မဲဆောက်က နွေဦးတမာန် ရုံးခန်းကို ထိုင်းအာဏာပိုင်တွေ ဝင်စီးတဲ့အခိုက်...

แชร์
ฝัง
  • เผยแพร่เมื่อ 9 มิ.ย. 2024
  • မဲဆောက်ရှိ နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖျက် သိမ်း၊ တရားဝင် လက်မှတ်ဖြင့် နေထိုင်သူ ထောက်/ပို့တာဝန်ခံကို ထိုင်းတာဝန်ရှိသူက ခြေထောက်ဖြင့်ကန်
    ရန်ကုန်၊ ဇွန် ၁၁
    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖျက်သိမ်းခဲ့ကြောင်း နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင် (ပဲခူး) က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
    ယမန်နေ့ ဇွန်လ ၁၀ ရက် ထိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နွေဦး တမာန်ရုံးခန်းကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တိုင်ကြားမှုဖြင့် ထိုင်းအာဏာပိုင် များက လာရောက်ဖျက်သိမ်းသဖြင့် ရုံးခန်းဖျက်သိမ်းနေစဉ် ထောက်ပို့တာဝန်ခံကို ထိုင်းအာဏာပိုင် များက အကြောင်းပြချက်မရှိဘဲ ခြေထောက်ဖြင့် ကန်ခဲ့ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ ဓာတ်ပုံနှင့် နိုင်ငံတော် အလံများကို သိမ်းဆည်းသွားကြောင်း သိရသည်။
    “ကျနော်တို့ရွှေ့ပြောင်းလုပ်သားတွေက တိုင်းပြည်ခွေးဆွဲခံနေရတာ ကြည့်မနေနိုင်လို့ နိုင်ရာကနေ စစ်ဘေးရှောင်ပြည်သူတွေကို ကူတယ်။ ထိုင်းအာဏာပိုင် ဥပဒေကိုလည်းလေးစားလိုက်နာတယ်။ ကျနော်တို့ အမြတ်တနိုး တန်ဖိုးထားရတဲ့ အမေစုနဲ့သမ္မတကြီးပုံကို ကျနော့်တို့အခန်းထဲက အိမ်ဦး ခန်း မှာချိတ်တာ ဘာဖြစ်လဲ။ မကြိုက်ဘူးဆိုရင်လည်း အေးဆေးပြောလို့ရတယ်၊ အေးဆေးဖြုတ်ပေးတယ်။ ဒါကို အနောက်ကနေ ဘာမပြော၊ ညာမပြောနဲ့ ခြေထောက်နဲ့ကန်တာကိုတော့ ထိုင်းအာဏာပိုင်တွေကို မေးခွန်းထုတ်ချင် တယ်။ ကိုယ့်နိုင်ငံထဲ ခိုလှုံအလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အခုလို အနိုင်ကျင့် ခြေထောက်နဲ့ကန် လို့ရပါသလားဆိုတာပဲ။” နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦး နိုင်(ပဲခူး) က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
    ထိုင်းအာဏာပိုင်များက ခြေထောက်ဖြင့် အနိုင်ကျင့်ကန်ခဲ့သည့် Video မှတ် တမ်းရိုက်ကူးရယူမိခဲ့သော်လည်း ထိုင်းအာဏာပိုင်များက ၎င်းဖုန်းကို သိမ်းဆည်းကာ ဓာတ်ပုံ Video များကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
    “ထိုင်းနိုင်ငံမှာရှိနေကြတဲ့ အခြားသော ထောက်ပို့အဖွဲ့တွေ အနေနဲ့လည်း အချင်းချင်း စည်းလုံးဝန်းရံ ပြီး အခုလို မြန်မာပြည်သူတစ်ဦးအား အကြောင်းမဲ့ ခြေထောက်နဲ့ကန် အနိုင်ကျင့်တဲ့ ထိုင်း အာဏာ ပိုင်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တက်ညီလက်ညီလုပ်ဆောင်ပေးစေချင်တယ်။ မင်း အောင်လှိုင်နဲ့ စကစ အနေနဲ့လည်း တော်လှန်ရေး ရုံးခန်းကိုပဲ ဖျက်ဆီးလို့ရမယ်၊ ရင်ထဲက တော်လှန်ရေးစိတ်ဓာတ် ကို လုံးဝ ဖျက်ဆီးလို့မရဘူး၊ အဆုံးအထိလျှောက်မယ်ဆိုတာ သိစေချင်တယ်” ဟု နွေဦးတမာန် ထောက်ပို့ပြန်ကြားရေး CDM ကျောင်းဆရာ နွေဦးနိုင်(ပဲခူး) က ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
    ယင်းရုံးခန်းတွင် အလုပ်လုပ်နေသူများအားလုံးသည် တရားဝင် စာရွက်စာတမ်း အထောက်အထားအပြည့်အစုံဖြင့် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း သိရသည်။
    Source - Khit Thit Media
  • บันเทิง

ความคิดเห็น • 4