ့မီးအားချိန်တက်သွားရင် မိုနဲ့ပဲဖုတ်ဖုတ် ကွင်းနဲ့ပဲဖုတ်ဖုတ် ရပါတယ်
အရေးကြီးတာ အပွဖမ်းမှန်ဖို့နဲ့ မီးအားချိန်တက်ဖို့ပါပဲ
45L oven ရှိပါတယိ အပေါ်မီးအောက်မီး မတူအောင်ချိန်နည်း တင်ပေးပါလား
အပေါ်မီးအောက်မီးက ခွဲချိန်လို့ရတဲ့ Oven တွေမှာ သပ်သပ်ဆီပါပါတယ် တချို့ Oven တွေက အဲ့လိုမပါပါဘူး
အဲ့လို Oven မျိုးဆိုရင်တော့ မီးအားအတူတူပဲ သုံးမှရပါမယ်ခင်ဗျာ
milk flavourမထည့်ဘဲ နွားနို့ထည့်ချင်ရင် ဘလောက်gmထည့်ရလည်းရှင့်
Milk Flavor က နွားနို့အနံ့အနေနဲ့ထည့်တာပါ
မရှိရင် vanilla flavor ကိုထည့်လို့ရပါတယ်ခင်ဗျာ
Marineရိုက်တာ ဘယ်လောက်ရိုက်ရတာလဲ ဆရာ
အချိန်နဲ့ပြောလို့မရပါဘူးခင်ဗျာ
ကိူယ်လုပ်တဲ့ပမာဏနဲ့ အသုံးပြုတဲ့ mixer ရယ် ရိုက်တဲ့အခါ စနစ်ကျမှုတွေပေါ်မူတည်ပြီး ကွာခြားတာမျိုးရှိပါတယ်
မျက်မြင်အနေအထားကိုပဲကြည့်ပြီး ဆုံးဖြတ်ရတာဖြစ်ပါတယ်
Ovenမရှိရင်ရောဘယ်လိုလုပ်ရမလဲရှင့်
ပြန်ဖြေပေးပါနော်
ဒီနည်းကတော့ Oven ရှိမှပဲ အဆင်ပြေမှာပါခင်ဗျာ
ဆရာ မုန့်ပွဆေးရော ထည့်ဖို့လိုအပ်လားရှင့်
Recipe ထဲကအတိုင်း လုပ်ရင်ရပါပြီခင်ဗျာ
chiffon cake လုပ်တိုင်း အလယ် နားက ချိုင့်ဝင်သွားတာအရမ်းပျော့ပြီး အက်လို ချိုင့်မဝင်သွားအောင်ဘယ်လိုလုပ်ရမလဲ
Meringue ရိုက်တဲ့အခါ အပွဖမ်းမှန်ဖို့
Meringue နဲ့ အနှစ်မွှေထားတာတွေရောတဲ့အခါ မွှေချိန်ကြာတာမျိုး အရည်ပျော်တာမျိုး မဖြစ်စေဖို့
ကိတ်ဖုတ်တဲ့အခါ ကိတ်ကျက်တဲ့အထိ သေချာစွာ ဖုတ်ဖို့
ဂျုံရွေးချယ်တဲ့အခါ အရမ်းနူးညံ့တဲ့ ဂျုံအမျိုးအစားမျိုး မဖြစ်ဖို့ လိုပါတယ်
@@BestSharewithLove ဟုတ်ကဲ့ဆရာ try ကြည့်ပါဦးမယ်ရှင့်
@user-ep9sx5ic7w ဟုတ်ကဲ့ဗျာ့ 😊
သိချင်တာများကို Comment မှာ မေးလို့ရပါတယ်ခင်ဗျာ။
Vedio ထဲမှာသုံးတဲ့ovenတံဆိပ်လေးသိပါရစေရှင့်
@@eithetmon4039 Kaisar 60lt Oven ကို သုံးထားတာပါခင်ဗျာ
အောက်ကလင့်မှာ ကြည့်လို့ရပါတယ်
facebook.com/340720016585876/posts/900404770617395/
ကိတ်ဂျုံဘယ်အမျိုးစားသုံးထားပါလဲရှင်
ပါဝင်ပစ္စည်းတွေမြန်မာလိုလေးရေးပြရင်ပိုအဆင်ပြေမယ်ရှင့်
မိနစ်30 ဖုတ်တာလား alarm 15 မိနစ်ပဲဖုတ်တာလားရှင့် သိပ်မရှင်းဘူး ဖြစ်သွားလို့ပါ
Chiffon. ကအသားကမာတယ္မလား
Chiffon Cake က နူးညံ့တာဖြစ်ပါတယ်ခင်ဗျာ
အမာသားရိွတယ္မလား
မာချင်ရင် Sponge cake သားရိုက်ပါ
Channel မှာ တင်ပေးထားပါတယ်
4''ဆိုရင်ရော အချိုးဘယ်လောက်လောက်ထည့်ရမလဲဆရာ
ဒီအချိုးမှ ၄လက်မ ၃လုံးခွဲလောက်ထွက်ပါတယ်
ကိုယ်ဘာသာ လိုချင်သလောက် အချိုးပြန်တွက်ကြည့်ပါခင်ဗျာ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
tar tarမထည့်ရင်ရောရလား ဆရာ
Tar Tar မပါရင် meringue ဖြစ်အောင်ရိုက်ဖို့နဲ့ ဖြစ်ပြီး ကြာကြာတောင့်ခံနိုင်ဖို့မလွယ်ပါဘူး
၇" ကိတ်လုပ်ချင်တယ်ဆိုရင်ရော ဘယ်လိုအချိုးချရမလဲ
အချိုးကို တ၀က်စားပြီးလုပ်လိုက်ပါခင်ဗျာ
၁၅မိနစ်ပြည့်ရင်အရှေ့နောက် ဘန်းရွေ့တယ်ဆိုတာ ဘယ်ညာပြောင်းတာကိုပြောတာလား
ဟုတ်ပါတယ်
ဆရာရေ tar tar ကဘာအတွက်သုံးရတာလည်း
tar tar တခါမှ မသုံးဘူးလို့ပါ
tar tar နဲ့ cake gel ကွာခြားချက်လေးရှင်းပြပေးပါလားဆရာ
Tar Tar က ကြက်ဥအကာကို meringue ရိုက်တဲ့အခါမှာ ပွအောင်နဲ့ ချက်ချင်းပြန်မပျော်အောင်ထိန်းပေးတဲ့အနေနဲ့သုံးပါတယ်
SP Cake gel ကတော့ Emulsifing Agent ပါ
Sponge ကိတ်တွေနဲ့ ဆီပါဝင်မှုများတဲ့ကိတ်မျိုး အရည်အမျိုးအစား ၂မျိုးထက်ပိုသော ကိတ်မျိုးတွေမှာ သုံးလေ့ရှိပါတယ်... အဓိကက သူက မတူညီတဲ့အရည်တွေကို စေးပျစ်စေပြီး ရောထွေပေါင်းစပ်အောင်လုပ်ပေးသလို လွယ်လွယ်ကူကူပြန်မပြိုကွဲသွားအောင်ထိန်းသိမ်းပေးတဲ့အလုပ်ကိုလုပ်ပါတယ်ခင်ဗျာ။
Tar tar အစား vinegar သုံးလို့ ရ
ပါသလားရှင်
@@yummygoods5880 tar tar မရှိရင်တော့ သုံးလို့ရပါတယ် ဒါပေမဲ့ tar tar လောက်တော့ မကောင်းနိုင်ပါဘူး
@@BestSharewithLove ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
@@yummygoods5880 ဟုတ်ကဲ့ခင်ဗျာ့
❤️
ကွင်းကsteelကွင်းပဲလားဗျ
ကျနော်တို့ သုံးထားတာကတော့ steel ကွင်းပါ
8''အတွက်ဆိုအချိုးဘယ်လောက်သုံးရမလဲရှင့်
th-cam.com/video/qthb0P4PRC0/w-d-xo.html
အခုပေးထားတဲ့ link မှာ လုပ်ထားတဲ့ အချိုးက 8" ကိတ်အတွက် အဆင်ပြေပါတယ်
အဲ့ link ထဲ့က အချိုးနဲ့လုပ်လို့ရပါတယ်ခင်ဗျာ
8"နှစ်လုံးစာဆို eggs 12nos ဖြစ်သွားမှာပေါ့နော်
အာလုံးကောင်ပာတယ် ဆ၇ာေ၇ ြမန်မာလို းပာ
ဟုတ်ကဲ့
မြန်မာလိုပဲ ပြောပေးပါတယ်
ကြက်ဥအကာမွှေတာ ဘယ်နှမိနစ်လောက်ကြာလဲရှင့်
ကြက်ဥထည့်ထားတဲ့အနေအထားပေါ်မူတည်ပြီး မိနစ်ပိုင်းအတွင်းရပါတယ်
အတိအကျရယ်တော့ ပြောလို့မရပါဘူး ရိုက်နေတုန်းမှာ ကြည့်ပြီး ဆုံးဖြတ်ရတာပါ
ဆရာ့လိုလည်းဖြစ်ဖူး မုန့်က အေးသွားတော့ရှုံ့ပီး အမြင့်ကကျသွားတာ😭
သုံးတဲ့ဂျုံကြောင့်လည်းဖြစ်တက်သလို
Meringue ရိုက်တာ ပျော့လို့လည်းဖြစ်တာပါတယ်
အကျက်လိုရင်လည်း ပြန်ကျနိုင်ပါတယ်
Cake ဂျုံကို ဒုံးပျံက Lotus Super သုံးပြီးလုပ်ကြည့်ကြည့်ပါခင်ဗျာ
@@BestSharewithLove ဟုတ်ကဲ့ဆရာ အကာရုိက်တာ လက်နဲ့ဆိုတော့ အရမ်းမာတဲ့ထိမရုိက်မိဖူးရှင့် ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
ဟုတ်တယ်ဗျ
တစ်ခုခုလိုနေတယ်ထင်တယ်
သုံးတဲ့ဂျုံကြောင့်လည်းဖြစ်တက်သလို
Meringue ရိုက်တာ ပျော့လို့လည်းဖြစ်တာပါတယ်
Meringue နဲ့ အနှစ်မွှေထားတာနဲ့ ပြန်ရောတဲ့အချိန်မွှေတာ အရည်ပျော်ရင်လည်းနိမ့်နိုင်ပါတယ်
အကျက်လိုရင်လည်း ပြန်ကျနိုင်ပါတယ်
ကိုယ်လုပ်တဲ့အချိန်မှာ ဘယ်အချက်မှားလဲဆိုတာ ပြန်စမ်းစစ်မှပဲရပါမယ်
ဆရာ 60L oven နဲ့ 5" ခွဲ chiffon cake bake တာ အတွင်းမကျက်တဲ့ပြသာနာဖြစ်နေလို့ပါ chiffon cake တွေ bake ရင် မီးအေးအေးနဲ့ကြာကြာလေး bake သင့်လား မီးအသင့်သင့် or မီးအပြင်းနဲ့ bake သင့်လားရှင့် အတွင်းမကျက်တော့ ကြာကြာထားရင်း ဘေးသားတွေတူးကုန်လို့ပါဆရာ 😔
ဇော်ဂျီ နဲ့ ရေးတဲ့စာတွေက ကျနော့်အတွက် ဖတ်ရတာအဆင်မပြေပါဘူးခင်ဗျာ
အဆင်ပြေမယ်ဆိုရင် Unicode နဲ့ ရေးပေးပါခင်ဗျာ
ဆရာ 60L oven နဲ့ 5" ခွဲ chiffon cake bake တာ အတွင်းမကျက်တဲ့ပြသာနာဖြစ်နေလို့ပါရှင့် cake roll လို cake အပါးတွေကအဆင်ပြေပြီး ဒုအမြင့်နဲ့ cake တွေကျ အတွင်းမကျက်တော့လို့ဆရာ မီးအေးအေးနဲ့ကြာကြာ bake သင့်လားရှင့် / မီးအသင့်သင့်နဲ့ or မီးပြင်းပြင်းနဲ့ bake သင့်လား အကြံပေးပေးပါဦးဆရာ ပစ်ရတာများနေပြီမလို့ပါ အထဲမကျက်တော့ အောက်မီးကိုပြင်းလိုက်တဲ့အခါ ဘေးသားတွေတူးကုန်လို့ပါဆရာ
ကျနော်တို့လည်း 60lt နဲ့ပဲဖုတ်ထားပါတယ်
အခုဖုတ်ထားတဲ့ 7လက်မ မီးအားအတိုင်းဖုတ်မယ်ဆို အချိန်တောင် ပိုနည်းနိုင်ပါတယ်
Oven အမျိုးအစားမတူရင်တော့ အနည်းငယ်မီးအားအချိန် ကွဲနိုင်ပါတယ်ခင်ဗျာ
မုန့်သားလေးကနူးနူးအိအိလေးရပါတယ်ဆရာ အအေးခံမလို့လှန်လိုက်တာ ပုံပျက်သွားပီး အထဲကပျော့နေတာ မအေးသေးလို့လားဆရာ မွေးနေ့ကိတ်လုပ်မလို့စမ်းကြည့်တာ ဖုတ်ဖို့အချိန်လိုလို့လားဆရာ
မုန့်အဆင်ပြေမပြေမေးချင်ရင် အပြင်ဘက် တစ်လုံးလုံးပုံရယ် လှီးထားတဲ့ အတွင်းဘက်ပုံရယ်
Best Food Supplies Facebook page သို့
ကျနော်သိသမျှ Shared by Than Htun Lwin page တွေမှာ မေးပေးပါ ဒါမှ ဘာဖြစ်လဲ ကြည့်ပြီး ပြောပေးလို့ရမှာပါခင်ဗျာ
Thanks 🙏
ဟုတ်ကဲ့ပါခင်ဗျာ
cream လုပ်နည်းလင်းပေးပါ☺
ဘယ်လို Cream လုပ်နည်းကိုပြောတာလဲဗျ
Topping Cream ရိုက်နည်းကတော့ ကျနော်တို့ Channel မှာတင်ပေးထားပါတယ်ခင်ဗျာ
@@BestSharewithLove wipping cream ဘယ်လောက်ကြာရှည်ခံလဲ
@@moepyaekhin2673 ရေခဲသေတ္တာမခဲတဲ့အထပ်မှာထားရပါမယ် ဘူးမဖွင့်သေးရင် အအေးမှန်အောင်ထားနိုင်ရင် Expire Date အတိုင်းရပါတယ်..
ဖေါက်သုံးလိုက်ပြီးရင်တော့ အအေးမှန်အောင်သိမ်းနိုင်တဲ့ပေါ်မူတည်ပြီး တစ်ပါတ် ၁၀ရက်ကနေ အဲ့ထက်ပိုခံတာလည်းရှိပါတယ်..
Whipping Cream က အရမ်းအေးပြီးခဲရင်လည်းပျက်တက်ပေမဲ့ အအေးပေါ့ရင်လည်း ပျက်တက်ပါတယ်... သူကအအေးကြိုက်တဲ့အထဲမှာပါပါတယ် ခဲတဲ့အထိမအေးဘဲ အေးအောင်ထားနိုင်ရင် ပိုကြာကြာခံပါတယ်..
ပြီးတော့သုံးပြီးရင် ဘူးအ၀ကို သေချာပြန်သုပ်ပြီး သန့်ရှင်းပေးပါ၊ အဲ့ဒါလည်း ကြာကြာခံစေပါတယ်။
@@BestSharewithLove Thanks
@@BestSharewithLove ဆရာပြပေးထားတဲ့ wipping cream powder နဲ့ လုပ်တဲ့နည်းမှာ လုပ်ပီးသား cream သုံးပြီး ပိုခဲ့လျှင် ကျန် cream ကို ဘယ်လို သိမ်းလျှင် ရနိုင်သလည်းဆရာ
Spရောထည့်လို့ရလားဆရာ ပီးတော့ကိတ်ကသိပ်မပွလို့ပါဆရာ
Cream of Tar Tar ပါနေပါတယ်
SP ထည့်ဖို့မလိုပါဘူး
ကိတ်မပွတာက ရိုက်နည်းမမှန်တာ အပွဖမ်းတာမှားတာ မုန့်လုပ်တဲ့အချိန်မှာ တခြားအမှားတွေရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်
@@BestSharewithLove ဟုတ်ကျေးဇူးပါဆရာ ရေခဲသေတ္တာထဲမာဆိုရင်နည်းနည်းမာတာကရောဆရာဘာဖစ်လို့
လည်းရှင့်
ရေခဲသေတ္တာထဲထည့်ရင်တော့ ဘယ်မုန့်ပဲဖြစ်ဖြစ်မာပါတယ်ခင်ဗျာ 😄
အပြင်ထုတ်လိုက်ရင် ခဏနေပြန်ပျော့သွားပါလိမ့်မယ်
ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ😍
ဟုတ်ကဲ့ဗျာ့
ကိတ်သားမနုဘဲမာနေတာဘာကြောင့်လဲဆရာ
အဲ့ဒါဆို ကိက်ရိုက်တဲ့အချိန်မှာ တစ်ခုခုမှားနေလို့ဖြစ်ပါတယ်
Chiffon cake က မမာပါဘူး နူးညံ့နေရမှာဖြစ်ပါတယ်
မုန့်သားလေးကတော့ နူးညံ့နေတာပဲ အစ်ကိုရေ
ခုလို sharing လုပ်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျနော်လုပ်တာ ဘာလိုလို့လဲတော့ မသိဘူးဗျ စားလိုက်တော့ လျှာမှာ နည်းနည်း ထုံထုံကြီးဖြစ်နေတာဗျ
ဘာဖြစ်တာလဲပြောဖို့ကြတော့ ပုံစံအနေအထားကြည့်ရင်သိနိုင်တာရှိသလို အရသာပိုင်းကဆိုရင်တော့ သုံးတဲ့ Flavor မကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်....
Flavor မကောင်းရင် အဲ့လိုမျိုး ခါးသလို ထုံသလိုဖြစ်တက်ပါတယ်... ကျန်တဲ့ ingredient တွေကြောင့်တော့ သိပ်ဖြစ်ဖို့မရှိဘူးဗျ
video တွေ ဒီရက်ပိုင်း ထပ်တင်ပေးဖို့ရှိပါတယ် Subscribe မလုပ်ရသေးရင်လုပ်ပေးထားပါအုံးဗျ...
ကြည့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကိတ်သား နူးနူးအိအိလေးရအောင် ဘာကိတ်ဂျုံသုံးရလဲဆရာ
ဒုံးပျံကထုတ်တဲ့ lotus super သုံးပါ
milk flavourမထည့်ဘဲ နွားနို့ထည့်လို့ရလားဆရာ နွားနို့gmဘလောက်ထည့်ရမလည်းရှင့်
Milk Flavor က နွားနို့အနံ့ပါ
ကြက်ဥရဲ့အနံ့ကို ကိတ်ဖုတ်ပြီးတဲ့အခါမပါအောင် အနံ့ထပ်ထည့်ပြီး ဖျောက်ပေးတာဖြစ်ပါတယ်
Milk Flavor ၀ယ်ရခက်ရင် Vanilla flavor သုံးလိူ့ရပါတယ်ခင်ဗျာ
@@BestSharewithLove ကျေးဇူးပါဆရာ
ဟုတ်ကဲ့ဗျာ့
ကိတ်သားနူးညံ့မှုသိပ်မရှိလို့ဆရာ ဂျုံနဲ့ဆိုင်တာလား ဘာလိုနေတာလဲမသိဘူး ပြောပေးပါဦးဆရာ
ဟုတ်ကဲ့
ဂျုံလည်း ထည့်သွင်းစဉ်းစားမည့်အထဲမှာပါပါတယ်
@@BestSharewithLove ဂျုံ ဘာတံဆိပ်သုံးသင့်ပါလဲဆရာ ပြောပြပေးပါဦးနော်
အမြင့်ကိတ်တွေဆိုရင် Lotus Super သုံးပါ
အနိမ့်ကိတ်တွေဆိုရင် ဒုံးပျံ ကိတ်ဂျုံအစိမ်းသုံးပါ
ဆရာ Chiffon cake ကိုညနေဖုတ်ပြီးရေခဲသေတ္တာထဲ ထည့်ထားပြီး မနက်ဖြန်မှ cream ပတ်ရင် ရလားရှင့် မပတ်ခင်ရေခဲသေတ္တာထဲကိုထည့်ရင်ဘယ်လိုထားရလဲရှင့်
ဖုတ်ပြီး အေးသွားရင် plastic wrap ကို လုံအောင်ပတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရင်၂-၃ ရက်လောက်ရပါတယ်ခင်ဗျာ
@@BestSharewithLove နှစ်ရက်သုံးရက်တောင်ရတာလား ကျေးဇူးပါရှင့် မီးပျက်လို့ လက်ဆောင်ပေးချင်လို့ တရက်ဖုတ်ထားပြီးနောက်ရက်မှ creamပတ်ချင်လို့ပါ
အအေးဓာတ်ရှိတဲ့ပေါ်တူတည်ပြီး ပိုကြာကြာခံပါတယ်ခင်ဗျာ
ဗန်းထဲရေခံပီးဖုတ်တာကရော ဘာကွာလဲဗျ အဲ့လိုမျိုးဗန်းထဲရေထည့်ပီးဖုတ်တာလည်းတွေ့တွေ့နေရလို့
တချို့တွေကြတော့ ပိုနူးညံ့စေချင်တာလဲပါလို့ ဖုတ်ကြတာပါ
Chiffon cake က ဒီအတိုင်းဖုတ်လည်းရပါတယ်
ရေခံဖုတ်တာက များသောအားဖြင့် Cheese Cake တွေမှာ ပိုလိုအပ်ပါတယ်ခင်ဗျာ
Bro သုံးနေတဲ့ Plastic Bowl တွေ ဘယ်မှာဝယ်လို့ရလဲဗျ
၀ယ်ထားတာကြာပါပြီ
အခုနောက်ပိုင်း ရောင်းတဲ့ဆိုင်တွေမှာ မတွေ့တော့ဘူးဗျာ့
Tar Tar ဆိုတာ ဘာကိုပြောတာလဲဗျ. ဘယ်မှာဝယ်လို့ရလဲ တချက်ရှင်းပြပေးပါလား
Cream of Tar Tar ဆိုတာ ကြက်ဥအကာကို Meringue ရိုက်တဲ့အခါမှာ ပွအောင်နဲ့ လွယ်လွယ်ပြန်မပျော်အောင်လုပ်ပေးတဲ့ပါ၀င်ပစ္စည်းဖြစ်ပါတယ်
အောက်က page မှာ ၀ယ်ယူလို့ရပါတယ်ခင်ဗျာ
facebook.com/340720016585876
ခရင်အမှုံ့ကိုပြောတာလားဆရာ
facebook.com/340720016585876/
ကိတ်မုန့်က အပေါ်ပိုင်းအခွံမပျော့ပဲနဲ့ဘာလို့မာရတာလဲဗျ
ကျနော်တို့ Facebook page တွေမှာ ပုံပြပြီးလာမေးလို့ရပါတယ်ခင်ဗျာ
ဒီအတိုင်းမှန်းပြောပေးဖို့က ခက်ပါတယ်
ဟူတ်ကဲ့ပါဗျ
Chiffon cake လုပ်တာ. အောက်ဆုံးနားအပေါ်လေးကပတ်ပတ်လည်နဲနဲ ချိုင့်တာဘ ဖြစ်လို့လဲ ဆရာ ဆီအစား unsalted butter တော့ထည့်တယ် Milkထည့်တယ်. အနှစ်ထဲကကြက်ဥတလုံးတော့ မထည့်မိဘူး အဲဒါနဲ့ဆိုင်လား. ရှင့်
သုံးတဲ့ဂျုံကြောင့်လည်းဖြစ်နိုင်ပါတယ်...
Cake Flour ကို နည်းနည်းအမာဓာတ်ရှိတဲ့ Cake Flour မျိုး ပြောင်းသုံးကြည့်ပါခင်ဗျာ
@@BestSharewithLove ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်
@@htarhtarmon998 ဟုတ်ကဲ့ခင်ဗျာ့
Chiffon cake ကဖုတ်နေတုန်းပွတက်လာပြီး ပြီးရင်ပြန်ပိကျသွားတာ ဘာဖြစ်လို့လဲ
ကြက်ဥအကာမွှေတဲ့နေရာမှာလိုသွားတာများလား
သုံးတဲ့ ဂျုံကြောင့်လည်း ဖြစ်နိုင်သလို အကာမွှေတဲ့နေရာလိုတာကြောင့်လည်းဖြစ်နိုင်ပါတယ်...
ဖုတ်တဲ့အချိန်ကြောင့်လည်းဖြစ်နိုင်ပါတယ်
ဂျုံက အရမ်းနူးညံ့တဲ့ဂျုံမျိုးဆို Corn Flour လိုမျိုးထည့်သုံးပေးရပါမယ်
အကာမွှေတာလိုရင်လည်း ကိတ်ပျော့ပါတယ် နိမ့်ပါတယ်
ဖုတ်ချိန်လိုတာ မီးအားနည်းသွားတာကြောင့်လည်း ကိတ်အကျက်လိုရင် အနည်းငယ်ပြန်ကျတာရှိပါတယ်...
အကြောင်းအရင်းတွေပြန်ထဲက ဖြစ်နိုင်တာလေးစဥ်းစားပြီး ပြန်ပြင်လုပ်ရင်းနောက်ပိုင်း လက်မှန်လာပါလိမ့်မယ်ခင်ဗျာ။
အစဥ်မပြေဘူး ဆရာ ရက်စပီနဲ့
ဖုတ်တာ ၃ကြိမ်ရှိ့ပြီ ၃ကြိမ်လုံး ပျက်ပါတယ်
လွဲချော်မူ့မရှိ့အောင်လုပ်တာပါ အဆင်မပြေဘူး
တခြား ရက်စပီတွေ ရှေ့မှာဖုတ်တာ အားလုံးအိုကေတယ် ဒီတစ်ခုကတော့ ဘယ်လိုမှ လုပ်ကြည့်လို့ကိုမရတာပါဗျာ
အရှေ့မှာ ဘယ်အချက်တွေကြောင့် ပျက်နိုင်တယ်ဆိုတာ ဖြေပေးထားပါတယ်ခင်ဗျာ
တခုခုမှားယွင်းနေလို့သာ ကျနော်တို့ပြတဲ့အတိုင်းမဖြစ်တာဖြစ်ပါတယ်...
ဒီနည်းက ကျနော်ရဲ့ ၀င်ကြေးပေးသွင်းပြီးသင်ပေးတဲ့သင်တန်းထဲနည်းကိုတင်ပေးထားတာဖြစ်ပါတယ်
သင်တန်းထဲကသူတွေ ဒီနည်းနဲ့ မွေးနေ့ကိတ်ရာချီရောင်းချထားတဲ့သူတွေတောင် ရှိနေပါပြီခင်ဗျာ
ကိတ်သားကမပွလာဘူးဆရာ 😞
အကာရိုက်တဲ့အထဲ ရေ၊ ကြက်ဥအနှစ်၊ ဆီ မပါရပါဘူး
ပါရင် ကြက်ဥအကာရိုက်တာ မပွပါဘူး
@@BestSharewithLove ဟုတ်ကဲ့ ကျေးဇူးပါဆရာ
ဟုတ်ကဲ့ဗျာ့
Chiffon cake လုပ်တိုင်း
အပြင်ကတူးပီးအထဲကမကျက်ဘူးmidea oven နဲ့ 170 ထားဖုတ်တယ်
45min လောက်ရှိတယ် ထွက်လာတော့အဆင်မပြေဘူးရယ်
သုံးတဲ့ oven ကြောင့်ဖြစ်မယ်ထင်ပါတယ်
မုန့်ဖုတ်စက်က ဘာသုံးတာလဲအကို
Kaisar တံဆိပ် Electric Oven 60lt ပါ
အောက်က page များ စုံစမ်းလို့ရပါတယ်ခင်ဗျာ
facebook.com/340720016585876/
@@BestSharewithLove ဟုတ် အကိုကျေးဇူးပါရှင့်
@@shikaka6245 ဟုတ်ကဲ့
ကြည့်ရှု့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ
ညီမလေးရေမုန့်ဖုတ်စက်ကမုန့်ဖုတ်တာပါ🍉🍉🍌🍌
ညီမလေးရေမုန့ဖုတ်စက်မုန့ဖုတ်တာပါ🍍🍍🍎🍎🥑🥑🍏🍏🍇🍇
အအေးခံတဲ့အခါမာ အထက်အောက်ပြောင်းပြန် လုပ်တာက ဘာလို့လဲခင်မျ....Sponge cake video မာ အဲ့လို အအေးခံတာ မတွေ့လို့ခင်မျ....
ကိတ်အတွင်းက အပူငွေ့ပိုမိုကောင်းမွန်စွာထွက်နိုင်ရန်(အောက်တွင် လေ၀င်လေထွက်ကောင်းအောင် ဇကာခံရပါမည်) နှင့် ပြန်လည်ကျုံ၀င်ခြင်းကို ကာကွယ်ကို ပိုမိုဆန့်တန်းစေပါတယ်...
Sponge Cake ရဲ့ Structure တည်ဆောက်ပုံနဲ့ Chiffon Cake ရဲ့တည်ဆောက်ပုံမတူတဲ့အခါ တောင့်ခံနိုင်စွမ်းလည်းကွာခြားသွားပါတယ်...
နောက်ပိုင်းတွေမှာ ကုန်ကြမ်းအကြောင်းတွေကို သီးသန့်ရှင်းပြတဲ့အခါမျိုးတွေလုပ်ပြီး ပိုမိုပြည့်စုံတဲ့မုန့်လုပ်ရာမှာ စိတ်၀င်စားစရာတွေအကြောင်းအရာလေးတွေထည့်သွင်းပြောပြေပးဖို့ ကြိုးစားလေ့လာနေပါတယ်...
Subscribe ဘေးက 🔔🔔 ခေါင်းလောင်းလေးနှိပ်ပြီး စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။
Electric city မှာ Oven သွားကြည့်တာ အပေါ်မီးအောက်မီး ကို တူတူဘဲချိန်လို့ရတဲ့ဟာဘဲလာတယ်တဲ့. အပေါ် အောက် မီးမတူအောင်ချိန်လို့ ရတဲ့ဟာမလာဘူး ပြောတယ် ဟုတ်လားဆရာ
ကျနော်သုံးတဲ့ Kaisar တံဆိပ်လေးကောင်းပါတယ်
လိုချင်ရင် အောက်က Page မှာ မေးလို့ရပါတယ်
facebook.com/340720016585876/
Chiffon cake လုပ်တိုင်း အပြင်ကတူးပီးအထဲကမကျက်ဘူး 170•C Midea oven
နဲ့45minလောက်ရှိတယ် ဖုတ်တာ အပြင်ကတူးပီးအထဲကမကျက်ဘူး
Oven က ဘယ်လောက် size မှာ ဖုတ်တာပါလဲ
32L ပါ
Overတွေကဘယ်လောက်လဲ
အောက်က လင့်က page မှာ စုံစမ်းနိုင်ပါတယ်
facebook.com/340720016585876/
chiffon cake က အအေးခံရင် အမြဲတမ်း cake pan ကထုတ်ပြီး မှောက်ပြီးမှ အအေးခံရတာလား ရှင့်... chiffon cake ကို အအေးခံတဲ့အချိန် အမြဲတမ်းလိုလို ကိတ်က ကျုံ့သွားလို့ပါ 😖 ... အကာမွေတာ လိုတာကြောင့်လား ရှင့် ...
ကိတ်ရိုက်ချိန်အပွဖမ်းတာ လိုတာကြောင့်ဖြစ်နိုင်သလို ကိတ်အကျက်လိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ် နောက်တစ်ခု ဂျုံက ပျော့တဲ့အမျိုးအထားထဲကရွေးမိတာကြောင့်လည်း ပြန်ကျတာရှိပါတယ်ခင်ဗျာ
ဟုတ်ကဲ့ရှင့်... cake flour က bkk flour ပဲသုံးတာပါ... အဲ့ဒါက အရမ်းနု လို့ထင်တယ်... ကိတ်က oven ကထွက်လာရင်တော့ လှလှလေး အအေးခံလိုက်ရင် ချိုင့်သွားတာ ခဏခဏပဲ 😓 ...အအေးခံတာများ မှားနေတာလားလို့ မေးကြည့်တာပါ ဆရာရှင့်... သေချာပြန်လုပ်ကြည့်ပါဦးမယ် ... reply ပေးတာ ကျေးဇူးပါ ရှင့် 🙏
Thai ဂျုံတွေက နုပါတယ်
Diamond Star ထဲက Lotus Super သုံးကြည့်ပါ
အနှစ်နဲ့ပြန်ရောရင်အကာကအပေါက်အပေါက်တွေဖြစ်တာဘာလို့လဲရှင့်
Best food supplies သို့ ကျနော်သိသမျှ shared by Than Htun Lwin page တွေမှာ ဖြစ်တဲ့အနေအထားကို ပုံရိုက်ပြီး မေးပေးပါခင်ဗျာ
ဆရာPandan chiffon cakeလုပ်မယ်ဆိုရင်အရည်ဘယ်လောက်ထည့်ပြီးဂျုံကောဘယ်လောက်တိုးထည့်ရမလဲကျန်တာတွေကောတိုးဖို့လိုလားဆရာ
အဲ့ဒါက ကိုယ်လုပ်မည့်မိုပေါ်မူတည်ပြီး အချိုးပြန်စဉ်းစားရမှာဖြစ်ပါတယ်ခင်ဗျာ
thank you
💙☺️
ဆရာ chiffon cake နဲ့ cotton cake အတူတူပဲလား
လုပ်နည်းကတော့ သိပ်မကွာပါဘူး
လုပ်တဲ့လူပေါ်မူတည်ပြီးတော့ ပါ၀င်တဲ့ပစ္စည်းတွေတော့ ကွာနိုင်ပါတယ်ခင်ဗျာ
ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်
ဆရာ chiffon ကိတ်ကို oven ကအပေါ်မီးအောက်မီး အတူတူပဲသုံးလို့ရလို့ ဘယ်လောက်ဒီဂရီနဲ့ ဘယ်နှစ်မိနစ် ဖုတ်ရမလဲရှင့်
မီးအားကတော့ အချိုးမတူတာမျိုး၊ ပြုလုပ်တဲ့ကိတ်အရွယ်မတူတာမျိုးဆိုရင်တော့ ပြန်ရှာရမှာပါ
တူချင်လည်းတူနိုင်သလို အတိုးအလျှော့လုပ်ဖို့လိုအပ်ရင်လည်း လုပ်ပေးရပါလိမ့်မယ်
ဟုတ်ကဲ့ပါဆရာ
ကြက်ဉဆယ်လုံးဆိုအချိုးဘယ်လေက်ထည့်ရမလဲ
Recipe ထဲမှာပါတဲ့ ကြက်ဥတစ်လုံးရဲ့အချိုးကို ရှာပြီး 10 နဲ့ မြှောက်ပြီး တွက်လိုက်ပါခင်ဗျာ
အိုဘင်ကအပေါ်မီးအောက်မီးမတူဆအာင်ဘယ်လိုဖုတ်ရမလဲဆရာ
မုန့်ဖုတ်တဲ့ Oven တွေမှာ အပေါ်မီး အောက်မီးချိန်တဲ့ ခလုတ်က သပ်သပ်စီပါပါတယ်ခင်ဗျာ
အပူချိန်ဘယ်လောက်နဲ့ဖုတ်ရတာလဲရှင့်
Video ထဲမှာ အပူချိန်ရော ဖုတ်ရတဲ့ ကြာချိန်ပါပြောပေးထားပါတယ်ခင်ဗျာ
ဆရာပေါင်မုန့်ထဲထည့်တဲ့ပဲယိုနဲ့အုန်းသီးယိုထိုးနည်းလေးသင်ပပြပေးပါဆရာ
ဟုတ်ကဲ့
ကြိုးစားကြည့်ပေးပါ့မယ်
ကိတ်ကကျက်ရင်အလည်ကအပ်ကွဲသွားတာဘာဖြစ်လို့လဲရှင့်
Chiffon cake မှာဆို အရည်ပျော်ရင် ကွဲတက်ပါတယ်
နောက်ပြီး ဖုတ်တဲ့အချိန်လိုပြီး မကျက်တာမျိုးတွေဆိုလည်း ဖြစ်တက်ပါတယ်
တခြား ထည့်စဉ်းစားရမှာတွေလည်းရှိပါတယ်