ပဋိပက္ခတွေကြောင့် ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းများဖျက်သိမ်း

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ပဋိပက္ခတွေကြောင့် ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းများဖျက်သိမ်း
    ++++++++++++++++++
    အရှေ့အလယ်ပိုင်းဒေသကို ပျံသန်းသွားလာကြမယ့် လေကြောင်းလိုင်းတွေဟာ စိုးရိမ်ပူပန်မှုတွေကြောင့် ခရီးစဉ်ကို မကြာခဏဖျက်သိမ်းနေကြရပါတယ်။ လက်ဘနွန်နိုင်ငံက ပိုမိုကြီးထွားလာတဲ့ ပဋိပက္ခတွေကြောင့် ဘေရွတ်လေဆိပ်ကို ဆိုက်ရောက်လာကြရမယ့် လေကြောင်းလိုင်းတွေဟာ ဖျက်သိမ်းမှုတွေပြုလုပ်နေရသလို အချို့လေကြောင်းလိုင်းတွေကတော့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
    ပြီးခဲ့တဲ့စနေနေ့က အစ္စရေးတို့နေရာယူသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ပေါ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လူ 12 ဦးအထိ သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် အစ္စရေးက အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုဟစ်ဇ်ဘိုလာတွေရဲ့ လုပ်ရပ်လို့ စွပ်စွဲထားပြီး လက်တုံ့ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
    ဟစ်ဇ်ဘိုလာတွေကတော့ အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပေမယ့် လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်တလျှောက်မှာတော့ ပဋိပက္ခတွေ ပိုမိုကြီးထွားလာမှာကို စိုးရိမ်နေကြတာပါ။ အဲဒီတင်းမာနေတဲ့အခြေအနေတွေကြောင့် တနင်္လာနေ့က ဂျာမနီနိုင်ငံ လပ်ဖ်သာဆာကနေ ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းတွေဟာ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
    FlightRader အက်ပ်လီကေးရှင်းက အချက်အလက်တွေအရ ဘေရွတ်ကို ပျံသန်းမယ့် တူရကီလေကြောင်းတွေနဲ့ အီသီယိုပီယန်လေကြောင်းလိုင်းတွေအပါအဝင် လေကြောင်းလိုင်းအားလုံးနီးပါး ခရီးစဉ်ကို ဖျက်သိမ်းထားတာဖြစ်ပါတယ်။
    လက်ဘနွန်နိုင်ငံပိုင်အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းကတော့ သူတို့ရဲ့လေကြောင်းလိုင်း ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတာဟာ အာမခံအတွက် စွန့်စားမှုအခြေအနေဖြစ်နေတာကြောင့်လို့ ပြောပါတယ်။ လက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာ လေယာဉ်ကွင်းတစ်ကွင်းသာရှိပြီး အဲဒီလေယာဉ်ကွင်းဟာ ပဋိပက္ခတွေဖြစ်ပေါ်လာတိုင်း အာရုံစိုက်ခံရတဲ့နေရာလည်းဖြစ်ပါတယ်။
    ယခင်ကဖြစ်ပွါးခဲ့တဲ့ လက်ဘနွန်ပြည်တွင်းစစ်နဲ့ အစ္စရေး-ဟစ်ဇ်ဘိုလာပဋိပက္ခတွေမှာ ဘေရွတ်လေဆိပ်ဟာ အားလုံးက ပစ်မှတ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ . . .။
    --------------------------------------------------------------
    ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ်
    မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era's Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။
    Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

ความคิดเห็น • 3

  • @Nilar-v6b
    @Nilar-v6b หลายเดือนก่อน

    အားလုံးအေးချမ်းစေ

  • @Nilar-v6b
    @Nilar-v6b หลายเดือนก่อน

    တရုပ်ကြီးရေ
    ပြည်သူ့ကျိန်စာ စူးမယ်နော်
    အားလုံးပြည်သူတွေလည်း
    အေးချမ်းပါစေ

  • @Nilar-v6b
    @Nilar-v6b หลายเดือนก่อน

    ငာတို့ပြည်လည်းငြိမ်းချမ်မှ အားလုံးလည်းအေးချမ်းမယ်တရုတ်
    ပြည်သူ့ဘက်ကရပ်