အသီးရွက်စုံ ရခိုင်ဟင်းလှော်ချက် | Rakhine Miexd Vegetable Curry

แชร์
ฝัง
  • เผยแพร่เมื่อ 17 ต.ค. 2024
  • မှတ်ချက်
    အိုးဆူလာရင် မီးအေအေးနဲ့ဆက်တည် ပေးပါမယ်။ ဒါမှရေထပ်ထည့်စရာမလိုပဲ သူ့ရေလေးနဲ့သူ အသီးရွက်တွေနူးမှာပါ။ မီးပြင်းနဲ့တည်ရင် အိုးကပ်ပြီး ရေထပ်ထည့်ရပါလိမ့်မယ်။
    အခုချက်ထားတာက အရည် ခြောက်ချက်ထားတာပါ။ အရည် လေးနဲ့စားချင်ရင် အိုးမချခင် ရေမြုပ်ရုံထည့်ပြီး ဆူအောင်ချက်ပြီး မှအိုးချလို့ရပါတယ်။
    မျှစ်ကြိုက်ရင်ထည့်လို့ရပါတယ်။
    ကြက်ဟင်းခါးသီးမကြိုက်ရင် မထည့်လို့ရပါတယ်
    ပါဝင်ပစ္စည်းများ (4ယောက်စာ)
    -----------------------------------------------------------------
    ရုံးပတီသီး (၈)တောင့်
    ပဲသီး တစ်စီးရဲ့တစ်ဝက်
    သခွါးသီး သေး(၃)လုံး (အကြီးသုံးလည်းရ)
    ကြက်ဟင်းခါးသီး သေး(၁)လုံး (မထည့်လည်းရ)
    ငရုတ်သီး (၂)တောင့်
    ပုဇွန်ငပိ လက်ဖက်ရည်ဇွန်း (၁)ဇွန်း
    ဆီ ထမင်းစားဇွန်း(၁)ဇွန်း (မထည့်လည်းရ)
    ကြက်သွန်နီတစ်ခြမ်း
    ရေ၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့် ၊ဆား အနည်းငယ်
    အားလုံးပဲစားကောင်းကြပါစေ။
    ချက်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်း များကို မျှဝေပေးသွားမှာမို့ ဗီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် Like, Share and Subscribe လုပ်ပြီးအားပေးသွားကြပါအုန်းရှင့်။
    ဤ channel မှ videoများအား တခြား social mediaပေါ် တွင်ခွင့်မတောင်းဘဲတင်ခြင်း လုံး၀(လုံး၀) မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
    Walk Around by Roa | / roa_music1031
    Music promoted by www.chosic.com...
    Creative Commons CC BY 3.0
    creativecommon...

ความคิดเห็น •