( စိတ် ) သီတဂူဆရာတော်ဘုရားကြီး ဦးဉာဏိဿရ

แชร์
ฝัง
  • เผยแพร่เมื่อ 4 ต.ค. 2024
  • ( စိတ် ) သီတဂူဆရာတော်ဘုရားကြီး ဦးဉာဏိဿရ
    သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ (၂၃ ဖေဖော်ဝါရီလ ၁၉၃၇ မွေးဖွား) သည် မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
    ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
    ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။
    ၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။
    ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် သီတဂူ ရေအလှူတော်စီမံကိန်းကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။
    ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။
    ၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။
    ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ချ်ဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။
    ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
    ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။
    ၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
    ၁၉၉၃ ခုနှစ်တွင် "မဟာဓမ္မကထိက ဗဟုဇနဟိတဓရ" ဘွဲ့ကို လည်းကောင်း ၊ ၁၉၉၅ ခုနှစ်တွင် "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့ကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ "ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့" (Doctor of Literature (Hononur-Causa)) ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် "အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ" ဘွဲ့ကို လည်းကောင်း ဆက်ကပ်ပူဇော်ခဲ့သည်။
    Thank you

ความคิดเห็น • 17

  • @kominthu7268
    @kominthu7268 10 หลายเดือนก่อน +1

    ဆရာတော် ဘုရား သက်ရှည်ကျနိးမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝပါစေ သာဓု သာဓု သာဓု ပါ အရှင်ဘုရား

  • @suekhat4551
    @suekhat4551 2 ปีที่แล้ว +1

    သာဓုသာဓုသာဓုပါဘုရား

  • @วินวินัย
    @วินวินัย 2 หลายเดือนก่อน +1

    သာဓု သာဓု သာဓု ပါဘုရာူ

  • @HtarMay-q7m
    @HtarMay-q7m หลายเดือนก่อน

    ဆရာတော်ဘုရား
    သက်ရှည်ကျန်းမာစွာဖြင့်
    ခန္ဓာ့ဝန် သာသနာ့ဝန်ကို
    လွယ်ကူစွာထမ်းရွက်နိုင်ပါစေ
    sadhu sadhu sadhu

  • @UMyintoo-z1l
    @UMyintoo-z1l หลายเดือนก่อน

    သာဓု သာဓု သာဓု ပါဘုရား
    တရားအလှူရှင်လူကြီးမင်းများကျန်းမာချမ်းသာကြပါစေ
    🥀🙏🪻🙏🌷🙏🌹🙏🌺🙏💐ပြင်ဦးလွင်/ရ.က.က.17/14.8.2024/7.30pm.

  • @soesoe876
    @soesoe876 4 ปีที่แล้ว +1

    သာဓု သာဓု သာဓု ပါ.......

  • @AhRiYaeThi
    @AhRiYaeThi 2 หลายเดือนก่อน

    🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

  • @ละมัยใหม่รัก-ฐ6ย
    @ละมัยใหม่รัก-ฐ6ย 2 ปีที่แล้ว

    🌹🌹🌹🙏🙏🙏🙏🙏🌹🌹🌹

  • @ahriyeathi4222
    @ahriyeathi4222 2 ปีที่แล้ว

    🙏🙏🙏

  • @ahriyeathi4222
    @ahriyeathi4222 3 ปีที่แล้ว +1

    ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကျမ္မာစွသက်တော်ရှည်ပါစေ🙏🙏🙏🙏🙏

  • @yumaung2232
    @yumaung2232 3 ปีที่แล้ว

    သာဓု သာဓု သာဓု ပါအရှင်ဘုရား

  • @leloughlemperough1903
    @leloughlemperough1903 3 ปีที่แล้ว

    Where can I listen other dhamma of citta vagga?

  • @winnaingbo9180
    @winnaingbo9180 หลายเดือนก่อน

    သာ ဓု
    သာ ဓု
    သာ ဓု
    ❤❤

  • @zinthu9609
    @zinthu9609 4 ปีที่แล้ว

    🙇‍♀️🙇‍♀️🙇‍♀️

  • @khunaungko8269
    @khunaungko8269 2 ปีที่แล้ว

    ဟဲ့ဟောတတ်တေးတာဘဲ

  • @uawsada1833
    @uawsada1833 5 หลายเดือนก่อน

    🙏🙏🙏

  • @skylove9319
    @skylove9319 4 ปีที่แล้ว

    သာဓုသာဓုသာဓုပါဘုရား