စစ်မှုထမ်းဟောင်းကြီးရဲ့ ဆိုက်ကားပေါ်က အိပ်မက်
ฝัง
- เผยแพร่เมื่อ 23 ก.ย. 2024
- အထင်းသားမြင်နေရတဲ့ ခြေတုတစ်ဖက်နဲ့ မချွတ်တမ်းဆောင်းထားတတ်တဲ့ စစ်မှုထမ်းဟောင်းဦးထုပ်တစ်လုံးက သူ့ရဲ့ သင်္ကေတပါပဲ။ ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်းထောင့်ဝန်းကျင် သွားလာနေသူတွေကတော့ အဲဒီ ဦးမြင့်သောင်ဆိုသူကို သိကြပါတယ်။ အထူးသဖြင့်တော့ အဲဒီခြေတုတစ်ဖက်နဲ့ ဆိုက်ကားနင်းနေတဲ့ ဦးမြင့်သောင်ကို လူတွေက စိတ်ဝင်စား သတိထားမိနေကြတာပါ။
ပြည်တွင်းစစ်တစ်ခုမှာ ခြေတစ်ဖက်ကို ပေးဆက်လိုက်ရတဲ့ ဦးမြင့်သောင်ကတော့ အခုဆိုရင် စစ်တပ်က ပင်စင်ယူထားပီး ဆိုက်ကားနင်းနေတာ ၁၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက စစ်တပ်ထဲဝင်ရောက်နေပြီး၊ တိုက်ပွဲပေါင်း ၁၀၀ ကျော်မှာ တိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ ၁၉၈၈ ခုနှစ်အတွင်းက စစ်မြေပြင်တစ်ခုမှာ မိုင်းထိခဲ့ချိန်မှာတော့ သူ့ရဲ့ တပ်ကြပ်ဘ၀နဲ့ ဘယ်ဘက်ခြေတစ်ဖက်ကိုပါ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
တိုင်းပြည်အတွက် ခြေတစ်ဖက်စွန့်လွှတ်ခဲ့ရတဲ့ ဦးမြင့်သောင်ဟာ အခုတော့ မိသားစုဝမ်းရေးအတွက် ခြေအစုံကို အားပြုရတဲ့ ဆိုက်ကားသမားကြီး ဖြစ်နေပါပြီ။ စစ်တပ်က ထွက်ခါစက သူတို့မိသားစုအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပီး သားသမီး လေးယောက်နဲ့ နေထိုင်ဖို့တောင် ဒုက္ခရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
အရင် တပ်ထဲက ဗိုလ်မှူးဟောင်းတစ်ယောက်ရဲ့ အကူအညီနဲ့ အောင်ဆန်းပုံနှိပ်စက်ရုံဝင်းမှာ လုပ်ကိုင်ခွင့်ရခဲ့တာမို့ သူတို့ မိသားစုအတွက် နေစရာ အဆင်ပြေခဲ့တာပဲ ဖြစ်ပါတယ်။
မနက်ဆို ဆိုက်ကားနင်း၊ ညဘက်ဆို ဂိုထောင်စောင့်လုပ်နေရပေမယ့်လည်း မိသားစုအတွက် ဦးမြင့်သောင်ဟာ မပင်ပန်းဘဲ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ဘ၀ကို ရှိတာလေးနဲ့ တင်းတိမ်နေပေမယ့် သူ့သမီးလေးကိုတော့ ပညာတက်ကြီး ဖြစ်စေချင်နေတာပါ။ ၂၀၂၀ ဆို သူရဲ့ ညဘက်ဂိုထောင်စောင့်အလုပ်က ပင်စင်ယူရတော့မှာ ဖြစ်ပါတယ်။ ပင်စင်ရပြီဆိုရင် သူတို့ နေဖို့အတွက် သူထပ်ပီး ရုန်းကန်ရအုံးမှာပါ။
ဦးမြင့်သောင်ရဲ့ အိပ်မက်က အိမ်ကလေးတစ်လုံးရဖို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လတိုင်းထီထိုးရင်း မျှော်လင့်ချက်တွေနဲ့အတူ လက်တွေ့ဘဝမှာတော့ ဆိုက်ကားတစ်စီးနဲ့ ရုန်းကန်ရင်းပေါ့။
ရုပ်သံသတင်းထောက် - အောင်မျိုးထွန်း၊ ယဉ်မွန်
ထီပေါက်ပါစေ ဦး2
တိုင်းပြည် အတွက် ဦးလေး တာဝန်ကျေသွားပါပြီ ကျန်းမာ ပါစေ ဦးလေး
ဦးလေးရေ လေးစားတယ် ပိုပီးသဘောပျတာ စစ်သားတွေဟာ သူတို့ စစ်မတိုက်ရတော့ပေမယ့် သူတို့ မျက်တနိုးထားတဲ့ စစ်ဦးထုပ် နဲ့ အချိန်ကို သိအောင် လူတထူးနဲ့မတူအောင် နာရီကို လက်မှာ အမြဲပတ်ထားကျပါတယ် အရမ်းသဘောကျတယ်
တပ်က်ြကြိးတွေကသာပေးစပ်ပြိ.အနိမ်ခံဘဝပါ
ထီဆုကြီး ပေါက်ပါစေ ဦးလေးရယ်..
ထီပေါက်ပါစေလို့ဆုတောင်းပေးပါတယ်...
လေးစားထိုက်သူကို လေးစားလိုက်ပါ.ဂုဏ်ယူထိုက်သူကိုဂုဏ်ယူလိုက်စမ်းပါ.ရီရွယ်ချက်တွေအောင်မြင်ပါစေ
ထီမြန်မြန်ပေါက်ပါစေရှင်နက်တွေဘုရားတွေမပါစပါရှင်
စိတ်မကောင်းလိုက်တာအဘရယ်ခံစာခွင့်ရှိသင့်ပါတယ်
မိဘရင်းချာလို ခံစားရတယ် အမြန်ဆုံးကိုယ်ပိုင်အိမ်ကလေးဝယ်နိုင်ပါစေ..ထီဆုကြီးလဲ မြန်ဆုံးပေါက်ပါစေဗျာ.....
မြန်မြန်ထီပေါက်ပါစေရှင်
ဦးဦး. ထီပေါက်ပါစေ. ရှင်
သူတို့တွေလိုဘဝမျိုးတွေအများကြီးရှိပါတယ်မြင်တွေ့ရဝမ်းနည်းတာကလွဲးပြီးကိုယ်ဘာမျာူလုပ်ပေးနိုင်မလဲးသူတို့ရဲ့အိမ်မက်မျှော်လင့်ချက်တွေ၊ပြည့်ပါစေလို့ဘဲဆုတောင်းပေးပါတယ်
ကံကောင်းပါစေ
သူများနိုင်ငံမှာဆို
တသက်စာနစ်နာ
ကြေးပေးတယ်
စိတ်မကောင်းလိုက်တာ...us မှာဆိုစစ်မှုထမ်းတွေဆိုအခွင့်ထူးတွေအများကြီးရတယ်အခုလိုတိုက်ပွဲမှာဒဏ်ရာရတယ်ဆိုအစိုးရကအပြည့်အဝတာဝန်ယူတယ်။
စိက်မကောင်ဖြစ်မိပါတယ်
ကျန်းမာပါစေ
မိုက်ရဲလိုက်တာ ဒီလောက် တိုင်းပြည်အတွက် ခြေတဘက်တောင်စွန့်ခဲ့တာ ဒီလို့ဘဝမျိုးနဲ့နေနေရတာ 😭😭😭😭😭😭ဘာပြောရမှန်းမသိဘူးငိုခြင်းတယ်
ကဲ
အမိတပ်မတော်
အဖတပ်မတော်ဆို
အခုဘယ်လိုဖြစ်ရတာလဲ
တကယ်စိတ်မကောင်းဘူးဦးရယ် ထီမြန်မြန်ပေါက်ပါစေ
လူကြီးတွေသေရင်ငရဲဂျိုးကပ်မှာ
ဒီလိုလူတွေကိုကူညီသင်တယ်
စိတ်မကောင်းလိုက်တာ😢😢
ကျန်တဲ့နိုင်ငံတော့မရောက်ဖူးပါဘူးထိုင်းမှာတော့စက်ရုံနော်အသက်၆၀ထိဆိုအနားပေးပြိးမထွက်ခင်၂လအလို့မုန့်လုပ်နည့းစက်ရုံထဲမှာသင်ပေးတယ်နောက်ထွက်သွားရင်းဘတ်၂သိန်းရင်းစားဖို့ပေးတယ်မြန်မာပြည်ကအလကားဘဲ
စီးပွားရေးအဆင်ပြေပါစေ
မျက်ရည်တောင်ကျမိတယ်။စိတ်မကောင်းအရမ်းဖြစ်မိပါတယ်။အစစအရာရာအဆင်ပြေပါစေလို့ အဝေးတစ်နေရာကနေ ဆုတောင်ပေးနေပါတယ်ခင်ဗျာ
ထီပေါက်ပါစေနော်ဦးလေး
လိုတာအားလုံအမြန်ဆုံရနိုင်ပါစေ
ထီပေါက်ပါစေရှင့်
လိုရာဆုတွေပြည့်ပါစေဦးကြီး
ထီပေါက် ပါစေဦးလေး
ပြည်တွင်းစစ် ၊ဆိုတာ ဘယ်တုန်းက ဖြစ်လိုက်တာလဲ ဗျ။
တိုင်းရင်းသား တွေ နဲ့  ဖြစ်တဲ့  ပွဲ ဆိုရင်တော့ ၊မြန်မာ့ တပ်မတော် စစ်ဗိုလ်ချုပ်တွေ
ရာထူး တက်ဘို့  ခြေထောက်တဖက် စွန့်  လိုက်ရပြီး ဘဝဆိုး ကို ရောက်ခဲ့ ရတဲ့ 
စစ် ဓါးစာခံ ပေါ့။ လူသား ချင်း ကိုယ်ချင်းစာပါတယ်။ လူ အချင်းချင်း လှဲ့ ပါတ်မှု အောက်က
ဘဝ ဆက်တိုင်း ကင်းလွတ်နိုင်ပါစေ လို့  ဆုတောင်းပေးပါတယ်။
ထီပေါက်ပါစေကျွန်တော်ဆူတောင်ပေလိုက်ပါတယ်
မိသာစုအပေါ်လဲတာဝန်ကျေတဲ့ယောကျာကောင်းပီသတဲ့အဘစာတင်လောက်တယ်
ကြည့်ပြီးစိတ်မကောင်းဘူး။
စိတ်မကောင်းလိုက်တာ ...
စစ်သား စစ်တပ် မလောက်ကြပါနဲ့
ကရင်ပြည်နယ်မှာ
ဖြတ်၎ဖြတ်ဖျက်၎ဖျက်ခေတ်တုန်းကလာပြီးတိုက်ခိုက်ဖူးမှာပေါ့နော်
အဆင်ပြေပါစေ
အစ်ကို လိုအင်ဆန္ဒ အမြန်ပြည့်ပါစေ......
ထီပေါက့်ပါစေဦး
fighting uncle.....
အဘရယ်ကူညီချင်လိုက်တာရှိတဲ့သူတွေကူညီကြပါလာရှင်
ရဲဘျော တှေ ကဂျိူင်းေထာက်ဗိုလ်ချူပ် ကြီး တှေ လကျ ညိုး ထိုး တို ကျ
ဆောကျ ရေ် တနျးမ်ာရဲ ဘျော တှေ
အ သကျ ပြောကျနောကျ တနျး မ်ာ အဘ တှေ အ ရကျ သောကျ လှတျ တျော ထဲ ရောကျ
ကြည်ပြိစိတ်မကောင်းဘူးမျက်ရည်ကျမိတယ်ရှင့်
လူမသိသူမသိအများကြီးရှိ..
တကယ်တိုက်ရတာဘယ်သူလဲ
တကယ်ခံစားနေကြတာ????
ပေါက်စေဦးရဲစိတ်မကောင်းပါဘူး
😢😢
😭😭😭😭😭
Sad
သူတောင်းစား မဖြစ်ဘူနော
😢
Ma Ma မြန်မာ စစ်မူးထမ်းဟောင်း ဆိုရင် ငတ်သေတာမနည်းတော့ဘူး စစ်တက်ကိုအထင်ကြီးလေအမာ သူတွက်တော့စိတ်မကောင်းပါဘူး
စိတ်မကောင်းပါဘူးဦးလေး
စိတ်မကောင်းဘူး
😧
တကယ်စိတ်မကောင်းပါဘူး
Win Htut ဘယ်သူမှတာဝန်ရှီလည်း
.
.
.
.
မြန်မြန်ပေါက်ပါစေသိန်းထီးကြီးဆုတောင်းပေးပါတယ်
ကျန်တဲ့နိုင်ငံတော့မရောက်ဖူးပါဘူးထိုင်းမှာတော့စက်ရုံနော်အသက်၆၀ထိဆိုအနားပေးပြိးမထွက်ခင်၂လအလို့မုန့်လုပ်နည့းစက်ရုံထဲမှာသင်ပေးတယ်နောက်ထွက်သွားရင်းဘတ်၂သိန်းရင်းစားဖို့ပေးတယ်မြန်မာပြည်ကအလကားဘဲ
သားကဦးလေကိုလေစားတယ်မိသညစုကျေပွန်တဲ့ဦးလေ
😢😢😢နိမ့်ကျတဲ့လူကအမြဲတမ်းဒီအတိုင်းပဲသွားနေမှာလားအမြန်ဘဝပေးကံကောင်းဘာဗစ😞😞😞😞
စစ်မူထမ်းဟောင်းတွေကိုအထက်ကအိမ်ယာလေးပေးစေ့ခြင်ပါတယ်ထီဆုကြိးပေါက်ပါသေ
ဗမာတပ်ဘဝခွေဘဝနှင်တူတယ်လက်တွေ့အမျာကြီမြင်ရတယ်
ဦးဦးထီပေါက်ပါစေ
ကျမ္မာချမ်းသာပါစေ