ကြက်ပွကြော်

แชร์
ฝัง
  • เผยแพร่เมื่อ 17 ก.พ. 2023
  • Taste Window ပရိသတ်များ မင်္ဂလာပါ။ အခုတစ်ပတ်မှာတော့ Master Chef Myanmar Season 1 Winner မတင်တင်ဉီးရဲ့ ကြက်ပွကြော်ကို တင်ဆက်ပေးလိုက်ပါတယ်။
    ကြက်သားကို ကြွပ်ကြွပ်ရွရွလေးနဲ့ ပွပွလေးဖြစ်အောင် ကြော်ထားတာြဖစ်တဲ့အတွက် လူကြီး လူငယ်မရွေး အကြိုက်တွေ့စေမှာပါ။ စားလိုက်တဲ့အခါမှာလည်း မမာနေဘဲ ကြွပ်ကြွပ်လေးနဲ့မို့ ဆန်ပြုတ်လေးနဲ့ တွဲစားမယ်ဆိုရင်လည်း ဖိုးဖိုးဖွားဖွားတွေအတွက် အဆင်ပြေစေမှာပါ။ ကြာရှည်အထားခံပြီး အရသာတကယ်ကောင်းတဲ့ ကြက်ပွကြော်ကို ကြည့်ရှုသူပရိသတ်တွေလည်း မိမိတို့အိမ်မှာ လိုက်ကြော်စားကြည့်ကြဖို့ အကြံပေးချင်ပါတယ်နော်။
    ကြက်ပွကြော် ကြော်ဖို့အတွက်
    နံနံအမြစ် - ၁၀မြစ်၊ ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ချင်း - ၂၀ဂရမ်၊ အရသာမှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း၊ ကြက်သွန်ဖြူ - ၂၅ဂရမ်၊ ပဲငံပြာရည်(အကြည်) - စားပွဲဇွန်း ၁ဇွန်း၊ ကြက်သား(ရင်ပုံသား) - ၇၀၀ဂရမ်၊ ရွှေအုံသဘာဝမြေပဲဆီ - ကြော်ရန်အလုံအလောက်၊ ကြက်သွန်ဖြူ (ကြိတ်ပြီးသား) - ၅မြွှာ တို့လိုအပ်ပါတယ်။

ความคิดเห็น • 1

  • @AyeSwe-hx4qe
    @AyeSwe-hx4qe ปีที่แล้ว

    zစသမီးအောင်မြင်နေပြီဝမ်းသာတယ်