#poem

แชร์
ฝัง
  • เผยแพร่เมื่อ 28 ต.ค. 2023
  • #poem #ငါ့ကောင်ရေ #writer #ဆန်းကျော်စွာဝင်း #reader #ironbutterfly #revolutionmodernpoem #မော်ဒန်ကဗျာ #တော်လှန်ကဗျာ
    ငါ့ကောင်ရေ
    ------------------
    ဖက်ကြမ်းဆေးလိပ် ရဲခနဲဖွာ
    ရမ်ခွက်ကို ပက်ခနဲမော့ပြီး
    တွယ်ငြိစရာ ဘာမှမရှိတော့ပါဘူးကွာ...လို့ပြောရင်း
    အဝေးကို ငေးနေတဲ့မျက်လုံးတွေမှာ
    တွယ်ငြိဖူးတဲ့တစ်စုံတစ်ရာကို လွမ်းနေပုံရတယ်
    ငါ့ကောင်ရေ....
    အမှတ်တရဆိုတာမျိုးက
    ပြန်တွေးတိုင်း နာနေရရင်
    အနာတရလို့ပဲ ခေါင်းစဥ်တပ်ကြတာပေါ့ ။
    ငါတို့ဟာ
    ရည်းစားဦးကိုလွမ်းသလိုမျိုး
    ဆီစျေးအဟောင်းကို လွမ်းရ
    ဆန်စျေးအဟောင်းကို လွမ်းရ
    ဒါကြီးမဖြစ်ခင်ကလေ
    ဒါကြီးမဖြစ်ခင်ကပေါ့...ဆိုပြီး
    အရင်က အခွင့်ရေးအကုန် လွမ်းရ ။
    တိုင်းတပါးသားများ
    iphone ၁၅ထွက်လို့ တန်းစီနေချိန်မှာ
    Supreme ဒီဇိုင်းသစ်ကို တန်းစီနေချိန်မှာ
    ငါတို့ဟာ
    ကာကွယ်ဆေးထိုးဖို့ တန်းစီရ
    passport တန်းစီရ
    စက်သုံးဆီ တန်းစီရ
    စားသုံးဆီ တန်းစီရ
    ဆန်ညိုကြမ်း တန်းစီရ
    ငါ့ကောင်ရေ....
    ဆေးဝါးရှားတဲ့ခေတ်မှ
    အနာရောဂါ ထူပြောလွန်းတယ်ဆိုပြီး
    ငါတို့ဟာ မချိမဆန့် ညည်းညူနေရ
    ခွေးတွေလို
    ကိုယ့်အနာ ကိုယ့်လျှာနဲ့ပြန်ယက်ပြီး
    ဂျင်းပြုတ်ရည်နဲ့ ကင်ဆာကိုအန်တုရတဲ့ဘဝ။
    သောကကို စက်ဘီးထဲထည့်နင်းရတဲ့ စျေးဗန်းတွေ
    နေ့ပြန်တိုးကို ခေါင်းပေါ်ရွက်ထားတဲ့
    ဗျက်ထိုးစျေးသည်တွေ
    ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ
    ကြွက်ထောင်၊ကြွက်ဖမ်းစားသူတောင်
    ထမင်းဝခဲ့တဲ့ခေတ်ကို လွမ်းတယ်ပြောတဲ့အခါ
    မရယ်စမ်းပါနဲ့ ငါ့ကောင်ရ။
    ခေတ်ပျက်ကြီးထဲ ဖြစ်ထွန်းသူတွေမြင်တဲ့အခါ
    ခေတ်ပျက်လို့ ဘဝပျက်သူတွေမြင်တဲ့အခါ
    စားပွဲတစ်ဝိုင်းစာ သိန်းဆယ်ချီရှင်းကြသူတွေ
    စားပွဲဝိုင်းပေါ်မှာ ငပိရည်တစ်ခွက်ပဲရှိသူတွေ
    ဒီကမ္ဘာမှာ
    လိပ်ပြာသန့်တဲ့ ထမင်းဖြူဖြူပူနွေးနွေးဟာ
    စားလို့အကောင်းဆုံးဖြစ်သလို
    သောကကင်းတဲ့ ခေါင်းအုံးဟာ
    အိပ်လို့အကောင်းဆုံးပါ
    ဒါပေမယ့်...ငါ့ကောင်ရေ
    ငွေမရှိရင် လူမပြောနဲ့
    မင်းမွေးထားတဲ့ခွေးတောင်
    ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမယ်။
    ဒီလိုပါပဲ ငါ့ကောင်ရာ...
    ခေတ်တစ်ခု ပျက်ပြီဆို
    ခေါင်းကိုက်ပျောက်ဆေး ဝယ်သလိုမျိုး
    မူးယစ်ဆေးဝါးဝယ်ရတာ လွယ်လာတယ်
    ဒီခေတ်ကြီးထဲ
    ကလပ်ကအပြန် အိပ်မပျော်လို့တဲ့
    ချေဂွေဗားရား စာအုပ်ကြီး
    စူးစူးနစ်နစ် ဖတ်နေတဲ့ ငါ့ဘော်ဒါ
    တိရိစ္ဆာန်ချစ်သူများတွေ့ဆုံပွဲကို
    သားရေပိုက်ဆံအိတ် အကောင်းစားကြီးနဲ့
    ပွဲတက်လာတဲ့ ငါ့သူငယ်ချင်း
    ကားလ်မာ့ခ်ဝါဒ ပါးစပ်ကမချတဲ့
    အထည်ချုပ်စက်ရုံမန်နေဂျာ
    ဘဒ္ဒကမ္ဘာမှာ
    ဘုရားတစ်ဆူပွင့်ဖို့ကျန်သေးတာမို့
    ချွတ်စရာသတ္တဝါတွေ ချန်ထားမှဖြစ်မယ် ။
    ငါ့ကောင်ရေ.....
    သမုဒ္ဒရာထဲမှာလည်း
    ရေမကူးတတ်တဲ့ ငါးတွေအများကြီးပဲ
    ဝမ်းတစ်ထွာမှာ
    မင်းရော ငါရော နစ်နေပြီမဟုတ်လား
    ငိုဖို့ရာ ကြောက်ရတဲ့ခေတ်မှာ
    ရယ်ဖို့ရာ ရှက်ရကောင်းမှန်းသိရင်
    အနည်းငယ် လူပီသတာပေါ့
    "ဒီကမ္ဘာမှာ
    လူ့အဖွဲ့စည်းကို အနွေးဓါတ်ပေးဖို့ရာ
    နှလုံးသားထက်သင့်တော်တဲ့ မီးလင်းဖို မရှိပါဘူး ”
    #ဆန်းကျော်စွာဝင်း

ความคิดเห็น • 17

  • @zawmin9546
    @zawmin9546 หลายเดือนก่อน +1

    ငိုချင်တယ်ငါ.ကောင်ရေ

  • @soemyanmar5611
    @soemyanmar5611 29 วันที่ผ่านมา +1

    ဘဝသရုပ်6ဖါ်စာ6တာ္်လုိက်တာချီးကျူးပါတယ်သား6လး

  • @user-qp4rx6gg1s
    @user-qp4rx6gg1s 13 วันที่ผ่านมา +1

    မမနုကြည် ကဗျာကိုအကြိုက်ဆုံးပဲ။

  • @nangpupu2313
    @nangpupu2313 28 วันที่ผ่านมา +1

    😢😢😢

  • @user-KeeZar
    @user-KeeZar 22 วันที่ผ่านมา +1

    နောက်ကြောင်းတွေ ပြောကြမယ်ဆို လွမ်းစရာတွေ နာစရာတွေ

  • @YoeMahar
    @YoeMahar หลายเดือนก่อน +1

    😢😢😢😢😢😢

  • @user-zw1xe9we3o
    @user-zw1xe9we3o 27 วันที่ผ่านมา

    very good

  • @user-hb4wi8zd7h
    @user-hb4wi8zd7h หลายเดือนก่อน

    💪💪💪💪💪👍👍👍💯

  • @utin1777
    @utin1777 หลายเดือนก่อน +3

    ကိုဗစ် ကြီးကစော်ကားလိုက်လို့ ဝမ်းနည်းနေတုန်း ကိုစစ်ကြီး က မဒိမ်း ထပ်ကျင့်ပြန်တော့ ငိုဖို့တောင် မျက်ရည်မရှိတော့ပါဘူး

  • @dawnmyatmyint4885
    @dawnmyatmyint4885 28 วันที่ผ่านมา +1

    ငါ့ကောင်ရေ ညစဥ်တွေ့မြင်ကြားသိရတဲ့သတင်းတွေက ဝေဒနာပြပွဲကြီးကိုဝင်ကြည့်ရသလိုလို ရောဂါရှာဖွေရေးဓါတ်ခွဲခန်းက အဖြေတွေဖတ်ရသလိုလို ကုထုံးမရှိသလို ဆေးမသိသလိုလို ဆေးမရှိသလို လိုရောဂါတွေကမျိုးစုံ.သက်သာလာဖို့ အားကိုးစရာ သမားတော်ကြီးတွေကအနာနဲ့ဆေး ကိုက်အောင်မပေး ပျောက်ကင်းသက်သာဖို့ဝေလာဝေး.ကြာလာတော့လဲ ေရာဂါပဒေသာ ထပ်တိုးလာပြန်ဒါက စိတ်ကျ ရောဂါ ငါတကယ်ဖြစ်နေပြီ

  • @user-ep7df6yv4z
    @user-ep7df6yv4z หลายเดือนก่อน +1

    😢😢😢❤❤❤😢😢😢❤❤❤😢😢😢❤❤❤

  • @mgmgchit5909
    @mgmgchit5909 หลายเดือนก่อน +1

    ❤❤❤❤

  • @user-fh1qm9oz9l
    @user-fh1qm9oz9l หลายเดือนก่อน +1

    ❤❤❤❤❤❤

  • @kaythi9737
    @kaythi9737 หลายเดือนก่อน +1

    😢😢😢😢😢❤❤❤

  • @7days-bj2ri
    @7days-bj2ri 23 วันที่ผ่านมา

    င ကောင်ရေ လမ်းတံတားတွေ ဖြတ်ရတာ ပျော်ရဲ့လာ.
    ငကောင်ရေ ကိုယ်လူမျိုးအချင်းချင်း သတ် နယ်မြေလုနေကြတာ ပျော်ရဲ့လး..
    နောက်ဆုံး
    ငကောင်ရေ တရူတ်နဲ့ ကုလားသိမ်းသွားမ ကိုယ်လူမျိုးအချင်းချင်း ပြန်မချစ်ကြပါနဲ့....

    • @user-wb8zj7oo2p
      @user-wb8zj7oo2p 15 วันที่ผ่านมา

      ဘောမခွေးသူခိုး

  • @NgweOo007
    @NgweOo007 8 หลายเดือนก่อน +2

    တစ်စုံတစ်ရာကို လွမ်းမိနေတုံးပါပဲ...😔😔😔 မအေလိုး မအ​လရေ မင်းကြောင့်ကွ