ပင်လယ်စာ မာလာရှမ်းကော အလွယ်ချက်နည်း

แชร์
ฝัง
  • เผยแพร่เมื่อ 23 ต.ค. 2024
  • မာလာရှမ်းကောချက်ဖို့အတွက် မိမိစိတ်ကြိုက် ပင်လယ်စာ။ အသားလုံး။ အသီးအရွက်တွေကို ကြိုတင်ပြင်ဆင်ထားပါမယ်။
    ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ။ ချင်း။ ကြက်သွန်မြိတ်လိုအပ်ပါတယ်။
    ပုစွန်ကလွဲရင် အသီးအရွက်။ အသားလုံးနဲ့ ပင်လယ်စာအားလုံးပြုတ်ထားပေးပါ။
    ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ။ ချင်း။ ကြက်သွန်မြိတ်ကို ဆီသတ်ပေးပါ။ မွှေးလာရင် ဝှားကျောင်းစေ့နဲ့ ငရုတ်သီးခြောက်ကိုထည့်ပါတယ်။ ခဏလေးမွှေပြီးရင်MR SPICY မာလာရှမ်းကောအနှစ်ထုပ် ထည့်မယ်။ ခဏမွှေမယ်။ ပြီးရင် ပုစွန်ထည့်ကြော်ပါမယ်။ ကျန်တဲ့အဆာတွေထည့်မယ်။ မြေပဲလှော်။နှမ်းလှော်ထည့်မယ်။ နံနံပင်အုပ်မယ်။ ဒါဆိုရင် အရသာရှိတဲ့ ပင်လယ်စာမာလာရှမ်းကောကိုသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

ความคิดเห็น • 31