Travel jack
Travel jack
  • 155
  • 169 411
ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး မီးရထားဥမင်လှိုင်ခေါင်း Khun Tun
ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး မီးရထားဥမင်လှိုင်ခေါင်း Khun Tun
Travel Jack
ဒီတစ်ပတ်မှာတော့ Travel Jack တို့ ချင်းမိုင်ကနေ တစ်နာရီသာသာ သွားရတဲ့ လန်ဖန်းမြို့မှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး မီးရထား ဥမင်လှိုင်ခေါင်း Khun Tun Tunnel ဆီကို သွားရောက်ခဲ့ပါတယ်။
Khun Tun Tunnel က အရှည် ၁,၃၆၂ မီတာ ရှိပြီး ဘန်ကောက်နှင့် ချင်းမိုင်ကြားရှိ ထိုင်းနိုင်ငံ မီးရထားလိုင်း၏ မြောက်ပိုင်း လိုင်းမှာတည်ရှိပြီး ချင်းမိုင်ကနေဆို ၆၈ ကီလိုမီတာကွာဝေးပြီး ဘန်ကောက်ကနေဆို ၆၈၃ ကီလိုမီတာကွာဝေးပါတယ်။ ဥမင် လှိုင်ခေါင်းက Khun Tun National Park အတွင်းမှာ ရှိတာပါ။
Khun Tun Tunnel ကို ၁၉၀၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၁၈ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၁ နှစ်ကြာ တည် ဆောက်ခဲ့ရ တာပါ။
ဥမင်လှိုင်ခေါင်း စတင်ဆောက်လုပ်တုန်းက အဆိုပါနေရာဟာ တောနက်နေရာပါ။ တောထဲမှာ အန္တရာယ်ရှိသော တိရစ္ဆာန်တွေ များစွာရှိပြီး ဆောက်လုပ်ရေးမှာ အခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း လှိုင်ခေါင်းဆောက်လုပ်စဉ် အလုပ်သမား တစ် ထောင်ကျော် ငှက်ဖျားရောဂါ သို့မဟုတ် ခေါင်းပျော့ရောဂါကြောင့် သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဥမင်လှိုင်ခေါင်းပြီးတဲ့ ၁၉၁၈ ခုနှစ်ကလည်း ပထမကမ္ဘာစစ်ဖြစ်ပွားနေတာကြောင့် ၁၉၂၂ ကျမှ ဘန်ကောက်-ချင်းမိုင် မီးရထား လိုင်းနဲ့ Khun Tun Tunnel ကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းနဲ့ Khun Tun Tunnel က အခုဆိုရင်တော့ ခရီးသွားဧည့်သည်တွေကို စွဲဆောင်နေတဲ့ လှပတဲ့နေရာလေးတစ်ခုဖြစ်နေပြီး ပိတ်ရက်တွေဆိုရင် ဓည့်သည်တွေ တဖွဲဖွဲလာရောက်ကြရာနေရာ လည်း ဖြစ်နေပါပြီ။
ဒါကြောင့် Travel Jack က မီးရထား ဥမင်လှိုင်ခေါင်း Khun Tun ဆီသွားရောက်လည်ပတ်ခဲ့တာတွေကို တင်ဆက်ပေး လိုက်ရပါတယ်။
#TravelJack
#KhunTunTunnel
#KhunTunNationalPark
#Lamphum
#ChiangMai
#Thailand
มุมมอง: 129

วีดีโอ

မဲ့တောင်မှာ အပူရှောင်
มุมมอง 2274 หลายเดือนก่อน
မဲ့တောင်မှာ အပူရှောင်
Tourist Visa တစ်လ ဘယ်လိုသက်တမ်းတိုးမလဲ
มุมมอง 7145 หลายเดือนก่อน
Tourist Visa တစ်လ ဘယ်လိုသက်တမ်းတိုးမလဲ
Central Chiangmai Airport မှာ ဖုန်းဆင်းကဒ်ဝယ်
มุมมอง 875 หลายเดือนก่อน
Central Chiangmai Airport မှာ ဖုန်းဆင်းကဒ်ဝယ်
ချင်းမိုင်က ကုန်တိုက်တွေမှာ စျေးဝယ်ထွက်
มุมมอง 755 หลายเดือนก่อน
ချင်းမိုင်က ကုန်တိုက်တွေမှာ စျေးဝယ်ထွက်
ချင်းမိုင်မှာ အိမ်ဘယ်လိုဌားမလဲ
มุมมอง 3106 หลายเดือนก่อน
ချင်းမိုင်မှာ အိမ်ဘယ်လိုဌားမလဲ
ရန်ကုန်ကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့
มุมมอง 3206 หลายเดือนก่อน
ရန်ကုန်ကနေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့
၂၀၂၃ ခုနှစ် ချင်းမိုင် လွိုင်ကထုံပွဲတော်
มุมมอง 6810 หลายเดือนก่อน
၂၀၂၃ ခုနှစ် ချင်းမိုင် လွိုင်ကထုံပွဲတော်
ချင်းမိုင်မြို့ရဲ့နာမည်ကျော် Sunday Market
มุมมอง 9510 หลายเดือนก่อน
ချင်းမိုင်မြို့ရဲ့နာမည်ကျော် Sunday Market
Monjam သို့ တစ်ညတာ
มุมมอง 6310 หลายเดือนก่อน
Monjam သို့ တစ်ညတာ
တောအုပ်ထဲက မှော်ဆန်တဲ့ဘုရားကျောင်း Wat Pha Lat
มุมมอง 5410 หลายเดือนก่อน
တောအုပ်ထဲက မှော်ဆန်တဲ့ဘုရားကျောင်း Wat Pha Lat
Lamphun ပြည်နယ်က မီးပုံးတစ်ထောင်ပွဲတော်
มุมมอง 3211 หลายเดือนก่อน
Lamphun ပြည်နယ်က မီးပုံးတစ်ထောင်ပွဲတော်
Samoeng
มุมมอง 4811 หลายเดือนก่อน
Samoeng
မဲ့နတ်ဆည် (Mae Ngat Dam)
มุมมอง 6111 หลายเดือนก่อน
မဲ့နတ်ဆည် (Mae Ngat Dam)
ချင်းမိုင်မြို့က အလှဆုံးကျေးရွာလေး မဲ့ကန်ပေါင်
มุมมอง 121ปีที่แล้ว
ချင်းမိုင်မြို့က အလှဆုံးကျေးရွာလေး မဲ့ကန်ပေါင်
Central Festival
มุมมอง 191ปีที่แล้ว
Central Festival
Chiang Mai Night Life
มุมมอง 55ปีที่แล้ว
Chiang Mai Night Life
လွယ်ကထုန် မီးမျှောပွဲ
มุมมอง 213ปีที่แล้ว
လွယ်ကထုန် မီးမျှောပွဲ