#poem

แชร์
ฝัง
  • เผยแพร่เมื่อ 24 มี.ค. 2023
  • တရားမကျတာကို ဘုရားမတာ ထိုင်စောင့်နေရမှာလားအမေ
    ----------------------------------------------------
    တရားမကျတာကို
    ဘုရားမတာ ထိုင်စောင့်နေရမှာလား အမေ။
    ဆူးလေဘုရားပေါ် လူတွေစည်ကားနေတော့
    တစ်ကိုယ်လုံးမီးကျွမ်းနေတဲ့ အညာကဗုဒ္ဓရုပ်ပွားတော်ဟာ
    ပြာပုံထဲကနေ တဟားဟားလှောင်ရယ်နေတယ်။
    အလုပ်အကိုင်အဆင်မပြေပါဘူးလို့
    တိုက်ကြီး၊ တာကြီးနဲ့လူတွေ
    ခိုလိုညည်းနေပြန်တော့
    စစ်ရှောင်စခန်းက ဆာလောင်ငတ်မွတ်မှုတွေကို
    ဘယ်ပုဒ်မနဲ့ စွဲချက်တင်ရမလဲ။
    အိမ်ခြေရာမဲ့ လူငယ်တစ်ယောက်ရဲ့ နှလုံးသားမှာ
    စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတဲ့
    အမေ့မျက်ရည်စတွေရယ်...
    ငြိမ်သက်နေတဲ့ပင်လယ်ကိုမှ သစ္စာဖောက်ပြချင်တဲ့
    ယုတ်မာလှိုင်းတံပိုးတွေအပေါ် ဟန့်တားလိုတဲ့
    အနုပညာကျောက်သားအပိုင်းအစတွေရယ်...
    နောက်ပြီး ရေပေါ်ဆီအသိုင်းအဝိုင်းက အလံဖြူပြခဲ့လေသူ
    မြန်မာမေဂျာတတိယနှစ်
    ကျောင်းသူလေး မမနွယ်ရယ်...
    ကျနော် အရူးလက်မှတ်မလိုပါဘူးအမေ။
    အနုပညာမသိ
    ကိုယ်ကျင့်တရားမရှိတဲ့ လူ့အဖွဲ့အစည်းထဲ
    တကယ်သာနေချင်စရာကောင်းရင်
    ဗုဒ္ဓလည်း တောမထွက်ဘူး။
    မြို့မငြိမ်းလည်း အုတ်ကားအောက်ပြေးမဝင်ဘူးဆိုတဲ့
    ဆောင်းဦးသွင်ရဲ့ ကဗျာစာသားလို
    သည်တိုင်းပြည်မှာသာ
    လူ့လွတ်လပ်ခွင့်တွေ အကျဥ်းချမခံရရင်
    အမေ့သားအကြီးကောင်ဟာ
    ခုလို လူသတ်လက်နက်တွေကို
    သားသတ်သမားတစ်ယောက်လို သွေးရူးသွေးတန်း ကိုင်နေစရာလိုလို့လား။
    လင်ကောင်းသားကောင်းမလိုချင်ဘူး။
    ဒီမိုကရေစီပဲ လိုချင်တယ်...။
    အိမ်ကိုပဲ မီးရှို့လို့ရမယ်။
    စိတ်ဓာတ်နဲ့ မြေကို မီးရှို့လို့မရဘူးဆိုတဲ့
    ပြည်သူ့လက်မောင်းသား
    အဖုအထစ်တွေကိုမြင်တော့
    နိုင်ငံကျော်ကဗျာဆရာ
    တစ်ယောက်ဆိုတာထက်
    နိုင်ငံကို ပျော်စေမယ့်
    အုတ်ချပ်ကလေးတစ်ချပ်သာ
    ကျနော်ဖြစ်ချင်ခဲ့တယ်။
    နိုင်ငံသားတစ်ယောက်ရဲ့
    အခွင့်အရေးဆိုတာထက်
    နိုင်ငံသားတစ်ယောက်မှမပိုတဲ့
    လူ့အမျိုးအစားတစ်ရပ်သာ
    အသွေးအသားကနေ ရူးရူးနှမ်းနှမ်း တောင့်တနေခဲ့တယ်။
    ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တာချင်းအတူတူ
    တစ်သက်မှာတစ်ခါတော့
    ပျားရည်ဆမ်းအိပ်မက်တွေကို
    ဟိုလူကြီးတွေလို ရေမရောစတမ်း
    ချိုချင်ကြတာပေါ့အမေ။
    နှင်းတွေလွင်လွင်ကလေး စွေလာပြီ။
    အချိုးအဆိတ်ခံရတဲ့ နိုင်ငံတော်ဟာရော
    ဘယ်တော့ ရွက်သစ်စွေလာလေမလဲ။
    မှဲ့ခြောက်တွေဝေနေတဲ့
    ကျနော်ဖိနမ်းနေကျ
    အမေ့ပါးတစ်ခြမ်းဟာ
    ရာသီသုံးပါးလုံး သူပုန်တစ်ကောင်ရဲ့အလွမ်းဒဏ်ရာတွေပေါ့။
    နင်ဟာ ဘာမှအဖြစ်မရှိတဲ့ကောင် ဆိုတဲ့
    မြန်မာမေဂျာက မမနွယ်ရဲ့
    ငြူစူမျက်စောင်းလေးဟာ
    ရိုးတွင်းခြင်ဆီထဲမှာ ခုထိကို ကိန်းအောင်းနေတုန်းပဲ။
    ကိုယ့်ဓမ္မနဲ့ကိုယ် ဆော့ခရတ္တိလို
    ကျနော်ရဲရဲကြီးမော့ချလိုက်တဲ့
    အဆိပ်ခွက်မှာ
    ဘယ်အဖိနှိပ်ခံလူတန်းစားရဲ့ မျက်ရည်မှ မူးလို့ရှူစရာ မပါခဲ့ရပါဘူး။
    တရားမကျတာကို
    ဘုရားမတာ ထိုင်စောင့်နေရမှာလားအမေ...။
    #နှင်းရိပ်နွေ

ความคิดเห็น • 21

  • @antygyi765
    @antygyi765 ปีที่แล้ว +3

    ဘုရားမတာထိုင်စောင့်နေမ့ဲအစား
    ဘေးထိုင်ဘိုင်ကြပျော်ပျော်နေလိုက်ပါသို့တည်းမဟုပ်လက်နက်ဆွဲကိုင်လိုက်ပါ

  • @NgweOo007
    @NgweOo007 ปีที่แล้ว +3

    ဘုရားမတာမစောင့်နိုင်လို့ ကျွန်တော်တို့ရုန်းခဲ့ကြတာ မှားလားအမေ

  • @susuaung1887
    @susuaung1887 ปีที่แล้ว +2

    Again ,again i still listening.

  • @phyolwin3566
    @phyolwin3566 ปีที่แล้ว +2

    Thanks

  • @nyanhtet199
    @nyanhtet199 ปีที่แล้ว +2

    Yes hello good luck

  • @user-wl2dm2gb7j
    @user-wl2dm2gb7j ปีที่แล้ว +2

    Fighting!!
    ❤❤❤❤❤

  • @Zarni-ec7vo
    @Zarni-ec7vo 8 หลายเดือนก่อน +1

    အလေးပြုပါတယ် စာဆိုစစ်သည်
    နှလုံးသွေးနဲ့ရေးတဲ့စာတေမို့
    စာလုံး တစ်လုံးတိုင်းက
    လေးနက်ခိုင်ကျည်။
    အညာသူအမေအရွယ်မို့
    သွေးထဲအထိစိမ့်ဝင်တဲ့စာ
    ငါ့  အလွမ်းကို ပြေစေခဲ့ သားရယ်။

  • @nyeinnyein1350
    @nyeinnyein1350 8 หลายเดือนก่อน +1

    တော်လိုက်တာ

  • @orisaorisa2143
    @orisaorisa2143 ปีที่แล้ว +2

    To be continue fighting...

  • @htayaung4563
    @htayaung4563 8 หลายเดือนก่อน +1

    ထိတယ်ဗျာ သုံသွားတဲ့ စကားလုံးတွေက😭😭😭

  • @susuaung1887
    @susuaung1887 ปีที่แล้ว +2

    😭😭😭😭😭😭🙏🙏🙏

  • @mahtarkhin
    @mahtarkhin หลายเดือนก่อน +1

    Dwa
    Adw

  • @HtOo-qf5fy
    @HtOo-qf5fy 6 หลายเดือนก่อน +1

    ❤❤❤❤❤

  • @laaungyoutubechannel2361
    @laaungyoutubechannel2361 5 หลายเดือนก่อน +1

    😢

  • @user-zb4fb4zs4f
    @user-zb4fb4zs4f 8 หลายเดือนก่อน

    🤝🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

  • @user-kt3ph9vq4y
    @user-kt3ph9vq4y 6 หลายเดือนก่อน

    စာသားတစ်လုံးခြင်းဆီတိုင်းကအဓိပ္ပာယ်အပြည့်ပါပဲ

  • @KoKo-pu2lk
    @KoKo-pu2lk 5 หลายเดือนก่อน

    မအလနဲ့အား​ပေး​ထောက်ခံသူအ​ပေါင်းပါများအကုန်tttပါ​စေ❤❤❤❤❤💪💪💪💪💪💪💪

  • @user-jo3bq6uk4r
    @user-jo3bq6uk4r 3 หลายเดือนก่อน

  • @user-dd2gq2qb1f
    @user-dd2gq2qb1f 4 หลายเดือนก่อน

    စစ်ရှောင်:သူနာ?