Peanut tofu_မြေပဲထိုဖူး (ခေါက်ဖွန်းထိုလျင်)
ฝัง
- เผยแพร่เมื่อ 14 ต.ค. 2024
- Peanut Tofu_မြေပဲထိုဖူး(ခေါက်ဖွန်းထိုလျင်)
ကျိုင်းတုံဒေသအစားအစာတခုဖြစ်တဲ့ မြေပဲထိုဖူးအတွက် ပါဝင်ပစ္စည်းလေးများ
-အခွံအချွတ်ထားတဲ့မြေပဲစိမ်း (၂၅၀ဂရမ်)
-ဆန်မှုန့် (၄၀၀ဂရမ်)
-ရေ စုစုပေါင်း (၁၂၀၀ ဂရမ်)
-ဆီအနဲငယ်
-ဆားအနည်းငယ်
မြေပဲကို ၄ နာရီအနဲဆုံးရေစိမ်ထားပြီးသေချာသန့်စင်အောင်ရေပြန်ဆေးရပါမယ်(အခွံမချွတ်ရ) ရေ ၆၀၀ဂရမ်နဲ့ကြိတ်ပြီး ရေပြန်ညှစ်ရပါမယ်။မြေပဲဖပ်တွေမပါအောင်ဂရုစိုက်ပါ။ ဆန်မှုန့်-၄၀၀ ဂရမ် ရေ ၅၀၀ ဂရမ်နှင့်ရေဖျော်ထားပါ။ဒယ်အိုးအပူပေးပြီးဆီအနဲငယ်ထည့်ပြီးမြေပဲအရည်ကို မိနစ်၁၅ လောက်ကျိုထားရပါမယ်။မြေပဲရည်မဝေအောင်သတိထားပါ။ ပြီးလျှက်ဖျော်ထားတဲ့ဆန်မှုန့်ရည်လောင်းထည့်ပြီးမိနစ် ၄၀-၅၀ လောက်အနဲဆုံးမွှေရပါမယ်။ပဲစိမ်းနံ့နဲ့ ဆန်စိမ်းနံ့ပျောက်ရင် မိမိလိုချင်တဲ့ ပုံစံခွက်ထဲထည့်ပြီး ၄ နာရီလောက်အခန်းအပူချိန်တိုင်းသာအအေးခံထားပါ။ သေချာအေးသွားပြီဆိုမှ လှီးပါ - ตลก
မြေပဲအစား အခြားပဲသုံးလို့ရလားဗျ
ကျေးးဇူပါ
သိခြင်နေတာ အတော်ပဲ၊ ကျေးဇူးပါ။ တို့စားတဲ့အနှစ်စပ်နည်းလေးပါ မျော်နေမယ်နော်
Thanks
မီးဖိုချောင်ရော ချက်ပြုတ်တာလေးရော သန့်ရှင်းနေတာပဲ
ေ မြပဲ ကြိတ်တာ အ ဖြူရောင်ဘဲရတယ် အဲ့လို အရောင်မရဘူး ရှင့် ဘာ ထည့်ရတာလဲမသိဘူးနော်
ကျေးဇူးပါနော်အရမ်းကြိုက်တာ😍
thankds.ilike
ကြန်တကာ က ဘာ အ တွက် လဲ?
ကျေးဇူးပါ
အချဉ်လုပ်နည်းလေးတွေပါ ပြောပြပေးပါလား အစ်မ❤
ခေါဖွန်းထို အရည်လုပ်နည်းလေးလဲ သိချင်ပါတယ်
ကျွန်တော်လုပ်တာအခဲအခဲလုံးလေးတွေဖြစ်ကုန်လို့ သွမ်ပြစ်လိုက်ရတယ်🥺
စစချင်းမွှေတဲ့အချိန်မနိုင်လို့ဖြစ်တတ်ပါတယ်ရှင်
အခဲလုံးတွေထတာကရေနဲတာရယ်မွှေတာမနိုင်တာရယ်ကြောင့်လဲဖြစ်တတ်င်္ပြးရေနွှေးနဲနဲထပ်ထည့်ပြီးထပ်မွှေကြည့်ပါ
မွှေတာအဆက်မပြတ်မွှေမှရမှာပါ
👍👍👍👌👌👌❤❤❤🥰🥰🥰😀
ကြံသကာကဘာအတွက်လဲ
အရေထည့်စားတာလေ အချိုကြိုက်သူတွေအတွက်
ကြံသကာကြိုကဘ ယ်မှာသုံးတာလဲ
သူ့အချဉ်ကဘလိုလုပ်ရလဲခပီလုပ်စားချင်လို့ပါခ😁
နှမ်းမြေပဲဆီချက်ငရုပ်သီးကြော်ငရုပ်ချဉ်ပဲငံပြာရည်နံနံပင်ပါပဲခ
ကြံသကာကြိုတာ ဘာအတွက်ပါလဲရှင့်
မြေပဲထိုဖူးကိုရှမ်းလူမျိုးတွေကအရည်လေးနဲ့စားကြတာများပါတယ်ရှင်
ဆန်မှုန့်အချိုးအစားက ၄၀၀ ဂရမ်မဟုတ်ဘူးထင်တယ်။ ရေ ၅၀၀ ဂရမ်နဲ့ဖျော်တာပျစ်ခဲနေတယ်။ ဖျော်လိူ့မရဘူး။ရေ ၁ လီတာနဲ့ဖျော်ပြီး မြေပဲအနှစ်နဲ့ရောမွေတာ မွေလို့မရတော့ဘူး။
အခုပဲလုပ်ကြည့်တာ ၁ အိုးပျက်သွားပြီ။😢😢😢ဆန်မှုန့် အချိုးအစားမှားတယ်ထင်တယ်
I thought maybe wrong with gram and liter
ဆော့လေးလုပ်ပြပါလား
နှမ်းမြေပဲဆီချက်ငရုပ်သီးကြော်ငရုပ်ချဉ်ပဲငံပြာရည်နံနံပင်ပါပဲရှင်