How To Make The Best Chicken Curry At Home / ကြက်သားဟင်း

แชร์
ฝัง
  • เผยแพร่เมื่อ 25 พ.ค. 2024
  • Chicken Curry. Tasty Chicken Curry for Beginner.
    တစ်သက်မှာအနည်းဆုံတစ်ခါလောက် ချက်စားကြည့်သင့်တဲ့ ကြက်သားဟင်းချက်နည်းလေးပါ။
    ပါဝင်ပစ္စည်းတွေကတော့
    ကြက်သား ၅၀ ကျပ်သား
    ကြက်သားမှုန့်
    ဆားအနည်း
    နနွင်းမှုန့်
    ငံပြာရည်
    ဂျင်း
    ကြက်သွန်နီ
    ငရုပ်သီးအတောင့်
    ငရုပ်မှုန့်
    ပျဥ်းတော်သိမ်ရွက်တို့ ဖြစ်ပါတယ်။
    အရင်ဦးဆုံး ရေဆေးပြီးသန့်စင်ထားတဲ့ ကြက်သားတွေကို ဆား၊ ကြက်သားမှုန့်၊ နနွင့်မှုန့်တို့နယ် နယ်ပြီးနှပ်ထားပေးပါ။ ငရုပ်သီးတောင့် ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုပ်အစိမ်းမှုန့်တို့ကို ရောထောင်းပြီး ရလာတဲ့ အနှစ်တွေကို နှပ်ထားတဲ့ ကြက်သားထဲထည့်မယ်။ ပြီးရင် ဆီထည့်မယ်။ အားလုံးကို သေချာလေး ဆုပ်ဆုပ်ပြီးနယ်ပေးပါ။ နယ်ပြီးရင်စပြီးချက်လို့ရပါပြီ။ နယ်ထားတဲ့ဟင်းတွေကို မီးအေးအေးလေးနဲ့ ဆီပြန်တဲ့အထိ တည်ထားပါမယ်။ မွေမွေပေးပါ။ လုံးပြီးဆီပြန်လာရင် ရေအနည်းငယ်ထည့်ပြီးမွေပေးပါ။ ပြီးရင်အဖုံးအုပ်ပြီးတည်ပါ။ ရေလေးခမ်းသွားရင်ရေအနည်းငယ်ထပ်ထည့်ပါမယ်။ ရေနည်းနည်းစီထည့်ချက်တာက ဟင်းအရသာကို ပိုကောင်းစေပါတယ်။
    ဆီလေးပြန် ရေလေးကျန် အရသာကလည်း ကောင်းနေပြီဆိုရင် ပျဥ်းတော်သိမ်အရွက်လေး ခပ်ပါမယ်။
    အရွက်ထည့်ပြီး အထက်အောက်မွှေပေးပါ။
    ခုဆိုရင် အနံ့မွေးမွေးလေးနဲ့ အရမ်းစားကောင်းတဲ့ ကြက်သားဟင်းတစ်ခွက် စားဖို့ရပါပြီ။
    ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်
    Subscribe လေး နှိပ်ပြီး အားပေးခဲ့ပါအုံးနော်။
    မုန့်ဟင်းခါးချက်နည်း - How to Cook Mohinga ( Mote Hin Gar )
    • Street Food in Myanmar...
    🥰🥰🥰
    Cooking with Nay Zar Channel ကို
    လာရောက်လည်ပတ်သူများအားလုံး
    ကိုယ်စိတ်နှစ်ပါးအေးချမ်းသာယာပြီး
    ဘေးရန်ကင်းကွာ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေရှင်... 🙏🙏🙏
    #ကြက်သား #ကြက်သားဟင်းချက်နည်း #ကြက်သားမဆလာ #ဟင်းချက်နည်းအမျိုးမျိုး #cookingwithnayzar #cooking #chicken #spicyfood #မြန်မာ့အစားအစာ #အိမ်ချက် #cookingchannel #curry #myanmarfood #burmesefood #burmafood #homecook #chickencurry #chickenrecipe #chickendinner #lunch

ความคิดเห็น • 23