#Darkside

แชร์
ฝัง
  • เผยแพร่เมื่อ 28 มี.ค. 2023
  • ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးကနေ ခရီးသွားကြတဲ့အခါ ဘေးတစ်ဖက်မှာ မှိုင်းညို့ညို့စိုင်းနေတဲ့ ပဲခူးရိုးမတောင်တန်းကြီးကို ငေးမောကြည့်မိကြလိမ့်မယ်ထင်ပါတယ်။ ဒီတောင်တန်းကြီးတွေပေါ်မှာ စိမ်းစိုနေတဲ့တောအုပ်ကြီးတွေ၊ ရင်သပ်ရှုမောစရာ သဘာ၀အလှအပတွေအပြင် သက်ရှိမျိုးစိတ်ပေါင်းများစွာလည်း ရှင်သန်ကျက်စားနေကြပါတယ်။ ဒီလိုအလှတရားတွေနဲ့ အံ့မခန်းပြည့်စုံနေတဲ့ ပဲခူးရိုးမကြီးထဲမှာ ကျွန်တော်တို့ မသိနိုင် မမြင်နိုင်တဲ့ အမှောင်ဘက်ခြမ်းတွေလည်း ရှိနေပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ ပဲခူးတိုင်းဒေသကြီးတစ်ခုအတွင်းမှာပဲ သစ်တောပြုန်းတီးမှုဟာ ၂၂ ရာခိုင်နှုန်းခန့်ကို ရှိနေပါတယ်။ ပဲခူးတိုင်းအတွင်းက စုစုပေါင်းသစ်တောဧရိယာဟာ ဒီနေ့အချိန်မှာတော့ 8.0% ပမာဏအထိကို လျော့ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါဟာ ကြောက်စရာကောင်းတဲ့ ပမာဏပါ။ ဒီလိုသစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ဖို့အတွက်ဟာ သစ်တောဦးစီးဌာနတစ်ခုတည်းနဲ့တင် မလုံလောက်နိုင်တော့ပါဘူး။ သစ်တောသစ်ပင်ကို ချစ်ခင်သူတွေအား လုံး လက်တွဲပြီး ကာကွယ်ဖို့လိုအပ်လာပါပြီခင်ဗျာ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဟာ ပဲခူးရိုးမထဲက ချို့ယွင်းချက်တွေ၊ အမှောင်ဘက်ခြမ်းတွေကို မိဘပြည်သူများသိအောင် အရဲစွန့်သွားရောက်ကူး တင်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။

ความคิดเห็น •