မြေကြီးမှရွှေထီးသို့ တရားတော် သီတဂူဆရာတော် ဦးဉာဏိဿရ

แชร์
ฝัง
  • เผยแพร่เมื่อ 6 มิ.ย. 2023
  • #မြေကြီးမှရွှေထီးသို့
    #တရားတော်
    #သီတဂူဆရာတော်
    #ဦးဉာဏိဿရ
    #Channel 8 Thant Zin Linn
    # / @thantzinlinn5890
    သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ (အင်္ဂလိပ်: Nyanissara) သည် မြန်မာနိုင်ငံသား ရဟန်းတစ်ပါးဖြစ်၍ ဓမ္မကထိက၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံများ တည်ထောင်သူ၊ သာသနာရေးနှင့် လူမှုရေးရာ အကျိုးပြုဆောင်ရွက်သော ရဟန်းတစ်ပါး စသည်ဖြင့် လူသိများသည်။ လက်ရှိတွင် ရွှေကျင်နိကာယ၏ တွဲဖက်ရွှေကျင်သာသနာပိုင် ဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။ သဲကုန်းဇာတိဖြစ်သောကြောင့် သဲကုန်းဆရာတော်၊ သပိတ်အိုင်တွင် တောရဆောက်တည်သောကြောင့် သပိတ်အိုင်ဆရာတော်၊ သဒ္ဓမ္မသီတဂူချောင် (စစ်ကိုင်း) ကို တည်ထောင်သောကြောင့် သီတဂူဆရာတော်ဟူ၍ လူသိများ ထင်ရှားသည်။
    ပြည်တွင်းသာမကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်ကာ တရားဟောခြင်း၊ တရားပြခြင်း၊ စာပေသင်ကြားခြင်းများနှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စား တက်ရောက်မှုများ ပြုလုပ်ခဲ့သည်။ စာအုပ်စာပေများစွာကိုလည်း ရေးသားခဲ့သည်။
    ငယ်ဘဝ
    ဆရာတော်ကို မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ တပ်ကျေးရွာတွင် ဖွားမြင်သည်။ ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘကြီးဘုန်းတော်ကြီးထံတွင် ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။[ကိုးကားချက်လိုသည်]
    ၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ သို့သော် ဘွဲ့အခမ်းအနား မကျင်းပဖြစ်တော့သောကြောင့် အောင်မြင်ခဲ့သော်လည်း ဘွဲ့မရခဲ့ပေ။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။[ကိုးကားချက်လိုသည်]
    တောရဆောက်တည်ခြင်း
    အနီးစခန်းဆရာတော်ထံတွင် ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူခဲ့ကာ ရန်ကုန်သို့ ကြွချီခဲ့သည်။ စာဝါပြီးချိန်တွင် တောရဆောက်တည်ချင်ခဲ့သည်။ မူလက ပြည်နိဗ္ဗိန္ဒတောရကို စိတ်ကူးခဲ့သော်လည်း လူသူများပြားသည့်အတွက် ရွေးချယ်ခြင်းမပြုခဲ့ပေ။[ကိုးကားချက်လိုသည်]
    ဓမ္မဒူတဆရာတော်ကြီးဟု လူသိများသော အရှင်ပညာဇောတနှင့် သီတဂူဆရာတော်တို့သည် ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃတက္ကသိုလ်တွင် စာသင်ဖက်များဖြစ်ကြပြီး အရှင်ပညာဇောတသည် တောရစခန်းအချို့ကို ဝင်ရောက်၍ တရားအားထုတ်နေပြီး ကျန်းမာရေးကြောင့် ရွှေဥမင်တောရတွင် ခေတ္တနေစဉ် သီတဂူဆရာတော်နှင့် ဆုံမိကြပြီး ထိုနှစ်ပါးသည် သထုံခရိုင်ရှိ သပိတ်အိုင်သို့ ၁၉၇၁ ၌ သွားခဲ့ကြသည်။[ကိုးကားချက်လိုသည်] သပိတ်အိုင်တောရကို လေ့လာသည့်သဘောဖြင့် နှစ်ရက်တာ တောရကျောင်းကလေး၌ သီတင်းသုံးခဲ့ပြီး အရှင်ပညာဇောတနှင့်အတူ ရန်ကုန်ပြန်ကြွ၍ သီတဂူဆရာတော်က ထိုမှ စစ်ကိုင်းသို့ ပြန်လည်သွားရောက်၍ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို အသေးစိတ် ပြန်လှန်လေ့လာသည်။[ကိုးကားချက်လိုသည်] တစ်နှစ်ကြာသောအခါမှ သပိတ်အိုင်သို့ ပြန်လည်သွားနိုင်ခဲ့သည်။ တောရကျောင်းသို့ရောက်သောအခါ ဖားအောက်ဆရာတော် အရှင် အာစိဏ္ဏ၊ ဓမ္မဒူတဆရာတော် အရှင်ပညာဇောတနှင့် အရှင်ကေလာသတို့ ရှိနှင့်နေပြီးဖြစ်သည်။ ထိုမှာပင် တရားအားထုတ်ခဲ့၏။ ဖားအောက်ဆရာတော်သည် ထို၌ တောရခေတ္တဆောက်တည်၍ ရေးမြို့နယ်ရှိ အစင်တောရသို့ ပြောင်းခဲ့၏။ တစ်နှစ်ခန့်အကြာ အရှင်ပညာဇောတနှင့် အရှင်ကေလာသတို့လည်း အစင်တောရသို့ ပြောင်းရွှေ့ခဲ့ကြ၍ တစ်ပါးတည်းသာ ကျန်ခဲ့သည်။[ကိုးကားချက်လိုသည်]
    ထိုသို့သီတင်းသုံးတောရဆောက်တည်နေစဉ် မုဒုံဘက်က တစ်ဦးက အရှင်ဉာဏိဿရအားပင့်သောကြောင့် တရားဟောခဲ့ရသည်။ ဝါကျွတ်ချိန်များတွင် ပုံမှန်ကြွရောက်၍ မွန်ပြည်နယ်ရှိ အချို့မြို့များကို တရားဟောကြွခဲ့သည်။ ထိုမှတဆင့် သဲကုန်းဆရာတော်အပြင် သပိတ်အိုင်ဆရာတော်ဟုလည်း လူသိများလာခဲ့သည်။[ကိုးကားချက်လိုသည်](သပိတ်အိုင်ဆရာတော်ကြီးနှင့် မရောထွေးရန်)
    တရားဟောပြောခြင်း
    သပိတ်အိုင်တောရတွင် လေးနှစ်ကြာမြင့်သောအခါ အနီးစခန်းဆရာတော်ကြီး လေဖြတ်၍ စစ်ကိုင်းသို့ပြန်ကြွခဲ့သည်။ သပိတ်အိုင်သို့ ပြန်မကြွဖြစ်ပဲ ဆရာတော်ကြီးကို ပြုစု၍ ဆရာတော်ကြီးသက်သာလာသောအခါ တရားပွဲများ၌ အနီးစခန်းဆရာတော်က မိနစ်အနည်းငယ်ဟောပြီး အရှင်ဉာဏိဿရကို ဆက်လက်ဟောခိုင်းလေ့ရှိသည်။ ဤသို့ဖြင့် မန္တလေးမြို့ မလွန်ဆန်လှူအသင်းကြီး၏ ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်လာခဲ့သည်။
    အသေးစိတ်ဖတ်ရှု့ရန်
    my.wikipedia.org/wiki/%E1%80%...
  • บันเทิง

ความคิดเห็น • 3

  • @user-wr2er3ie6h
    @user-wr2er3ie6h 8 วันที่ผ่านมา +1

    သာဓု သာဓု သာဓုပါဘုရား္Ground to Crown မှတ်သားရပါသည်

  • @uawsada1833
    @uawsada1833 2 วันที่ผ่านมา

    🙏🙏🙏

  • @user-yf6pf1rn2b
    @user-yf6pf1rn2b วันที่ผ่านมา +1

    သာဓု သာဓု သာဓု ပါဘုရား