ဘောလုံးရာသီ အသစ် မှာ VAR စနစ် ကို ဆက်ထား/ မထား ဆုံးဖြတ်ရဖွယ်ရှိနေတဲ့ ပရီးမီးယားလိဂ် အသင်းများ

แชร์
ฝัง
  • เผยแพร่เมื่อ 16 พ.ค. 2024
  • အခုအခါမှာတော့ ပရီးမီးယားလိဂ် ကလပ် ဝုဗ်ဗာဟမ်တန် အသင်း က စတင် ကာ VAR စနစ်ကို ဖျက်သိမ်းဖို အဆိုပြုလွှာ စတင် တင်သွင်းလိုက်ပါတယ်။ VAR စနစ် ကို နောက်ရာသီ မှာ ဆက်ထား မထား ဆိုတာကို လာမဲ့ ဇွန်လ ၆ ရက်နေ့မှာ ကျင်းပမဲ့ ပရီးမီးယားလိဂ် အဖွဲ့ နဲ့ အသင်းတွေ ရဲ့ မျက်နှာစုံညီ အစည်းအဝေး မှာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
    ယခင်ခေတ် ဘောလုံးပွဲ တွေ ကို ပြန်သွားကြည့်ရင် ကွင်းလယ် ဒိုင်တွေ ရဲ့ အမှားကြောင့် ဘောလုံး ရသ ပျက်စီးသွား ခဲ့ရတဲ့ မမျှတ တဲ့ ပွဲတွေမှ အများ ကြီး ပါ ။ ၂၀၀၉ ခုနှစ် က ဖြစ်ခဲ့တဲ့ ချဲလ်ဆီး နဲ့ ဘာစီလိုနာ ရဲ့ ချန်ပီယံလိဂ် ပွဲ ၊ ၂၀၁၀ ကမ္ဘာ့ဖလား မှာ အင်္ဂလန် အသင်း ပြုတ်ခဲ့ရတဲ့ ပွဲတွေ မှာသာ VAR စနစ် ရှိခဲ့မယ်ဆိုရင် ရလာဒ် က တမျိုး ပြောင်းသွား နိုင်ခဲ့ပါတယ်။ ဒီလို မတရား တဲ့ အဖြစ်အပျက် ကြောင့် ကွင်းလယ် ဒိုင်တွေ ပြုလုပ်တဲ့ အမှား တွေ ၊ သတိမထားမိလိုက်တဲ့ အမှား တွေ ကို ဖာထေးဖို့ ရုပ်သံ ဗီဒီယို Replay ပြန်လည်ကြည့်ရှုကာ ဆုံးဖြတ်တဲ့ VAR စနစ် ကို ဘောလုံး ပွဲ တွေမှာ စတင် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။
    ဒါပေမဲ့ လည်း “ကျားကြောက်လို့ ရှင်ကြီးကိုး ၊ ရှင်ကြီးကျား ထက်ဆိုး” ဆိုတဲ့ မြန်မာ စကား ပုံလိုမျိုးပဲ ဘောလုံးပွဲ တွေမှာ တရားမျှတ အောင် VAR စနစ် ထားကာ မှ ပိုပြီး မမျှတတဲ့ ဆုံးဖြတ်ချက် တွေ ပိုမိုကြုံလာရတာပါ ။ အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ နဲ့ ယခုနှစ်ဘောလုံး ရာသီ English ပရီးမီးယားလိဂ် မှာ VAR ဒိုင်တွေ ပြုလုပ်တဲ့ အမှားတွေ ဟာ တော်တော်လေး ကို လူပြော များ နေတာဖြစ်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ် အသင်းတွေ တော်တော်များများ ဟာ ဒီရာသီမှာ VARကြောင့် နစ်နာထားရတာမနည်းပါဘူး ။
    #supersundaysports #VAR #chelsea #bercelona #championsleague

ความคิดเห็น •