ချင်းမိုင်မြို့ရဲ့နာမည်ကျော် Sunday Market

แชร์
ฝัง
  • เผยแพร่เมื่อ 3 ต.ค. 2024
  • ချင်းမိုင်မြို့ရဲ့နာမည်ကျော် Sunday Market
    Video By - Travel Jack
    ချင်းမိုင်မြို့ရဲ့အလယ်တည့်တည့်မှာရှိပြီး တနည်းအားဖြင့် မြို့ဟောင်းကြီးထဲက လမ်းမတွေဖြစ်တဲ့ Ratchadamnoen Road လမ်းမနဲ့ Ratpakinai Road လမ်းမမှာ တနဂ်နွေညတိုင်း ပြုလုပ်တဲ့ လမ်းလျှောက်ညဈေးကြီးပဲဖြစ်ပါတယ်။
    ချင်းမိုင်ရောက်လို့ Sunday Market မရောက်ရင် ချင်းမိုင်မရောက်ဘူးလို့တောင် ပြောလို့ရတဲ့အထိ နာမည်ကျော်ကြားလှတဲ့ ကြီးမားရှည်ရှားတဲ့ လမ်းလျောက်ဈေးကြီးပါပဲ။
    တနင်္ဂနွေညနေ ၄ နာရီဆို စျေးစဖွင့်ပါပြီ။
    စျေးအဝင်လမ်းတစ်ခုဖြစ်တဲ့ Tha Phae Gate မှာ လမ်းတွေပိတ်ဆို့တတ်တာကြောင့် သင့်တော်တဲ့နေရာမှာ မိမိ ကား (သို့မဟုတ်) ဆိုင်ကယ်ကို ရပ်ထားပြီး လမ်းလျှောက်လည်ပတ်တာအကောင်းဆုံးပါ။
    စျေးထဲမှာ ကြည့်ရှုဝယ်ချင်စရာတွေ များလွန်းတာကြောင့် ဝင်ပြီးရင် ပြန်ထွက်ဖို့တောင် မေ့နေစေမှာပါ။
    ဈေးထဲမှာ ထိုင်းဒေသခံတွေရယ် ၊ နိုင်ငံတကာခရီးသွားဧည့်သည်တွေ တိုးလို့မပေါက်အောင် စည်ကားနေတတ်ပါတယ်။
    ရိုးရာလက်မှုပစ္စည်းတွေ ၊ အထည်တွေ ၊ အလှဆင်ဖို့ အိမ်သုံးကုန်ပစ္စည်းတွေနဲ့ ၊ ပန်းချီကားတွေ ၊ ဖိနပ်တွေ ၊ လက်ဝတ် ရတနာတွေ ၊ အမှတ်တရပစ္စည်းတွေနဲ့ လိုအပ်တာမှန်သမျှကို စိတ်ရှည်လက်ရှည်နဲ့ ရှာဖွေရင် အကုန်ရရှိနိုင်ပါတယ်။
    ဒါ့အပြင် ပိုးထည်၊ စက္ကူ၊ အထည်၊ သစ်သား၊ သတ္တု၊ ဖန်၊ ကြွေထည်စတဲ့ အိမ်အပြန် မျက်နှာပန်းလှစေမယ့် လက်ဆောင် တွေကိုလည်း တစ်နေရာထဲ စုံစုံလင်လင်တွေ့နိုင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
    လမ်းလျှောက်လို့ ညောင်းလာရင်လည်း စျေးနူန်းသင့်တင့်ပြီး ကျွမ်းကျင်တဲ့ အနှိပ်သည်တွေလည်း ရှိနေပါသေးတယ်။
    ဗိုက်ဆာလာရင် စားသောက်ဆိုင်တန်းတွေ ၊ ဘား‌တွေ ၊ ကော်ဖီဆိုင်တွေမှာ သင့်တင့်သော နူန်းထားနဲ့ စားသောက်အနားယူနိုင်ပါသေးတယ်။
    ဒါ့ကြောင့် Travel Jack က ဒီတစ်ပတ်မှာတော့ ချင်းမိုင်မြို့ထဲက Night Market တွေထဲက နာမည်အကြီးဆုံး Sunday Market ကို လမ်းညွှန်ပေးလိုက်ရပါတယ်။
    #SundayMarket
    #ThaPhaeGate
    #ChiangMai
    #Thailang
    #TravelJack

ความคิดเห็น •