Central Chiangmai Airport မှာ ဖုန်းဆင်းကဒ်ဝယ်

แชร์
ฝัง
  • เผยแพร่เมื่อ 3 ต.ค. 2024
  • Central Chiangmai Airport မှာ ဖုန်းဆင်းကဒ်ဝယ်
    Travel Jack
    ဒီနေ့မှာတော့ ထိုင်းရောက်လာပြီဆိုရင် မဖြစ်မနေ လိုအပ်တဲ့ ဖုန်းဆင်းကဒ် ဝယ်ယူတာကို တင်ဆက်ပေးလိုက်ပါတယ်။
    ထိုင်းနိုင်ငံမှာ ဖုန်းအော်ပရေတာတွေ အများအပြားရှိနေပြီး ဆင်းကဒ်တွေကိုလည်း လွယ်လင့်တကူ 7/11 နဲ့ ကုန်တိုက်သေးလေးတွေ ကုန်တိုက်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။
    ဖုန်းနံပါတ်က အလွန်အသုံးတည့်တဲ့ အရာတစ်ခုပါ။ ဘဏ်အကောင့်ဖွင့်တဲ့အခါ၊ ဈေးဝယ် အပလီကေးရှင်းတွေ အကောင့်ဖွင့်တဲ့အခါ၊ Line နဲ့အခြား ဆက်သွယ်ရေး App တွေ၊ အခြားသော အမျိုးမျိုးကိစ္စတွေမှာ ဖုန်းနံပါတ်က မဖြစ်မနေ သုံးရပါတယ်။
    ဒီအတွက်လည်း ပါ့ပို့စ်နဲ့ မှတ်ပုံတင်ပြီး ဝယ်ယူရပါတယ်။ ကျနော်တို့က Tourist Visa သုံးလရှိတဲ့ ပါ့ပို့စ်စာအုပ်နဲ့ AIS စင်တာမှာ သွားရောက်ဝယ်ယူခဲ့တာပါ။
    ဆင်းကဒ်ဈေးနူန်းက ဘတ် ၆၀ ကျော်လောက်ပဲ ကျသင့်တာပါ။ လစဉ် အင်တာနက် package ကတော့ ကိုယ့်ဘတ်ဂျက်နဲ့ ရွေးချယ်ဝယ်ယူနိုင်ပြီး ဈေးနူန်းတွေက လစဉ် ၂၀၀ ကျော်ကနေ သုံးနိုင်သလောက်အထိရှိပါတယ်။
    7/11 နဲ့ ကုန်တိုက်သေးလေးတွေမှာ ဝယ်ယူလို့ရပေမယ့် AIS စင်တာမှာ ကိုယ်တိုင်သွားဝယ်ဖြစ်တာက နံပါတ်တွေ ရွေးချယ်စရာပေါသလိုအင်တာနက် package တွေလည်း ရွေးချယ်စရာတွေများလို့ပါ။ စင်တာက ဝန်ထမ်းတွေကလည်း ကိုယ်နဲ့ကိုက်ညီမယ့် package တွေကို ကူညီရွေးချယ်ပေးပါတယ်။
    ဒီမှာနေသမျှမှာ ကိုယ်ဝယ်ယူလိုက်တဲ့ ထိုင်းဖုန်းကိုပဲ ကိစ္စအဝဝအတွက် အမြဲအသုံးပြုရမှာဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်မယ့် အော်ပရေတာရဲ့ စင်တာတွေမှာ သေချာရွေးချယ်ကာ သွားရောက် ဝယ်ယူဖြစ်ခဲ့တာပါ။
    ဒါကြောင့် ဒီနေ့မှာတော့ ဆင်းကဒ်သွားဝယ်တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျ။
    #TravelJack
    #AISSIM
    #LifeStory
    #ChiangMai
    #ThaiLand

ความคิดเห็น • 4