လျှာဂျွန်းပြန် ကော်ရည်ခေါက်ဆွဲ | Starchy Gravy Noodle/ Lor Mee Recipe

แชร์
ฝัง
  • เผยแพร่เมื่อ 4 ก.ค. 2024
  • ကော်ရည်နဲ့ တွဲစားဖို့့ ငပိထောင်းနည်းကို အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။ video အရမ်းရှုပ်ပြီး ရှည်သွား မှာစိုးလို့ ၂ ခုခွဲထားတာပါ။
    • ကော်ရည်ခေါက်ဆွဲ လျှာဂျ...
    မှတ်ချက်
    ---
    - အသီးအရွက်နဲ့ ခေါက်ဆွဲ ပြင်ဆင်တာကို ကြက်သားပြုတ်ထားတုန်း လုပ်လို့ရပါတယ်။ videoထဲမှာရှုပ်နေမှာစိုးလို့ တစ်ခုချင်းစီသပ်သပ်ရိုက်ပြထားပါတယ်။
    - ကြက်သားအသားတောင်ပံပေါင်ကြိုက်ရာသုံးလို့ရပါတယ် မသုံးလည်းရပါတယ်(ကျွန်မအသားများများနဲ့ချက်ချင်လို့သုံးထားပါတယ်)
    - ကြက်ရိုးပဲသုံးပြီးချက်လို့ရပါတယ်။
    - အနံမွှေးဖို့ နာနတ်ပွင့် ထည့်ရပါတယ်။ ၁ပွင့် ၂ပွင်ဆို လုလောက်ပါတယ်။ အရမ်းများရင် အနံ့ငြီး တတ်ပါတယ်။
    - ဒီနည်လေးက အနံအရသာနဲ့ ပြည့်စုံပြီး အေးသွားလည်း မကျဲသွားတဲ့နည်းပါ။ ချက်ရတာလည်း အလွယ်ဆုံးဖြစ်ပြီး အရသာရှိပါတယ်။
    - ဟင်းရည်အရသာကို ပေါပေါ့ပဲ လုပ်ထားပါတယ်။ ငပိထောင်းနဲ့တွဲ စားရင် အရသာ တော်ပဲဖြစ် အောင်ပါ။
    ပါဝင်ပစ္စည်းများ (၈) ပွဲစာ
    ---
    - ကြက်ရိုး (၁၅)ကျပ်သား
    - ကြက်သား (ပေါင်၊ အသား၊တောင်ပံ၊ ခြေထောက်ကြိုက်ရာသုံးလို့ ရ) (Optional)
    - ကြက်သွန်ဖြူ ကြော် (၃)ဇွန်း
    - ကြက်ဥ (၁) လုံး
    - ကော်မှုန့် (၁)ထုတ်
    - နာနတ်ပွင့် (၂)ပွင့် (ကြိုက်က ပိုထည့်နိုင်)
    - ကြွက်နားရွက်မှို လက်တစ်ဆုပ်စာ (optional)
    - ကန်ဇွန်း (Optional)
    - ပဲပင်ပေါက် (Optional)
    - ပဲငံပြာရည်အကြည် (၄)ဇွန်း
    - ပဲငံပြာရည်အနောက် (၁)ဇွန်း
    - သကြား (၄)ဇွန်း
    - ခေါက်ဆွဲ (ကြက် ဥ ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ မိမိကြိုက်ရာသုံးလို့ရ)
    - ရေ (၁.၈) လီတာ
    - ငရုတ်ကောင်း၊ ဆား၊ ကြက်သားမှုန့် အနည်းငယ်
    အားလုံးပဲစားကောင်းကြပါစေ။
    ချက်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းချက်နည်း များကို မျှဝေပေးသွားမှာမို့ ဗီယိုလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် Like, Share and Subscribe လုပ်ပြီးအားပေးသွားကြပါအုန်းရှင့်။
    Lovely by Alex-Productions | onsound.eu/
    Music promoted by www.chosic.com/free-music/all/
    Creative Commons CC BY 3.0
    creativecommons.org/licenses/...
    ဤ channel မှ videoများအား တခြား social mediaပေါ် တွင်ခွင့်မတောင်းဘဲတင်ခြင်း လုံး၀(လုံး၀) မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ความคิดเห็น •