KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်... မတ္တရာတိုက်ပွဲမှာ စစ်ကောင်စီ အထိနာ...

แชร์
ฝัง
  • เผยแพร่เมื่อ 6 ธ.ค. 2024
  • KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်... မတ္တရာတိုက်ပွဲမှာ စစ်ကောင်စီ အထိနာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ …
    (၅- ၁၂- ၂၀၂၄)
    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်နဲ့ မံစီမြို့နယ်ကြားရှိ စစ်ကောင်စီ တပ်စခန်းတွေကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၄ ရက်၊ မနက် အစောပိုင်းမှာ တပြိုင်တည်း ထိုးစစ် စတင်ပြီး အနည်းဆုံး စခန်း ၄ ခုကို သိမ်းနိုင်ပြီလို့ KNG- Kachin News Group က ဖေါ်ပြပါတယ်။
    မံစီနဲ့ ဗန်းမော်ရှိ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ နဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ ကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား နဲ့ ဗန်းမော် တက္ကသိုလ်ဝင်းထဲက စခန်းတွေ အားလုံးကို တပြိုင်တည်း ဝင်တိုက်တာဖြစ်ပါတယ်။
    အဲဒီထဲက ညောင်ပင်သာ ကာကင်းစခန်း၊ ခလရ ၄၇ တပ်ရင်း ဌာနချုပ်ရဲ့ ကာကင်းစခန်း ၂ ခုနဲ့ ဗန်းမော် တက္ကသိုလ်ဝင်း စခန်း ၄ ခုကို မနက်ပိုင်းမှာတင် သိမ်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့လပိုင်းအတွင်း ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ကချင်အထူးဒေသ(၁) ရှိ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ နဲ့ ကံပိုင်တည်ကို သိမ်းပြီးတဲ့နောက် အခု KIA ရဲ့ စစ်ဦးက ဗန်းမော်ဖက် လှည့်လာတာဖြစ်ပါတယ်။
    ဒါ့အပြင်...
    တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ တပ်တွေ ဝင်လာတဲ့အတွက် ဒီဇင်ဘာ ၃ မှာ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဖက်က သေဆုံးမှုများပြီး သုံ့ပန်းတဦးနဲ့ လက်နက်အချို့ သိမ်းမိ...
    အမ်းမြို့ရှိ နပခ- ကနေ ထွက်ပြေးလာလို့ ဖမ်းမိထားတဲ့ ဗိုလ်ကြီး (၁) ဦးအပါအဝင် စစ်သုံ့ပန်း (၁၂) ဦးကို ကောင်းမွန်စွာ ပြုစုပြီး ဆေးဝါးကုသပေးနေ...
    အုတ်ဖိုမြို့နယ်၊ ခမရ (၆) တပ်ရင်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ၂ ဦး သေပြီး လက်နက်ငယ် တလက် ရရှိ...
    ရုရှားနိုင်ငံက ဆက်လက် ဆောင်ရွက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း နယ်မြေ လုံခြုံရေး စစ်တပ် စခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးခန့် သေဆုံး...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    သတင်း အင်တာဗျူး youtube ချယ်နယ် / burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
    Update သတင်း ဗီဒီယိုကလစ်များကို t.me/burmanews... မှာလည်း ကြည့်ရှုနိုင်ပါသည်။

ความคิดเห็น • 17

  • @Rose-b3g8e
    @Rose-b3g8e 2 วันที่ผ่านมา +3

    အားရပါတယ်kiaနဲ့ရဲဘော်တွေအတွက်

  • @khunkyawsai3095
    @khunkyawsai3095 2 วันที่ผ่านมา +3

    မဂ်လာနံနက်ခင်းပါBNN

  • @LeoKo-v5u
    @LeoKo-v5u 2 วันที่ผ่านมา

    မဂ်လာပါ❤❤❤

  • @UwisatKhana-i8l
    @UwisatKhana-i8l 2 วันที่ผ่านมา

    မင်္ဂလာပါ
    BNN

  • @thelastrose-uw1cl
    @thelastrose-uw1cl 2 วันที่ผ่านมา +1

    ပြည်သူတွေ တစ်သိန်းနီးပါးပိတ်မိနေပါတယ် ပြည်သူတွေကို တော့ စစ်ရှောင်ဖို့ လမ်းဖွင့်ပေးသင့်ပါတယ်

    • @Sစောက်ဆရာကြီး
      @Sစောက်ဆရာကြီး 2 วันที่ผ่านมา +1

      စခ တွေက မဖွင့်ပေးတာ

    • @thelastrose-uw1cl
      @thelastrose-uw1cl 2 วันที่ผ่านมา +1

      @Sစောက်ဆရာကြီး ‌ခွေးတွေကတော့ ခွေးကျင့်ခွေးကြံလုပ်မှာပဲ KIA နဲ့ပူးပေါင်းတပ်များပြည်သူကို ကူညီသင့်ပါတယ်

  • @AbdulRahman-i4h8s
    @AbdulRahman-i4h8s 2 วันที่ผ่านมา

    မအလ ကတူဖြစ်ခဲ့တာနှစ်ပေါင်း၇၀ နော်။အခု ပေ ဖြစ်နေပြီနော်။ခံ........ဖို့ပြင်ထားလိုက်တော့....................................

  • @myintsoe4260
    @myintsoe4260 2 วันที่ผ่านมา +1

    ❤ Good

  • @UWinNaing-r9p
    @UWinNaing-r9p 2 วันที่ผ่านมา

    BNN သတင်းဌာန မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ

  • @UHlaAung-s6j
    @UHlaAung-s6j 2 วันที่ผ่านมา +1

    Very good kia😂😂😂

  • @wutyee1152
    @wutyee1152 2 วันที่ผ่านมา

    👍👍👍👍👍

  • @NyiNyisar-f4b
    @NyiNyisar-f4b 2 วันที่ผ่านมา

    ❤❤❤🎉🎉🎉

  • @BLACKMOONTOON007
    @BLACKMOONTOON007 2 วันที่ผ่านมา

    MNDAA တပ်တွေလိုမလုပ်ကြပါနဲ့။PDF နဲ့ကျန်အဖွဲ့အားလုံးပြည်သူတွေယုံကြည်မူပျက်ပြားအောင်မလုပ်ကြပါနဲ့။