ဝက်ချိုပေါင်း Burmese style braised pork belly
ฝัง
- เผยแพร่เมื่อ 6 ก.พ. 2025
- ပဲပြုပ်ထမင်းကြော်နဲ့ တွဲပြီးစားလို့ကောင်းတဲ့ ဝက်ချိုဟင်းလေးပါ။
ပထမဆုံး ဝက်သားကို အရသာစနှပ်ပါမယ်။ ကျွန်တော်က ဝက်ပေါင်သားကို သုံးထားပေမယ့် ဝက်သုံးထပ်သားဆိုရင် ပိုပြီးစားကောင်းပါတယ်။
ဝက်သားထဲကို အချိုမှုန့် အနည်းငယ်။ တရုတ်ငါးမျိုးစပ် မဆလာ။
ပဲငံပြာရည်အကြည်။ ပဲငံပြာရည်အပျစ်။ ရှာလကာရည်ကို နည်းနည်းထည့်မယ်။ ခြစ်ထားတဲ့ ချင်း (ဂျင်း) ကို အရည်ညှစ်မယ်။
အားလုံးကို နှံ့စပ်အောင်နယ်ပြီး ၁ နာရီလောက်နပ်ထားပါ
ဝက်ချိုပေါင်းမှာ ကြက်သွန်ဖြူကို များများထည့်ပေးပါ
ကြက်သွန်နီကို ပါးပါးလှီးပေးထားပါ။
ပထမဆုံး ဒယ်အိုးထဲမှာ သကြားကို စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သကြားတူးကျိုပါမယ် ။ မီးအားမများပါနဲ့။ သကြားတွေ နီလာပြီဆိုရင်
နှပ်ထားတဲ့ ဝက်သားတွေထည့်ပြီး ၅ မိနစ်လောက်မွှေပေးပါ။
ပြီးရင် ကြက်သွန်နီထည့်ပြီး ထပ်မွှေပေးပါ။
ဝက်ချိုချက်နည်း က တယောက်နဲ့တယောက်တော့ မတူပါဘူးခင်ဗျာ။
နောက်ဆုံးမှာ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မွှေပေးပါ။ ပြီးမှ ရေထည့်ပြီး မိနစ် ၅၀ လောက်တည်ပေးရင် ဆိုပဲ နူးအိသွားပြီဖြစ်ပါတယ်။
ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ချိုပေါင်းရပြီဖြစ်ပါတယ်။
ဒီည ချက်စားတော့မယ် 🤍🤍🤍 ကျေးဇူးပါရှင် You are one of my favourite cooks from Burma. Best presentation ever.
အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🙏🙏🙏
အဲ့အတိုင်းချက်တာ ယောကျာ်းကအရမ်းကောင်းတယ်ဆိုပြီး ချီးကျူးနေတာ ကျေးဇူးတင်ပါတယ် မျှဝေပေးတာ
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးပါ 😻😊👍
ဒီတစ်ခါ အဲ့လိုလေးချက်စားမယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
ဟုတ်။ ချက်စားကြည့်အစ်မ😊ကျန်းမာပျော်ရွှင်ပါစေ🙏
ကျေးဇူးပါ
ဝက်သားအချိုလေးချက်စားကြည့်ပါ့မယ်
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
လုပ်စားကြည့်ဦးမယ် အရမ်းကြိုက်တယ် ကျေးဇူးပါBro❤
ဟုတ်..လုပ်စားကြည့်ပါခင်ဗျ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
THANK YOU SO MUCH
Thanks a lot
ချက်စားချင်တယ် အိမ်ကသကြားသုံးတာမကြိုက်ကြဘူး
သကြားကို ပါလေရုံထည့်ပြီး အရသာမှုန့်ထည့်လို့တော့ရတယ်ဗျ။ အဓိက က သကြားတူးအနံ့ဆိုတာကြောင့်ပါ
တရုတ်ငါးမျိုးစပ်မဆလာဆိုတာ တရုတ်မဆလာလားရှင့်
ဘယ်မှာဝယ်လို့ရလဲ
ရန်ကုန်မှာဆို Citymart မှာ ဟင်းခတ်အမွှေးအကြိုင်ထားတဲ့ စင်မှာ ရှိတယ်ဗျ။ ဒါမှမဟုတ် ကုန်စုံဆိုင်မှာ တရုတ်မဆလာ ဆိုမေး၀ယ်လည်းရတယ်ခင်ဗျ
Very nice pork recipes video 😋☺️
Thank you ❤️😊
ကြိုက်တယ် 😻
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
#ကောင်းမှကောင်း...🤤😋
*ကျေးဇူးပါK2ရေ...❣️
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
@@Cookfork1
#ချက်ပြတာဆီမသုံးထားဘူးနော်K2ရေ..👍
ဟုတ်ကဲ့။ ကျွန်တော် ရိုက်ထားတာ တော်တာ် ကြာနေတော့ ချက်နည်းမမှတ်မိတော့တာ 😭
စာချင် စရာကြီး🤤🤤🤤🤤
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
@@Cookfork1 😊😊😊
Thank you
Thank you ❤️😊
စားချင်စရာကြီး
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
ဆီမလိုဘူးပေါ့နော်
မလိုဘူးခင်ဗျ
စားလို့ကောင်းမယ့်ပုံလေး
ဟုတ်ကဲ့ 😊
ဆီလုံးဝမလိုသောဟင်းနော်
ဟုတ် 😊
❤❤❤❤❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
မနက်အစာပြေစားဖို့ ဂျုံနဲ့အလွယ်တကူလုပ်စားလို့ရတဲ့မုန့်လုပ်နည်းလေးတင်ပေးပါလားဗျ
ကျွန်တော့် channel ထဲမှာတော့ အရင်က ဂျုံနဲ့ လုပ်တဲ့ မုန့်ေလတွေ တော်တော်များများတင်ပေးဖူးတယ်ခင်ဗျ။ ထပ်ပြီးလည်း ကြိုးစားတင်ပေးသွားပါမယ်ခင်ဗျာ
@@Cookfork1 thank
ဆားမထည့်ရဘူးပေါ့နော
ငံပြာရည်က ငန်လို့ပါခင်ဗျ
@@Cookfork1 ဟုတ်ကဲ့ ဖြေပေးတာကျေးဇူးတင်ပါတယ်.😊
ဆင်မလိုက်ဝက်ချိုပေါင်းဆိုတာက ဒါနဲ့ချက်နည်းတူလားရှင့်
မတူဘူးထင်တယ်ဗျ။ တယောက်နဲ့ တယောက်ချက်တဲ့ ချက်နည်းကတော့ မတူဘူးထင်တယ်ဗျ
@@Cookfork1 ဟုတ် ကျေးဇူးပါ
၂ နှစ်ကြာမှ ကြည့်မိတာပါ...။ ကောင်းမှာပါ...။ ဒါပေမယ့် ဆား.. ငံပြာရည် မထည့်ဘူးလားကွာ...။ 😅😅😅😅😅
ထည့်တယ်ခင်ဗျ။
ဝက်သားကော်ရည်ထမင်းပေါင်း ထိုင်းစတိုင်လေး ချက်ပြပါခင်ဗျာ
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
👍👍👍😍😍
Thank you ❤️😊
ပေါင်းအိုးနဲ့မဟုတ်ပဲ ရိုးရိုးအိုးနဲ့ဆိုရင်ကော အဆင်ပြေနိုင်မလားခင်ဗျာ
အဆင်ပြေတယ်ဗျ။ မီးအေးအေးနဲ့ 45 မိနစ်လောက်ပြုတ်ထားပါ
ကျေးဇူးပါရှင်
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
ရေခမ်းအောင် ချက်လို့ရောရလားဗျ
ရပါတယ်ဗျ
😊😊😋😋😋
Thank you ❤️😊
❤
Thank you 🫰
xအဟဲးထုရန်ကုန်မာတားတေစျေတေကြီနေလိုမကပ်နိင်ဘူးရွာရောက်မှပဲငါးပိတလောက်ချက်ပီစားအုံးမယ်
ရန်ကုန်ကတော့ ဈေးအကုန်တက် 🥲