ကော်ရည်ခေါက်ဆွဲ လျှာဂျွမ်းပြန်ငပိထောင်းနည်း | Pounded Spicy Shrimp Paste

แชร์
ฝัง
  • เผยแพร่เมื่อ 4 ก.ค. 2024
  • လျှာဂျွန်းပြန် ကော်ရည်ခေါက်ဆွဲ ချက်နည်း
    • လျှာဂျွန်းပြန် ကော်ရည်...
    မှတ်ချက်
    --------------------------------------------
    - ကော်ရည်ခေါက်ဆွဲနဲ့တွဲစားမှာ ဖြစ်တဲ့အတွက် ပုဇွန်ငပိကိုများများသုံးထားပါတယ်။ ဒါမှ အရမ်းမစပ်ပဲ လေး ပင်ပင်လေးနဲ့ စားလိုကောင်းပါတယ်။
    - ကြာရှည်ခံပြီး မွှေးဖို့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ပုဇွနခြောက် လှော်ရပါတယ်။
    - ငပိထောင်းမို့လို့ အချိုမှုန့်သုံးပါတယ်။ ကြက်သားမှုန့်ဆိုရင် အနံံ့ရှိလို့ပါ။ ကြိုက်ရာသုံးပါ။
    - သူ့မှာ အငံဓါတ်ပါပြီးသားမို့ ဆား လျော့ထည့်ပါမယ်။ (ငပိထည့်ထားတဲ့အတွက် ငံတတ်ပါတယ်)
    - စားခါနီးမှ သံပုရာသီညှစ်ပါ။ အရသာ ပိုကောင်ပြီးး ပိုမွှေးပါတယ်။
    ပါဝင်ပစ္စည်းများ (4ယောက်စာ)
    ---------------------------------------------------------
    - ငရုတ်သီးစိမ်း လက်တစ်ဆုပ်စာ ( ကြိုက်ရာသုံးလို့ရ၊ ရောလို့ရ)
    - ပုဇွန်ငပိ (၁)ဇွန်း (တိုး၊ လျော့နိုင်)
    - ကြက်သွန်ဖြူ (၃)မွှာ
    - ပုဇွန်ခြောက် (၁)ဇွန်း
    - သံပုရာသီး (၁)လုံး (Optional)
    - ပုဇွန်ခြောက်မှုန့် (၁)ဇွန်း (optional)
    - ငရုတ်ကောင်းမှုန့် (optional)
    - အချိုမှုန့်၊ ဆား အနည်းငယ်
    အားလုံးပဲစားကောင်းကြပါစေ။
    ချက်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်း များကို မျှဝေပေးသွားမှာမို့ ဗီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် Like, Share and Subscribe လုပ်ပြီးအားပေးသွားကြပါအုန်းရှင့်။
    ဤ channel မှ videoများအား တခြား social mediaပေါ် တွင်ခွင့်မတောင်းဘဲတင်ခြင်း လုံး၀(လုံး၀) မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
    Blooming Melody by Keys of Moon | / keysofmoon
    Music promoted by www.chosic.com/free-music/all/
    Creative Commons CC BY 4.0
    creativecommons.org/licenses/...

ความคิดเห็น •