လားရှိုးမြို့ ရမခ မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း မိသားစုဝင် ၄၄၅ ဦးကို MNDAA နှင့် PDF လွှတ်ပေး ရုပ်သံ

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • လားရှိုးမြို့ ရမခ မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း မိသားစုဝင် ၄၄၅ ဦးကို MNDAA နှင့် PDF ပူးပေါင်းတပ်က ထပ်မံ လွှတ်ပေး(ရုပ်/သံ)
    ရန်ကုန်| ဩဂုတ် ၇
    ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း မိသားစုဝင် ၄၄၅ ဦးကို MNDAA နှင့် PDF ပူးပေါင်းတပ်က ထပ်မံ လွှတ်ပေးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
    ဩဂုတ်လ ၆ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း မိသားစုဝင် ၃၈၅ ဦးကို လွှတ်ပေးပြီးနောက် ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ၄၄၅ ဦးကို ထပ်မံလွှတ်ပေးခြင်းဖြစ်ကြောင်း သိသည်။
    "မနေ့က စစ်သုံ့ပန်း မိသားစုဝင် လွှတ်ပေးလိုက်တာက ၃၈၅ ဦးပါ။ ဒီနေ့က ၄၄၅ ဦး ထပ်လွှတ်ပေးတာပေါ့ SSPP လည်း လာရောက် ပူးပေါင်း ကူညီခေါ်ဆောင်ပေးပါတယ်။ MNDAAနဲ့ PDF ပူးပေါင်းတပ်တွေက လွှတ်ပေးလိုက်တာပါ" ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ความคิดเห็น •