- 1 218
- 18 651 873
Htet Aung Kyaw
เข้าร่วมเมื่อ 4 มี.ค. 2011
This Channel is to show my Interviews, my first hand stories and more.
Most stories will be focus on Burma/ Myanmar politics.
Most stories will be focus on Burma/ Myanmar politics.
ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဒေသကို AA ဝင်တိုက်... KNLA က ကျောက်ကြီးဖက်မှာ စခန်းထပ်သိမ်း...
ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဒေသကို AA ဝင်တိုက်... KNLA က ကျောက်ကြီးဖက်မှာ စခန်းထပ်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၅- ၁- ၂၀၂၄)
AA အာရက္ခတပ်တော်နဲ့ ဧရာဝတီတိုင်း PDF ပူးပေါင်းတပ်က ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ မိတ်သလင် ကာကင်းစခန်းနဲ့ ရွှေသောင်ယံ၊ ချောင်းသာကမ်းခြေတွေရဲ့အပေါ်နားရှိ မကျီးဇင်ကျေးရွာအနီးက စစ်တပ်စခန်းတွေကို ဇန်နဝါရီ ၃ ရက်မှာ ဝင်တိုက်တယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။
ဒါဟာ ဇန်နဝါရီ ၂ ရက်က ငသိုင်းချောင်းအနီးရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို တိုက်ပြီးတဲ့နောက် ဆက်တိုက်ထွက်ပေါ်လာတဲ့သတင်းဖြစ်ပါတယ်။ အဲဒီ မတိုင်ခင် ဇန်နဝါရီ ၁ ရက်နေ့ကတော့ တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ပဲခူးတိုင်းအစပ် ဥသျှစ်ပင်မြို့အနီးက တောင်ပုံကြီးစစ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ အမ်းနဲ့ မကွေးတိုင်းအကြားရှိ နတ်ရေစင် စစ်ကောင်စီစခန်းကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုတွေရှိနေတယ်၊ AA နဲ့ မဟာမိတ်တွေဟာ ရခိုင်နဲ့မကွေးအစပ်၊ ပဲခူး၊ ဧရာဝတီတိုင်းအစပ်ဒေသတွေကို ဆက်တိုက် တိုက်ခိုက်နေတဲ့သဘောဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- ငဖဲမြို့နယ်၊ မျော်စင်ကျေးရွာ အနောက်ဘက်ရှိ နတ်ရေကန်- လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ လှည့်ကင်းထွက်လာတဲ့ စစ်သား ၆ ဦးကို PRA-မကွေး-က တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေ၊ လက်နက်ငယ်တလက်ရရှိ...
- ကန်ပက်လက်မြို့ကနေ စခန်းစွန့်ခွာ ဆုတ်ပြေးလာတဲ့ အင်အား ၅၀ ကျော်ပါ စစ်သားနဲ့ ရဲ ပူးတွဲစစ်ကြောင်းကို လောင်းရှည်ဒေသ PDF က တိုက်ခိုက်ရာမှာ စစ်သားတဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၄ လက်ရရှိ...
- တောင်ငူမြို့ရှိ- ကေတုမတီ- လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MKCDF- တောင်တန်းသူရဲကောင်းများအဖွဲ့က သတင်းထုတ်ပြန်...
- ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူသယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ မူသယ်တပ်စခန်းကို KNLA- က သိမ်းပိုက်...
- NUG- အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အမှတ် (၁) စစ်ဒေသဆီရောက်နေပြီး အထူးတိုက်ခိုက်ရေးအဖွဲ့ သင်တန်းဆင်းပွဲနဲ့ နှစ်သစ်ကူး အားကစားပွဲတွေကို တက်ရောက် အားပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
th-cam.com/users/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို t.me/burmanewsnetwork
မှာလည်း ကြည့်ရှုနိုင်ပါသည်။

มุมมอง: 421
วีดีโอ
ငသိုင်းချောင်းအနီးက စစ်ဆေးရေးဂိတ်ကို AA ဝင်တိုက်... အနန်းကွင်းဗျုဟာကို KNLA တိုက်ခိုက်...
มุมมอง 71K2 ชั่วโมงที่ผ่านมา
ငသိုင်းချောင်းအနီးက စစ်ဆေးရေးဂိတ်ကို AA ဝင်တိုက်... အနန်းကွင်းဗျုဟာကို KNLA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... (၄- ၁- ၂၀၂၄) ရခိုင်နဲ့ ဧရာဝတီနယ်စပ် ငသိုင်းချောင်းမြို့အနီးရှိ ဗေဒါ စစ်ဆေးရေးဂိတ်ကို AA- အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက ဇန်နဝါရီ ၂ ရက်မှာ ဝင်ရောက် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။ ရခိုင်နဲ့ ဧရာဝတီ အစပ်က ဂ...
ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်က စစ်ကောင်စီစခန်းကို AA ဝင်တိုက်... အောင်ဇေယျစစ်ကြောင်းက KNLA ...
มุมมอง 49K4 ชั่วโมงที่ผ่านมา
ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်က စစ်ကောင်စီစခန်းကို AA ဝင်တိုက်... အောင်ဇေယျစစ်ကြောင်းက စစ်သားအများအပြား KNLA ထံ လာရောက်ပူးပေါင်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... (၃- ၁- ၂၀၂၅) ရခိုင်ရိုးမနဲ့ ပဲခူးတိုင်း အစပ်ဒေသ ပန်းတောင်း မြို့နယ် ဥသျှစ်ပင်မြို့ အနီးရှိ တောင်ပုံကြီး စစ်ကောင်စီ တပ်စခန်းကို AA (အာရက္ခတပ်တော်) က ဝင်တိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းမီဒီဝာ Western News က ဖော်ပြပါတယ...
“ရခိုင်၊ ကချင် အပါဝင် နယ်စပ်ကုန်ဒေသကုန်သွယ်ရေး မော်ဒယ်အသစ်ကို ၂၀၂၅ မှာ မြင်ရဖို့သေချာတယ်”
มุมมอง 84K7 ชั่วโมงที่ผ่านมา
“ရခိုင်၊ ကချင် အပါဝင် နယ်စပ်ကုန်ဒေသကုန်သွယ်ရေး မော်ဒယ်အသစ်ကို ၂၀၂၅ မှာ မြင်ရဖို့သေချာတယ်” - ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ) (၁- ၁- ၂၀၂၅) “ရခိုင်၊ ကချင်အပါဝင် EROs တွေ ထိန်းချုပ်လိုက်တဲ့ နယ်စပ်ဒေသတလျောက်မှာ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး မော်ဒယ်အသစ် ပေါ်လာမယ်၊ ပြည်မက ပို့ကုန်-သွင်းကုန်တွေ အဲဒီဒေသဆီဖြတ်ပြီး ပို့နိုင်-သွင်းနိုင်အောင် တော်လှန်ရေး အဖွဲ့တွေ စနစ်တကျဆွေးနွေးဖ...
“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အကုန်ကျဆင်းနေပြီး တက်တာဆိုလို့ စစ်တပ်အသုံးစရိတ်နဲ့ ကုန်ဈေးနှုန်း...
มุมมอง 64K9 ชั่วโมงที่ผ่านมา
“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အကုန်ကျဆင်းနေပြီး တက်တာဆိုလို့ စစ်တပ်အသုံးစရိတ်နဲ့ ကုန်ဈေးနှုန်းပဲရှိတယ်” - ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ) (၃၁- ၁၂- ၂၀၂၄) “၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးညွှန်းကိန်းအရ GDP 1% ကျဆင်းပြီး ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှု စတဲ့ကဏ္ဍပေါင်းစုံမှာ ဆုတ်ရုတ်နေပြီး တိုးတက်တာဆိုလို့ စစ်တပ်အသုံးစရိတ်နဲ့ ကုန်ဈေးနှုန်းပဲရှိတယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌ...
မယ်လယု ခံစစ်စခန်းကနေ စစ်ကောင်စီတပ် ထွက်ပြေး... စစ်ကိုင်းတိုင်း တပ်မဟာအသစ်အတွက် PDF-MDY ရဲဘော်သစ်...
มุมมอง 23K12 ชั่วโมงที่ผ่านมา
မယ်လယု ခံစစ်စခန်းကနေ စစ်ကောင်စီတပ် ထွက်ပြေး... စစ်ကိုင်းတိုင်း တပ်မဟာအသစ်အတွက် PDF-MDY ရဲဘော်သစ်များဖိတ်ခေါ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... (၃၁- ၁၂- ၂၀၂၄) ကရင်နီ-ထိုင်း နယ်စပ်၊ ရှားတောမြို့နယ်ရှိ မယ်လယု မဆုတ်တမ်း ခံစစ် တပ်စခန်းကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေးသွားပြီး ကရင်နီပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်ရာမှာ ခဲယမ်းများစွာနဲ့ မော်တော်ယာဉ်တွေပါ ရရှိတယ်လို့ ဒေသတွင်း မီဒီယာ ကန္တာရဝတီတိုင...
“AA က ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား၊ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ ဆက်တိုး မှာလား”
มุมมอง 59K12 ชั่วโมงที่ผ่านมา
“AA က ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား၊ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ ဆက်တိုး မှာလား” - လင်းထက်အောင် (CDM - တပ်မတော်အရာရှိ) (၃၀- ၁၂ -၂၀၂၄) “AA လို ERO အဖွဲ့ကြီးက ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား ဒါမှဟုတ် သူ့ကို အချိန်မရွေး တန်ပြန် ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ စစ်ကို ဆက်တိုးမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်” လို့ CDM- ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ ၂၀၂၅ အတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ် ...
ဂွမြို့ကို AA သိမ်းပိုက်... ကန့်ဘလူက ပျုစခန်း PDF သိမ်းပိုက်...
มุมมอง 15K14 ชั่วโมงที่ผ่านมา
ဂွမြို့ကို AA သိမ်းပိုက်... ကန့်ဘလူက ပျုစခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၃၀- ၁၂- ၂၀၂၄) မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်တွေကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတန်းအသင့်ရှိတယ်လို့ AA- အာရက္ခတပ်တော်၊ ULA- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ တက်ကြွသော ဦးဆောင်မှုအောက်မှာ နယ်စပ်ဒ...
“စစ်တိုင်းဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတဲ့အချက်က စစ်တပ်ရဲ့ လက်ရှိအခြေအနေပါ”
มุมมอง 65K14 ชั่วโมงที่ผ่านมา
“စစ်တိုင်းဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတဲ့အချက်က စစ်တပ်ရဲ့ လက်ရှိအခြေအနေပါ” - လင်းထက်အောင် (CDM - တပ်မတော်အရာရှိ) (၂၉ -၁၂- ၂၀၂၄) “ရမခ နဲ့ နပခ စစ်တိုင်းဌာနချုပ် ၂ ခုအပါဝင် တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတယ်၊ သေဆုံး၊ လက်နက်ချ သောင်းနဲ့ချီရှိတယ်ဆိုတဲ့အချက်က ဒီနေ့ စစ်တပ်ရဲ့ အခြေအနေမှန်ကို ပြသနေတာဖြစ်တယ်၊ တော်လှန်ရေးတပ်တွေက တဖြေးဖြေး အနိုင်ရလာပြီး စစ်တပ်က တဖြေးဖြေး ရှုံးနေတယ်” လို့ ...
နပခ က ထွက်ပြေးလာတဲ့ စစ်သား ၁၇ ဦး CDF ဖမ်းဆီး... တရုတ်စီမံကိန်းတွေကို AA ထိန်းချုပ်...
มุมมอง 7K16 ชั่วโมงที่ผ่านมา
နပခ က ထွက်ပြေးလာတဲ့ စစ်သား ၁၇ ဦး CDF ဖမ်းဆီး... တရုတ်စီမံကိန်းတွေကို AA ထိန်းချုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၉ -၁၂- ၂၀၂၄) ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ နပခ- အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA- အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် ထွက်ပြေးလာတဲ့ အင်အား ၉၀ ခန့်ပါ စစ်ကြောင်းကို အမ်း-ပဒန်းလမ်းပေါ်မှာ ကြားတိုက်ခိုက်ခဲ့တယ်လို့ CDF - Asho - ချင်းကာကွယ်ရေးတပ် -အရှိုက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ...
“၂၀၂၅ ဟာ မင်းအောင်လှိုင် ထွက်ပြေးရမယ့်နှစ် ဖြစ်လာနိုင်တယ်”
มุมมอง 238K16 ชั่วโมงที่ผ่านมา
“၂၀၂၅ ဟာ မင်းအောင်လှိုင် ထွက်ပြေးရမယ့်နှစ် ဖြစ်လာနိုင်တယ်” - ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ) (၂၈- ၁၂- ၂၀၂၄) “၂၀၂၄ မှာရခဲ့တဲ့ စစ်အရှိန်အတိုင်းသာ နွေဦးတော်လှန်ရေးကို အရှိန်မြှင့်သွားနိုင်ရင် လာမယ့် ၂၀၂၅ ဟာ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် ထွက်ပြေးရမယ်နှစ်ဖြစ်တယ်။ ဆီးရီးယားမှာ အာဆတ် ထွက်ပြေးရသလိုမျိုး မြန်မာမှာ မင်းအောင်လှိုင် ထွက်ပြေးရမှာဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်...
မင်းတပ်က ထွက်ပြေးတဲ့ စစ်သား ၁၂ ဦးကို ယောနယ်မှာ ဖမ်းမိ... ကမ္မမြို့ဈေးမှာ ပစ္စည်းခိုးတဲ့ စစ်သားတွေ...
มุมมอง 7K19 ชั่วโมงที่ผ่านมา
မင်းတပ်က ထွက်ပြေးတဲ့ စစ်သား ၁၂ ဦးကို ယောနယ်မှာ ဖမ်းမိ... ကမ္မမြို့ဈေးမှာ ပစ္စည်းခိုးတဲ့ စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၈- ၁၂- ၂၀၂၄) ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ (၂၇၄) ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးကို ဖမ်းမိထားတယ်လို့ PDF ယောဗျုဟာ- ဗျုဟာအမှတ် (၈၁) က သတင်းထုတ်ပြန်ပါတယ်။ ၁၂ ဦးထဲမှာ တပ်ကြပ်နဲ့ တပ်သားတွေ ပါဝင်ပြီး တယ်...
ရခိုင်ရိုးမပေါ်က တပ်စခန်းတွေကို AA ထိုးစစ်ဆင်... မံစီမှာ KIA ထိုးစစ် အရှိန်မြှင့်...
มุมมอง 23K21 ชั่วโมงที่ผ่านมา
ရခိုင်ရိုးမပေါ်က တပ်စခန်းတွေကို AA ထိုးစစ်ဆင်... မံစီမှာ KIA ထိုးစစ် အရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၇- ၁၂- ၂၀၂၄) ခေါင်းဆောင် မပီသသူတွေရဲ့အောက်မှာ အသက်အသေခံပြီး မတိုက်သင့်တဲ့အတွက် အမြန်ဆုံး အလံဖြူထောင်ကြဖို့ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ကောင်စီ တပ်သားတွေကို တိုက်တွန်းလိုက်ပါတယ်။ AA (အာရက္ခတပ်တော်) က မနေ့ညနှောင်းပိုင်းထုတ်ပြ...
“အညာဒေသက PDF တပ်တွေ စနစ်တကျဖြစ်လာရေး၊ လွတ်မြောက်နယ်မြေ ရရှိရေးကို NUG က ဦးစားပေးသင့်တယ်”
มุมมอง 20K21 ชั่วโมงที่ผ่านมา
“အညာဒေသက PDF တပ်တွေ စနစ်တကျဖြစ်လာရေး၊ လွတ်မြောက်နယ်မြေ ရရှိရေးကို NUG က ဦးစားပေးသင့်တယ်” - ဆလိုင်းယောမာန် (မင်းတပ်မြို့နယ်- ပအဖ) (၂၆- ၁၂- ၂၀၂၄) “စစ်ကောင်စီကို အချိန်ပေးလို့မဖြစ်ဘူး။ စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့ဆိုရင် အညာဒေသက PDF တပ်တွေကို စနစ်တကျ ပြန်စုဖွဲ့ဖို့လိုတယ်။ အညာဒေသမှာ အခြေစိုက်နိုင်ရေးအတွက် NUG က ဦးစားပေး ဆောင်ရွက်သင့်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂ...
“စစ်ကောင်စီတပ်ထက် မာတဲ့ တော်လှန်ရေးတပ်ကို တည်ဆောက်နိုင်မှ မြို့သိမ်းနိုင်မှာဖြစ်တယ်”
มุมมอง 30Kวันที่ผ่านมา
“စစ်ကောင်စီတပ်ထက် မာတဲ့ တော်လှန်ရေးတပ်ကို တည်ဆောက်နိုင်မှ မြို့သိမ်းနိုင်မှာဖြစ်တယ်” - ဆလိုင်းယောမာန် (မင်းတပ်မြို့နယ်- ပအဖ) (၂၄- ၁၂- ၂၀၂၄) “စစ်ကိုစစ်နဲ့တူအောင် တိုက်ဖို့လိုတယ်၊ စစ်ကောင်စီတပ်ထက် မာတဲ့ တော်လှန်ရေးတပ်ကို တည်ဆောက်နိုင်မှ မြို့သိမ်းနိုင်မှာဖြစ်တယ်။ တော်လှန်ရေးကို အချိန်ဆွဲနေလို့ မဖြစ်ဘူး” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ချင်းညီနောင်အဖွဲ့ ပ...
ကန်ပက်လက်မြို့ကို CB သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ဦးကို PDF ဖမ်းမိ...
มุมมอง 7Kวันที่ผ่านมา
ကန်ပက်လက်မြို့ကို CB သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ဦးကို PDF ဖမ်းမိ...
မင်းတပ်မြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ CB ကြေညာ... လွိုင်ကော်တိုက်ပွဲမှာ စစ်သား ၁၀ ကျော်သေဆုံး...
มุมมอง 15Kวันที่ผ่านมา
မင်းတပ်မြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ CB ကြေညာ... လွိုင်ကော်တိုက်ပွဲမှာ စစ်သား ၁၀ ကျော်သေဆုံး...
“မာနယ်ပလော ပုံစံမဟုတ်ရင်တောင် ဒီနေ့အချိန်အနေနဲ့ကိုက်ညီတဲ့ အခင်းအကျင်း ဖန်တီးဖို့လိုပါတယ်”
มุมมอง 35Kวันที่ผ่านมา
“မာနယ်ပလော ပုံစံမဟုတ်ရင်တောင် ဒီနေ့အချိန်အနေနဲ့ကိုက်ညီတဲ့ အခင်းအကျင်း ဖန်တီးဖို့လိုပါတယ်”
“အလံဖြူထောင်ပြီး လက်နက်ချရင် အသက်ရှင်ခွင့်ရတယ်ဆိုတာ အောက်ခြေတပ်သားတွေ ပိုသိလာနေပါပြီ”
มุมมอง 70K14 วันที่ผ่านมา
“အလံဖြူထောင်ပြီး လက်နက်ချရင် အသက်ရှင်ခွင့်ရတယ်ဆိုတာ အောက်ခြေတပ်သားတွေ ပိုသိလာနေပါပြီ”
အမ်းမြို့ နပခ ကို AA သိမ်းပိုက်... မင်းတပ်နဲ့ ဖလမ်းမှာ စစ်သားနဲ့ရဲ ရာနဲ့ချီ CB ထံ လက်နက်ချ...
มุมมอง 28K14 วันที่ผ่านมา
အမ်းမြို့ နပခ ကို AA သိမ်းပိုက်... မင်းတပ်နဲ့ ဖလမ်းမှာ စစ်သားနဲ့ရဲ ရာနဲ့ချီ CB ထံ လက်နက်ချ...
အမ်းနဲ့ ဂွမြို့က လက်ကျန်တပ်စခန်းတွေကို AA ရှင်းလင်း... ဗန်းမော်မှာ KIA ထိုးစစ် ပြင်းထန်...
มุมมอง 23K14 วันที่ผ่านมา
အမ်းနဲ့ ဂွမြို့က လက်ကျန်တပ်စခန်းတွေကို AA ရှင်းလင်း... ဗန်းမော်မှာ KIA ထိုးစစ် ပြင်းထန်...
“နယ်စပ်တွေကို ထိန်းချုပ်ထားတဲ့ အဖွဲတွေနဲ့မဆွေးနွေးပဲ ဝရမ်းပြေး စစ်ကောင်စီကို ဖိတ်ခေါ်ဆွေးနွေးတာက...”
มุมมอง 22K14 วันที่ผ่านมา
“နယ်စပ်တွေကို ထိန်းချုပ်ထားတဲ့ အဖွဲတွေနဲ့မဆွေးနွေးပဲ ဝရမ်းပြေး စစ်ကောင်စီကို ဖိတ်ခေါ်ဆွေးနွေးတာက...”
(တမခ ၂၂) တပ်မမှူးကို AA က အသေဖမ်းမိ... မာနယ်ပလောတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှုးကို KNLA က လက်ရဖမ်း
มุมมอง 30K14 วันที่ผ่านมา
(တမခ ၂၂) တပ်မမှူးကို AA က အသေဖမ်းမိ... မာနယ်ပလောတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှုးကို KNLA က လက်ရဖမ်း
“ဒီဆွေးနွေးပွဲက ခြေလှမ်းအသစ် အစပျိုး စမ်းကြည့်တဲ့သဘော ဖြစ်နိုင်ပါတယ်”
มุมมอง 25K14 วันที่ผ่านมา
“ဒီဆွေးနွေးပွဲက ခြေလှမ်းအသစ် အစပျိုး စမ်းကြည့်တဲ့သဘော ဖြစ်နိုင်ပါတယ်”
“PDF တွေ စစ်ရေးအရ အောင်မြင်မှုပိုရလာရင် တရုတ်ဖက်က ပေါ်လစီပြောင်းဖို့ ဝန်လေးမှာ မဟုတ်ဘူး”
มุมมอง 38K14 วันที่ผ่านมา
“PDF တွေ စစ်ရေးအရ အောင်မြင်မှုပိုရလာရင် တရုတ်ဖက်က ပေါ်လစီပြောင်းဖို့ ဝန်လေးမှာ မဟုတ်ဘူး”
မာနယ်ပလောဌာနချုပ်ဟောင်းကို KNU ပြန်သိမ်းပိုက်... အမ်း နပခ မှာ စစ်သားတွေ နောက်ထပ် ရာချီ အလံဖြူထောင်..
มุมมอง 9K14 วันที่ผ่านมา
မာနယ်ပလောဌာနချုပ်ဟောင်းကို KNU ပြန်သိမ်းပိုက်... အမ်း နပခ မှာ စစ်သားတွေ နောက်ထပ် ရာချီ အလံဖြူထောင်..
“EROs တွေရော၊ စစ်ကောင်စီဘက်ကပါ နှစ်ဖက် ကျေနပ်မှုရအာင်လုပ်ပေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး”
มุมมอง 59K14 วันที่ผ่านมา
“EROs တွေရော၊ စစ်ကောင်စီဘက်ကပါ နှစ်ဖက် ကျေနပ်မှုရအာင်လုပ်ပေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး”
အမ်း နပခ မှာ စစ်သားတွေ ရာနဲ့ချီပြီး AA ထံ လက်နက်ချ... ခေါင်လန်ဖူးမြို့က ပြည်သူ့စစ်စခန်း KIA သိမ်း..
มุมมอง 38K14 วันที่ผ่านมา
အမ်း နပခ မှာ စစ်သားတွေ ရာနဲ့ချီပြီး AA ထံ လက်နက်ချ... ခေါင်လန်ဖူးမြို့က ပြည်သူ့စစ်စခန်း KIA သိမ်း..
“စစ်တပ်လည်း ပြိုကျမသွားအောင်၊ နယ်စပ်က EROs တွေလည်း တရားဝင်ဖြစ်လာအောင် ဆောင်ရွက်နေတဲ့သဘောပဲ”
มุมมอง 69K14 วันที่ผ่านมา
“စစ်တပ်လည်း ပြိုကျမသွားအောင်၊ နယ်စပ်က EROs တွေလည်း တရားဝင်ဖြစ်လာအောင် ဆောင်ရွက်နေတဲ့သဘောပဲ”
တောင်ကုတ် စကခ ၅ ကို AA သိမ်းပိုက်... ညောင်လေးပင်က စစ်တပ်စခန်း PDF သိမ်းပိုက်...
มุมมอง 12K14 วันที่ผ่านมา
တောင်ကုတ် စကခ ၅ ကို AA သိမ်းပိုက်... ညောင်လေးပင်က စစ်တပ်စခန်း PDF သိမ်းပိုက်...