တက္ကသိုလ်ဝိပဿနာ တရားတော်

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    "ဒီဝိပဿနာကိုလဲ ယခုနေအခါ ဟောတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဟောပုံချင်းကတော့ တဦးနဲ့တဦး တူချင်မှတူမယ်။ အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နဲ့အညီ ဝိပဿနာဉာဏ်အစစ်တွေဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။"
    “ကိုယ်နှင့်နှိုင်း မရိုင်းဘူး-ဆိုတာ အဆင့်အတန်းတူတဲ့သူအချင်းချင်းမှာသာ မှန်တယ်။ အဆင့်အတန်း မတူတဲ့သူနဲ့ တန်းတူပြုပြီး နှိုင်းယှဉ်ရင်တော့ သိပ်လွဲတာပဲ။”
    “ဒီလိုပါပဲ၊ လောကအကြောင်းကို တကယ်သိပြီး ဟောထားတာကို ကိုယ်တိုင်က မသိတာနဲ့ ဟောတဲ့ပုဂ္ဂိုလ်ကို မိမိနဲ့ တန်းတူပြုပြီး မယုံကြည်ဘဲနေရင် အများကြီး လွဲမှားသွားပါတယ်။”
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
    မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

ความคิดเห็น •