#Bago
ฝัง
- เผยแพร่เมื่อ 21 ส.ค. 2024
- ဒီတစ်ခေါက်တော့ ပဲခူးရိုးမထဲမှာ တောင်ယာလုပ်တဲ့မိသားစုတွေအကြောင်းရိုက်ကူးပြီးတဲ့ နောက် ပဲခူးရိုးမထဲက မြောင်သာတောအုပ်ဘက်ကို ခရီးဆက်ခဲ့ကြပါတယ်။ မြောင်သာ တောကြီးထဲကိုမရောက်ခင် ကျွန်တော်တို့ လမ်းမှာတွေ့ကြုံခံစားခဲ့ရတဲ့ ပဲခူးရိုးမရဲ့ ရှုမောစရာ သဘာ၀အလှတရားတွေကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
ဲလူသူမရောက်နိုင်တဲ့ တောတောင်တွေထဲအထိ သွားပြီး စွန့်စားရိုက်ကူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လဲ အဲလို တောတောင်သဘာဝအလှတွေ များများရိုက်ပေးပါ
မြင်တွေ့ရလို့ကျေးဇူးတင်ပါတယ်
thanksgiving 😊😊😊
ချောင်းတွေကိုသဘောကြတယ်Love it
i want to go this place
❤❤❤❤
အတူသွားနေသလိုမျိုး သေချာရိုက်ကူးပေးလို့ ကျေးဇူးပါ🎉
ဟုတ် အခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုယ်ရောက်ဖို့မလွယ်တဲ့နေရာရှုခင်းတွေမြင်ရလို့ကျေးဇူးပါ။တိလေးတွေကိုအမဲလိုက်တာတော့ဝမ်းနည်းပါတယ်။
ကိုယ်တွေနေတဲ့မြို့ရဲ့တောင်ပဲ😂
အရင်ကရောက်ဖူးတယ်
အရမ်းစိတ်ဝင်စားတယ်ဗျာ အဲ့တော့ထဲကရွာလေးတွေကို သွားပြပါလာအကို အရမ်းသာယာလိုက်တာ တစ်ခေါက်လောက်တော့ ရောက်ဖူးချင်တယ်ဗျာ🙏🙏🙏🙏
ဟုတ်ကဲ့ပါ နောက်တစ်ခေါက်သွားတဲ့အခါ တောထဲက ရွာလေးတွေအပြင် ရွာပျက်ကြီးတွေအကြောင်းပါ ရိုက်ပြပေးပါ့မယ်
10:7 ရေအိုင်နားမှာ ရီးစားနဲပြတ်တဲ့လူ အဲ့နေရာရောက်သွားရင် ငိုမိမှာအမှန်ပဲဗျာ အရမ်းဆွေလို့ကောင်းမဲ့နေရာ အဲ့လိုနေရာတွေမှာ သီးချင်းရေးရရင်တော့ အနှစ်တွေကြီးပဲထွက်လာမှာ♥️♥️♥️♥️♥️
ပဲခူးရိုးမကလည်းဝါးတောဘဲမြင်ရတယ်။ဝါးဘဲကျန်တော့တယ်
ပျော်လိုက်တာကြည်နူးမိပါရဲ့
အဲ့ထက်လှချင်ရင် သံပုရာခုံချောင်း သွားရိုက်ရင်ပိုလှတယ်😅
ညအိပ်စခန်းချတာ ညအတွေ့အကြုံးလေးပါရမယ် အခုဟာက မင်းသားက ရိုက်ကူးရေးလုပ်နေသလိုဘဲ တောအတွေ့အကြုံဘာမှမရဘူး လူတိုင်းက အဲ့လိုသာယာတယ်ထင်နေမယ် တောအကြောင်းတောင်အကြောင်း ဘယ်လိုလဲ ညဘက်လေးရိုက် ပြပါ
ခရီးပြန်စပြီပေါ့ဆရာ❤❤❤❤❤ကျေးဇူးပါပဲခူးရိုးမအကြောင်းကိုမှတ်တမ်းတင်ပေးတဲ့အတွက်
ဟုတ်ကဲ့ ပြန်စနေပြီ အကိုရေ
တောတိုး တောင်တက်ရတာ ပျော်လို့
သုံးနစ်လောက်နေဘူးတယ်
အကို့ကိုအားကျတယ်တယ်
ကျွန်တော်လဲအဲ့လိုလေ့လာရေးခရီးသွားချင်တာ
ခရီးသွားပါ အားပေးတယ်။ အခုတော့ တောင်ပေါ်မှာ အခြေအနေမကောင်းလို့ တက်လို့မရတော့ဘူး။
@@myanmaradventuretraveler2752 ကျွန်တော်တို့ ဆီလဲလာခဲ့ပါစိတ်ဝင်စားစရာတွေအများကြီးပဲ
မန္တလေးတိုင်းမတ္တရာမြို့နယ်မတ္တရာမြို့မှာပါမန္တလေးမြောက်ဘက်၂၁မိုင်ဝေးပါတယ်
@@myanmaradventuretraveler2752 ဥပမာ ဘာနဲ့တီးတီးဖန်ခွက်ကိုဝါးတူနဲ့တီးသလိုပဲ
@@myanmaradventuretraveler2752 အသံမြည်ပါတယ်
@@ShineNayYaung ဟုတ်ကဲ့ပါ မန်းမြေကိုလဲ လာဖို့အစီအစဉ်ရှိပါတယ်။
တော်တော်ဝေးဝေးရောက်သွားတာပဲ အမြန်လမ်းဘေးက ရေပြာအိုင်😢
ဘာသားကောင်တွေ တွေ့လဲအကို
မျောက်နဲ့ စပါးကြီးတော့ တွေ့တယ်။ ဒါပေမယ့် မပစ်ခဲ့ကြပါဘူးဗျာ
နိုင်ငံအေးချမ်းသာယာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ခရီးသွားလုပ်ငန်းနဲ့တင် အကျိုးအမြတ်တွေ မနည်းဘူး😊👍
သိပ်မှန်တာပေါ့ bro တိုင်းပြည်က မအေးချမ်းတော့ ဆုံးရှုံးနေရတာက အများကြီးပဲ
အကိုပဲခူးရိုးမထဲက ကောလိရချောင်း ဆည်အထက်မှာ မင်းပုန်းတောင်ရှိတယ်တောင်ထိပ်မှာ ဘုရားတဆူတည်ထားတယ် ရှေ့ခေတ်က ဘုရင်တွေပုန်တယ်ပြောတယ် မင်းလမ်းချောင်းဖြောင့်လည်းရှိတယ် ဖြောင့်ဖြူးနေတာပဲ ရိုက်ကူးရေးလုပ်မယ်ဆိုအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ထူးစမ်းတဲ့နေရာတွေရှိတယ် ကောလိရချောင်းက ဒိုက်ဥိးမြို့ကိုးရေဆင်းတယ် အားပေးနေပါတယ်ဗျာဗဟုသုတရပါတယ်
ဟုတ်ကဲ့ပါ အကိုရေ တစ်နေ့တော့ အကိုပြောပြတဲ့နေရာကို ရောက်အောင်သွားပါ့မယ်။ ကျတော်လည်း အဲလို ဆန်းဆန်းပြားပြားနေရာမျိုးတွေဆို စိတ်ဝင်စားပါတယ်
တောသဘာ၀ကိုပုံဖော်ပေးလိုကျေးဇူးပါအကို❤
ဟုတ်ကဲ့ အားပေးတဲ့အတွက် ကျေးဇူးပါ အကို
ပြီးသွားပြီလားဘရို။ အမဲလိုက်တာ တင်ပေးဖို့ကျန်သေးလား
တင်ဖို့ကတော့ ကျန်ပါသေးတယ်ခင်ဗျ။ တောထဲသွားတာချည်းပဲ ခဏခဏတင်နေရင် ကြည့်ရတာ ငြီးငွေ့သွားမှာစိုးလို့ပါ။ မကြာခင် ဆက်ပြီးတင်ပေးသွားပါ့မယ်ခင်ဗျ။
ငှက်ကလေးတောင်ကိုရောက်အောင်သွားပါလား အစ်ကို
ကိုပိုက်တို့ လင်းမြင့်လှိုင်တို့နဲ့ မတွေ့ခဲ့ဘူးလား
သူတို့ရေးတဲ့ မုဆိုးစာအုပ်တွေဖတ်ပြီး စိတ်အားထက်သန်ခဲ့ရတာပါ။ idol ကြီးတွေနဲ့ အပြင်မှာတစ်ခါလောက် ဆုံဖူးချင်တယ်
တွတ်ပီနဲ့တွေ့ခဲ့တယ်
@@myanmaradventuretraveler2752 ဟုပ်တယ် ကျနော်လည်းသူတို့ ဇာတ်လမ်းတေနားထောင်ပီး ဟုပ်မဟုပ်သိချင်နေတာ သွားမယ်ပြန်ရင် လမ်းပြငှါးပီး
ပဲခူးရိုးမထဲမှာရှိတဲ့အိုင်ညီနောင်ဆိုတဲ့ရွာလေးကိုရောက်ဖူးတယ်
ခရုဖင်ချွန်နဲ့ကင်မွန်းချင်တာလပေါ့ရှယ်ဘဲ
ဂေဟစနစ်ထဲမှာရှိနေတဲ့တိရိစ္ဆာန်တွေကိုရှင်သန်ခွင့်ပေးစေလိုပါတယ်
ဟုတ်ကဲ့ပါခဗျ နောက်တစ်ကြိမ်တက်တဲ့အခါ တောင်ပေါ်မှာ အမဲလိုက်တဲ့သူတွေကို ရှားပါးငှက်မျိုးစိတ်တွေနဲ့ ဆောင်းခိုငှက်တွေအကြောင်း ဗဟုသုတအနေနဲ့ ပညာပေးနိုင်ဖို့ အခုပြင်ဆင်နေပါတယ် ခဗျ။ အမဲလိုက်တယ်ဆိုတာထက် သားကောင်တွေကို သဘာဝအတိုင်း ကြည့်ရှုတာမျိုးပဲ လုပ်ခဲ့ကြပါတယ်။ နောက်လာမယ့် vlog မှာ အဲဒီအကြောင်းလေးလည်း ထည့်သွင်းပေးထားပါတယ်။ အကြံဥာဏ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခဗျာ