English အသံထွက်ညံ့နေရင် IPA သင်လိုက်ပါ အပိုင်း(၁)

แชร์
ฝัง
  • เผยแพร่เมื่อ 18 พ.ย. 2023
  • ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ အင်္ဂလိပ်စာကို အများကြီးသင်ခဲ့ရပေမယ့်လည်း အင်္ဂလိပ် အသံထွက်က လုံးဝမတိုးတက်လာခဲ့ကြပါဘူး။ သင်ကြားပေးတဲ့ ဆရာဆရာမအများစု ကိုယ်တိုင်ကလည်း အသံထွက်အမှားတွေ၊ မပီသမှုတွေ အများကြီးရှိနေကြပါတယ်။ ဒါကလည်း English စကားနဲ့ ထိတွေမှုနည်းတာ၊ ခေါက်ရိုးကျိုးပညာရေးစနစ်ရဲ့ အားနည်းချက်တွေကြောင့် ဖြစ်လို့ ဆရာဆရာမတွေကိုပဲ အလုံးစုံအပြစ်ပုံချလို့တော့ မရပါဘူး။ English အသံထွက် မကောင်းတဲ့ ကျောင်းသားတစ်ယောက်ဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းပြီးတော့ စာဖတ်ခိုင်းတဲ့အခါ မဖတ်ရဲတာ၊ ကြောက်ရွံ့နေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ကိုယ့်ထက် အသံထွက်ကောင်းတဲ့သူတွေဆီက ငပိအသံ ဆိုပြီး လှောင်ပြောင်တာမျိုးတွေ ခံရလာတဲ့အခါ ပိုပိုပြီး စိတ်အားငယ်လာတတ်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို ဒီလိုအခက်အခဲများ မကြုံရအောင် ကူညီဖြေရှင်းပေးသင့်ပါတယ်။ ကျောင်းသားကျောင်းသူများအနေနဲ့ English အသံထွက်ကောင်းအောင် phonetics ဘာသာရပ်ကို လေ့လာသင်ယူသင့်ပါတယ်။
    ⭐ English Phonetics ဆိုတာဘာလဲ။
    . English Phonetics သည် အင်္ဂလိပ်စာ အသံထွက်ကို ပီပြင်အောင်လေ့ကျင့်ယူနိုင်သော နည်းလမ်းတစ်သွယ်ဖြစ်ပါသည်။ သေချာစွာ လေ့ကျင့်ယူပါက အသံထွက် မပီပြင်မှုများ၊ အသံထွက် မှားယွင်းမှုများကို အကုန်လုံးနီးပါးပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းများတွင် မတက်ရောက်နိုင်သောသူများ၊ နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုကင်းသော ကျောင်းသားကျောင်းသူများအတွက် အထူးသင့်တော်သော ပညာရပ်ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများဆရာဆရာမများအတွက် Yinn Academy မှ IPA သင်တန်းဖွင့်လှစ်ထားတာရှိလို့ Yinn Academy Facebook page မှာ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

ความคิดเห็น • 3