အိပ်မက်မက်တယ် - ပက်ထရစ်

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • “ အိပ်မက်မက်တယ် “
    သံစဉ် - Alan Sorrenti - All Day In Love
    စာသား - ဂျေမောင်မောင်
    ဆို - ပက်ထရစ်
    Album - တွေ့တဲ့အတိုင်းပဲသူငယ်ချင်း (၁၉၈၇)
    “ မှုန်ရီရီဝေဝိုးတဝါး ကြယ်တွေမစုံတဲ့ညလေး
    ရင်ထဲရောက်လာတယ်ကွယ်
    ကိုယ်လေဟာနယ်လေးထဲ ရင်ခုန်နေဆဲဆဲမှာ
    ကိုယ့်ကြင်နာသူရယ် တိုးဝှေ့လို့သွား “
    “ မှုန်ရီဝေဝိုးတဝါး ကိုယ့်ညကမ္ဘာထဲ
    အိပ်မက်ကလေး တခုမက်နေတယ်
    ကိုယ့်ရင်ခွင်ထဲ မင်းအိပ်နေပါ အချစ်ရယ်
    ရင်ထဲကမင်းကိုတမ်းတလို့
    ကိုယ်ယောင်အော်နေဆဲ ကိုယ်ယောင်အော်နေဆဲ “
    “ မှုန်ရီဝေဝိုးတဝါး ကြယ်တွေရယ်မစုံတဲ့ည
    အချစ်က ရင်ထဲအပြေးကလေးရောက်လာတယ်ကွယ်
    ကိုယ်လေဟာနယ်လေးထဲ ရင်ခုန်နေဆဲဆဲမှာ
    ကိုယ့်ကြင်နာသူရယ် တိုးဝှေ့လို့သွား “
    “ မှုန်ရီဝေဝိုးတဝါး ကိုယ့်ညကမ္ဘာထဲ
    အိပ်မက်ကလေး တခုမက်နေတယ်
    ကိုယ့်ရင်ခွင်ထဲ မင်းအိပ်နေပါ အချစ်ရယ်
    ရင်ထဲကမင်းကိုတမ်းတလို့
    ကိုယ်ယောင်အော်နေဆဲ ကိုယ်ယောင်အော်နေဆဲ “
    “ ညလေးတည ကိုယ်မင်းနဲ့ဝေးမသွားချင်
    ကိုယ်အိပ်မက်လေးထဲမှာ ရင်မော
    ဘယ်မှာလဲအချစ်ရယ် ကိုယ်လေမဝေးသွားချင်ဘူး
    တကယ်ဝေးမသွားချင်ဘူး အိပ်မက်များ ရင်ထဲ “
    “ မှုန်ရီဝေဝိုးတဝါး ကြယ်တွေရယ်မစုံတဲ့ည
    ကိုယ်ရဲ့ရင်ထဲ အရောက်လာပါကွယ်
    ကိုယ်လေဟာနယ်လေးထဲ ရင်ခုန်နေဆဲဆဲမှာ
    ကိုယ့်ကြင်နာသူရယ် တိုးဝှေ့လို့သွား “
    “ မှုန်ရီဝေဝိုးတဝါး ကြယ်တွေရယ်မစုံတဲ့ည
    ကိုယ်ရဲ့ရင်ထဲ မင်းလေးအိပ်နေပါကွယ်
    ကိုယ်လေဟာနယ်လေးထဲ ရင်ခုန်နေဆဲဆဲမှာ
    ကိုယ့်ကြင်နာသူရယ် တိုးဝှေ့လို့သွား “
    “ အိပ်မက်မက်တယ် အိပ်မက်တယ်
    ကိုယ့်အချစ်ရယ် မင်းလေးနဲ့ကိုယ်ဝေးမသွားချင်ဘူး
    အိပ်မက်ထဲ အိပ်မက်တယ်
    ညရဲ့အလယ် ကိုယ့်စိတ်ထဲမှာ မင်းလေးဝိုးတဝါး “
    #yfsbicv #Patrick #JMgMg

ความคิดเห็น • 1

  • @user-nh9ux6yg5y
    @user-nh9ux6yg5y หลายเดือนก่อน

    ဂျေရီးလည်းကြားဖူးတယ် နောက်တယောက်ယောက် ? ရှိသေးတယ်ထင်တယ် ပက်ထရစ် ဆိုတာ ခုမှသိ