ဝက်စတူး (ဝက်လက်စွပ်ပြုပ်) Braised pork leg
ฝัง
- เผยแพร่เมื่อ 27 ก.ย. 2024
- ဝက်စတူး သို့ ဝက်လက်စွပ်ပြုပ် ၊ ဝက်ခြေထောက်စွပ်ပြုပ်ဆိုပြီး ကိုယ်ချက်တဲ့ အသားပေါ်မူတည်ပြီး ခေါ်ကြပါတယ်။ ချက်နည်းတွေက နည်းနည်းစီကွာကြပေမယ့် ကျွန်တော်အိမ်မှာ ချက်စားတဲ့ ပုံစံအတိုင်းပဲ ချက်ထားပါတယ်ခင်ဗျာ။
ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Cook for K1_ TH-cam Channel
/ cookfork1
Cook for K1 _Facebook page
/ cookfork1
Cook for K1 _Instagram page
/ cookfor_k1
#cookfork1 #CookforK1 #ဝက်စတူး #Braisedporkleg
ပါဝင်တဲ့ပစ္စည်းတွေက်တော့
ဝက်လက် သို့ ခြေထောက် - ၅၅ ကျပ်သား (၁၀၀၀ ဂရမ်)
ကြက်သွန်ဖြူ - အမွှာ ၂၀
သကြားခဲ - ၅၀ ဂရမ်
သစ်ကြံပိုးခေေါက် - အနည်းငယ်
နာနတ်ပွင့် - အနည်းငယ်
ဂျင်း - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ထိုင်ဝမ်မုံညှင်း - ၃ စည်း
တရုတ်မဆလာ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲငံပြာရည်အကြည် - ၃ ဇွန်း (ထမင်းစားဇွန်း)
ဟင်းချက်အရင် - ၃ ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်အပျစ် - ၂ ဇွန်း (ထမင်းစားဇွန်း)
ဆီ - ၂ ဇွန်း တို့လိုအပ်ပါသည်။
Ingredients
Pork leg - 1000g
Garlic - 20 cloves
Rock sugar - 50g
cinnamon - 3 pcs
Star anise - 4 pcs
Taiwan mustard - 5 pcs
Green onions - 3 pcs
Chinese five spices powder - 1 tsp
Light soy sauce - 3 tbsp
Cooking wine - 3 tbsp
Dark soy sauce - 2 tbsp
Cooking oil - 2 tbsp
Zaw Gyi
ဒီပေ့ခ်ျလေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
/ cookfork1
/ cookfork1
/ cookfor_k1
ဝက်လက် သို့ ခြေထောက် - ၅၅ ကျပ်သား (၁၀၀၀ ဂ၇မ်)
ကြက်သွန်ဖြူ - အမွှာ ၂၀
သကြားခဲ - ၅၀ ဂရမ်
နာနတ်ပွင့် - အနည်းငယ်
ဂျင်း - အနည်းငယ်
Ingredients
Pork leg - 1000g
Garlic - 20 cloves
Rock sugar - 50g
cinnamon - 3 pcs
Star anise - 4 pcs
Taiwan mustard - 5 pcs
Green onions - 3 pcs
Light soy sauce - 3 tbsp
Cooking wine - 3 tbsp
Dark soy sauce - 2 tbsp
Cooking oil - 2 tbsp
Thanks.အိပ်ခါနည်းဝင်ကြည့်တော့လွှင့်တာတွေ့လို့ဝင်ကြည့်တာ
ကျေးဇူးပါခင်ဗျာ
အဲ့သကြားခဲကိုရေခဲသကြားလို့ခေါ်ပါတယ်
ဟုတ်
စားချင်တယ်ကွယ် 😊😋
လာလညိသွားတဲ့အတွက်ကျေးဇူးပါခင်ဗျာ
မနက်ဖြန်ချက်စားမယ် Bro. Thank you. :)
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
အသုံးပြုထားတဲ့ ဆော့ပုံပါအောင်ပြပေးပါ အကိုကတော်လိုက်တာအချက်ပြုတ်
ဒီကနေ ပုံပို့လို့မရဘူးဗျ။ Fb pageမှာလာပြောရင် ပို့ပေးလို့ရပါတယ်
Doing good never tasted this good... friend
Thanks friend 😊
Cook for K1 ဆရာ ပဲငန်ပြာရည် အကြည် နှင့် အနောက် ကို English လိုဘယ်လိုခေါ် ပါသလဲ ကျေးဇူးပြုပြီးရေးပေးပါအုံးနော် ဝယ်ပြီးချက်ချင်လို့ပါ ကျေးဇူးတင်ပါတယ်
@@maimaipa2001 ပဲငံပြာရည်အကြည် (light soy sauce ) ပဲငံပြာရည်အနောက် (dark soy sauce)
@@Cookfork1 )%))))))))))))))))))%))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))))
အကြိုက်ဆုံးပဲ🤗👌
Good ချက်စားပါမည်ok
ဟုတ် 😻
ကြက်တောက်တောက်ကြော်နည်းလေပြောပြပေးပါအုံး
ဟုတ်။
ဒီနေ့
ဝက်လက် ချက်ပြီ သားရေ ..
မနေ့က
ဝက်သားလုံးကြော် နဲ့ မြန်မာပဲပြားချက်လေး ကလဲ အရမ်းကိုအဆင်ပြေ စားကောင်းပါတယ် .. ကျေးဇူးတင်ပါတယ်သားရေ ။
အခုလိုပြန်ပြောပြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
ကျေးဇူးပါ သည်တိုင်းချက် စားတော့မယ်😀😃
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Good afternoon ..Dear😊
Look so yummy...🤩
This is my favourite dish...😋
Thank for sharing....🥰
Good luck ❣
Thanks for watching 😻
@@Cookfork1
Most welcome
@@Cookfork1😮
အမြဲအားပေးနေပါတယ်။
ကျေးဇူတင်ပါတယ်ခင်ဗျာ
ဝက်နံကင်ကြော်လေး လုပ်ပြပါလား ခင်ဗျာ
ကျေးဇူးတင်ပါတယ်😍
အကင် တွေကို လုပ်ဖို့ ကြာဦးမယ်ခင်ဗျ
မနက်ဖြန်ချက်စားစားမယ်ကျေးဇူးပါ
ဟုတ် 😊😊😊
ကြိုက်ဆုံး ဟင်း...
😻😻😻
ကျေးဇူးပါအမြဲအားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
Than you, now i know it, i put too much soy sauce and cooking wine before i watch this video. 😁😙😋
Welcome 😊
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
Good job! Go ahead. Thanks million.
Thank you 💞😊
😇😇😇
Wow, very delicious
Pork leg stew..
Goodness every item lovely colour With rock sugar.
I guess smell is perfect and wanna to eat in this moment..just to say ,
Thank for ur video link.
P.s., ဘိတ် အချဉ် လေးကကောင်းသလို ဘိတ်ငါးပိထောင်းနဲ့ ငါးပိ သုပ်
လေးကကောင်းမှကောင်း😘
Thanks for your support ❤️. Agree with you. I loveee Myeit NgaPi Htaung. 😻😻😻
Really ?
Super ! 😉
Yes. 🤤.
Cooool
Best wishes u and UR family's.🌹
Thanks a lot 🙏🙏🙏. Have a sweet dream. 😻
My favorite....admin 👍👍👍
Thank you 🌷
ကြိုက်သားအကြိုက်ပါ
ဟုတ်ကဲ့ 😊
I will try your this dish definitely. Because I like your recipe. Thank you so much 👌👌👌👌👌👍👍👍👍❤️❤️❤️
Hope you love it 😊 Thank you ❤️
ကြည့်ပီးချက်စားတယ်ကွယ် ညကနေချက်ထားတာ ရိုးရိုးမီးနဲ့ပဲ ၂ကီလိုနီးပါး စားလိုက်ကြတာ
ကျေးဇူးတင်လိုက်တာ အရမ်းလဲလွယ်တယ်
ကျမတော့ ထိုင်ဝမ်မုန်ညင်းလဲမပါ ကြက်သွန်မှိတ်မပါ ကိုက်လန်နဲ့လုပ်ပစ်လိုက်တယ်
ရိုးရိုးသကြားနဲ့ထည့်လိုက်တယ်
ဟင်းချက်အရက်ကဘာမှန်းတောင်မသိဘူး
တောသားဆိုတော့ 😀တောအရက်ထည့်ပလိုက်တာ် ဆွီတီမဆလာနဲ့ပဲချက်ပစ်လိုက်တာ
စားကောင်းလိုက်တာ ဆိုက်မှာဝယ်စားတဲ့လက်ရာမှီတဲ့အပြင် ကုန်ကျသက်သာပီး အစစားလို့ရတယ် ၄ယောက်ထဲစားတာ ပြောင်
ပျော်စရာကြီး 😻😻😻။ အခုလိုပြန်ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
may i know if i can use normal sugar instead of rock sugar?
Yes..you can.
Good,Sir.
Thanks.
You're welcome 😊
Thank you good recipe
Thank you 🌷
ခုပဲ ခ်က္စားၾကည့္မယ္ ဆရာ
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကြက်သွန်မိတ်အစား စပါးလင်ထည့်ပြုတ်ရင်ပိုအဆင်ပြေမလားရှင့်
ရပါတယ်
၃၃၂ က ဒဲ.လား
တရုတ်မဆလာမရှိရင်ဘာအစားထိုးလို့ရလဲအကိုပီးတော့rock sugarလဲမရှိဘူးဒီမှာ
တရုတ်မဆလာ မထည့်ရင် ငရုတ်ကောင်းမှုန့်အဖြူထည့်လို့ရပါတယ်။ ဒါပေမယ့် တရုတ်မဆလာကတော့ ဒီဟင်းရဲ့ မပါမဖြစ် တခုဖြစ်နေတယ်။
နောက်ပြီး rock sugar အစား ရိုးရိုးသကြား ထည့်လည်းရပါတယ်ခင်ဗျာ
Wow , my fav ever 😍,
Thank you ☺️
You got wrong proceeder buddy. That's not pork stew.
We call it Pork Leg soup in Myanmar...
ကြိုက်တယ် ခုလိုပြည့်စုံအောင် တင်ပြ ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
win (gift & souvenir SG)thank u teacher
Thanks par 😊
စားခြင်စရာ
ဟုတ်ကဲ့ 😊
Very good where are you live
Myanmar
is dark soy sauce same as sweet ABC soy sauce?
Nope. Dark soy sauce is thicker than then light soy sauce. When you buy soy sauce, check the lable on the bottle. ABC is one of soy sauce brand.
ဟင်းချက်အရက်က ဘယ်လိုမျိုးပါလဲဗျ။ မသိလို့ပါ။
ဟင်းချင်အရက် က တရုတ်ဟင်းလျာချက်ရင်သုံးတယ်ခင်ဗျ။ ရန်ကုန်မှာဆိုရင်တော့ Market Placeမှာ ၀ယ်လို့ရသလို သံဈေးကုန်စုံဆိုင်မှာလည်းရပါတယ်ခင်ဗျာ။ နိုင်ငံခြားမှာဆိုရင်တော့ အာရှစတိုးဆိုင်တွေမှာ Cooking wine ဆိုရပါတယ်။ သူက သောက်တဲ့အရက်တွေလို ဈေးမကြီးဘဲ ငံပြာရည်ဈေးလောက်ပဲရှိပါတယ်။
ကျေးဇူးပါနော်😊😊
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Thank you teacher
You're welcome par 🌷
Pressure cooker မရှိရင်
တစ်ခြားဘာနဲ့ချက်လို့ရနိုင်လဲ
မီးအေးအေးနဲ့ 45 မိနစ်လောက်ချက်ရင်ရတယ်ခင်ဗျ။ မီးအားတော့ ပြင်းလို့မရပါဘူး
စားချင်လိုက်တာ
ဟုတ်ကဲ့
ဝက်စတူးက
အခေါက်ကိုရဲလာအောင်
ကြော်ပြီးချက်တာက
ပိုပြီးစားကောင်းတယ်
ဟုတ်တယ်ဗျ။
ကျေးကျေး
ကျေးဇူးပါခင်ဗျာ
ဟင္းခ်က္အရက္ကဘယ္လိုမ်ိဳးလဲ
အသားညှီနံ့သက်သာအောင်ထည့်တဲ့အရက်ပါ
ကောင်းမှကောင်း
😋😋😋
Thanks you so much👍
Thank you 😊
ကြိုက်တယ်ဗျာ ဒါနဲ့ မထဲ့တာကျန်သေးလား သွေးတိုးလိုရောဂါရှိသူတွေနဲ့တော့ မဆိုင်ဘူးပေါ့နော် ကြည့်စားရမှာပေါ့လေ ။
သွေးတို့ရှိရင်တော့ စားပြီးရင်သံပုရာရည်ချဉ်ချဉ်လေးသောက်ပေးပါခင်ဗျာ။ အိမ်မှာတော့ လူကြီးတွေကြိုက်လို့ စားရင် အများကြီးတော့ မစားခိုင်းပါဘူး။
ရိုးရိုးသကြားဆို ဘယ်လောက်ထည့်ရမလဲဗျ
၀က်သား 50သား ဆိုထမင်းစားဇွန်း 1 ဇွန်းဆိုရတယ်ခင်ဗျ
ဆား မထည့်ဘူးလား ဟင်
ပဲငံပြာရည်က အငန်ပါပြီးသားမလို့ပါ
ကန်စွန်းပလိန်းချဥ်စပ်လေး ချက်ပြပေးပါအုန်းဗျ
ဟုတ်ကဲ့ ချက်ပြပေးသွားပါမယ်ခင်ဗျာ
Thank you
Thank you ❤️😊
look delicious ;D
Thanks 😊
Cooking wine ပုံလေးပြပေးပါလား အကို
images.app.goo.gl/pBnb6sXHuSPPrFJs7
ညာဖက်ဆုံးကပုလင်းပ့
Pressure cooked မသုံးရင် ရှာလာကာရည် ထည့်ရင် အဆင်ပြေမလား မသိလို့ပါ bro
အရသာရော ပြေင်းသွားနိုင်မလား 😁😁😁
Pressure cooker မသုံရင် မီးအေးအေးနဲ့ ရိုးရိုးဟင်းချက်အိုးမှာပဲ ၁ နာရီလောက် ထားရင်ရတယ်ဗျ။ မကြာခဏတော့ မွှေပေးပါ။
မီးက သေးသေးလေးပဲဖြစ်ရမှာပါ။
ရှလကာရည်မထည့်နဲ့ဗျ။ အရသာပျက်သွားမယ်
Thanks.
Thank you 😊
👍
Thank you 🫰
Thank you 😊
Thank you ❤️😊
ချက်ပြီလေ... ဒါနဲ့ သကြားခဲက ဘယ်မှာရနိုင်မလဲ... မသုံးဖူးတော့့
Citymart မှာရတတ်တယ်ဗျ
အိုးဝယ်ရင်ဘယ်လောက်လေယက်ပေးရလဲဗျ
၄ သောင်း၀န်းကျင်ရှိတယ်ခင်ဗျ
Thanks alot.👌👌👌
Thank you ❤️😊
where can I get cooking wine
Marketplace by Citymart or 17th Street, HMWE shop.
Thanks
ဝက်ေြခထောက်ကိုဈေးထဲကဝယ်လာရတာမို့ အဲ့လိုအတုံးလေးမျိုးြဖစ်အောင်ဘယ်လိုလုပ်ရသလဲဗျ။
ကျွန်တော် က တခါတည်းခုတ် ခိုင်းတယ်ဗျ။ အိမ်မှာ ခုတ်ရင် တော်တော်ခုတ်ယူရမှာ
Bro I was to see you can cooking the cows
သကြားရောပဲငံပြာရည်အနောက်ရောဆိုတအားမချိုဘူးလားဟင်
ပဲငံပြာရည် အနောက် က မချိုပါဘူး။ ပဲငံပြာရည်အနောက်က thick soy sauce ပါ။
Sweet soy sauce မှ ချိုတာပါ။ ABC တံဆိပ်မျိုးက အချိုပါ။
Good 👍 bro
Thank you ❤️😊
Good
Thank you 😊
ဟင်းချက် အရက် က ဘာလဲ ဗျ
ဆန်အရက်ပါ
@@Cookfork1
ကျေးဇူးပါ
Thank You bro
Thank you 🌷
ခုလိုချိန်မှာကိုယ်ကြိုက်တာလုပ်စားဘို့ထက်အားလုံးကအပြင်မထွက်ရဲလို့မြင်သာမြင်ရ၊မကြင်ရပါလား !
အားလြံးအေးချမ်းသွားရင် ချက်စားလို့ရပါပြီ 😊
Nice! my favorite dish :)
Thank you
I enjoy like cook.l m so happy. You teaching for thank you.
အရန္စားခ်င္လာျပီ
ဟုတ်
ဝက်ခြေတောက်အရည်မနောက်အောင်ဘယ်လိုလုပ်? 🤔
အသားအစိမ်းကို ရေနဲ့ တရေပြုတ်ပစ်ကါ။ ပြုတ်တဲ့အခါ ရေ အေးထဲကို အသားထည့် ပြီးမှ မီးဖွင့်ပါ။ ရေဆူလာပြီး ၂ မိနစ်လောက်ပြုတ်ပြီး ရေပြန်ရေးပစ်ပါ။ ဒါမှ ပြန်ချက်ရင် ဟင်းရည်မနောက်တော့ပါဘူး
@@Cookfork1 Thank you ပါနော်၊ လုပ်ကြည့်မယ်၊🙂
အပေါင်းပေါင်းနည်းလုပ်ပြပါ
ဟုတ် 😊
စားချိုမုံန်မထည့်တော့ဘူးလား နောက် သကြားခဲဆိုတာ ကျောက်ချဉ်ခဲ့ကိုပြောတာလာဗျာ
အချိုမှုန့်မထည့်တာက သကြားခဲက ချိုလို့ပါ။ သကြားခဲ ဆိုတာ သကြား ပါပဲ။ ကျောက်ချဉ် မဟုတ်ဘူးဗျ
ဆားမထည့်ဘူးလားဗျ
Ok go show
Thank you ❤️😊
👍👍👍👍
Thank you ☺️
million thanks !
You're welcome 😊
like❤
Thank you ❤️😊
ဟင်းချက်အရက်ဆိုတာ ဘ,်လိုမျိုးလဲရှင့်
ဟင်းချက်ရင် သုံးတဲ့အရက်ပါ။ အသားညှီနံ့ကို ပျောက်စေပါတယ်
Bro live streaming😅😅
No way😂😂😂
😍😍😍😍😍
Thank you 🌷
0
ငါးပေါင်းလုတ်ပြပါ အကိုရေ
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင္ဗျာ 😊
Thanks again, now we reach 50k, 50000.00 + watch, I wanted 20 million to be watching and make it one, to be one, ONE, Menu born, in, marketing, East and West, overcome, Chinese Menus/Thai Menu, but you Can't you anything Malaysia, Indian Menu, in the next 10 decades right, but we try Myanmar recipe, for beginning, this Video doing great, originally Myanmar people eat every day, however, for the chefs, Myanmar people said, this chef is good, this chef is not, depending on your devoted of your opinion, Or that chefs will more MSG, or Oysters spice , Human sauce or additional kung pork sauce, our Myanmar recipe never reach, International restaurant Market, even 3 restaurant of Myanmar restaurant,, in USA, had hotly defined , bad reputation, meanwhile, how much we teach you, you never listen or never be born , one Menu , right, I just tell you, I dont mind at all, but I yelled you, The National cooking for.
I did it, restaurant works, cook and services, outside Burma's, right, please be United In One, this, or that Menu, do not unique for your own boss, or leadership.
Thanks,
Let me tell you one, back in 1990, post 1988 , said, by friend of mine one guy from Myanmar State, employees to be a Cook, as Norway Cruiser, with 4 Verification cook certify from Rangoon Cook School Academy, but, most of Burmese/Myanmar Chef, were already for decades , they all pissoff, in the boat,board, because your man dont understand any, finally, our Burmese Line cook , trouble to handle and thrown all food every where at the floor and this man faces, said,
But later, know all get fired, because he, was the brother of Female Congressman in Ma sak Lah, ok, this story may know, who ever lived in Washington DC , and 50 years old today, ok who is wrong?? The food or the man or the lies or the Menu.
Thank For reading, I cooked many years, East and West and USA, I retrie when i was 39 from restaurant, I continue selfe employed,
Thanks for your sharing. ❤️
သသသသသသသသသသ
စကားမပီတာ လှောင်စရာလိုလို့လား 😂
ေက်းဇူးပါ
ကျေးဇူးပါခင်ဗျာ
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
ဟင်းချက်အရက်က နေ့တိုင်းချက်စားတဲ့ အထဲပါရင် ကျန်းမာရေးအတွက် ကောင်းပါ့မလား (သိချင်တာပါ မသုံးဘူးလို့)
ဟင်းချက်အရက်အသုံးပြုတာက အသားညှီနံ့ကိုဖျောက်ဖို့ပါ။ အပူပေးလိုက်ရင် အရက်က အငွေ့ပျံသွားပါတယ်။တရုတ်ဟင်းလျာ တော်တော်များများက အရက်ထည့်ချက်လေ့ရှိသလို ဂျပန်ဟငိးတွေလည်း ထည့်လေးရှိပါတယ်။ ဒီတိုင်းတောင် သောက်နေကြတဲ့အတွက် တအိုးလုံးမှ ၂ ဇွန်းဆိုတဲ့ ပမာဏ ဟာ ဘာမှမဖြစ်ပါဘူးခင်ဗျာ။
ကျေးဇူးတင်ပါတယ်ရှင့်ချက်စားကြည့်ပါမယ်☺️🙏
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
ေက်းဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ 😊
ကျေးဇူးပါ
ကျေးဇူးပါခင်ဗျာ
မှားတတ်တာလေးတွေ..သတိထားရမယ့်အချက်တွေကိုပြောပြပေးတာ..တန်ဖိုးရှိလှပါတယ်..ပဲငံပြာရည်အပြစ်နဲ့ အကျဲကို..ABC အနီနဲ့အစိမ်းကိုသုံးရင်ရပါသလား..ကျေးဇူးပါ..
သုံးလို့ရပါတယ်ခင်ဗျာ
သူဇာ
သူဟာယောက်ျားလေးဖြစ်ပြီးဟင်းချက်တော်ပါသည်စားချင်စရာကောင်းတဲ့ဟင်းဖြစ်ပါသည်ရှင်အမြဲတမ်းအားပေးနေမယ်လို့ရှင့်
ကျေးဇူးတင်ပါသည်ခင်ဗျာ😻
He’s the best chef ever, I love it.
Thank you 😻
ကျေးဇူးပါ အမြဲတမ်း အားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
အစ်ကိုအဲ့ဒီသကြားခဲကဘယ်မှ၀ယ်လို့ရလဲ
ရန်ကုန်မှာဆို တရုတ်တန်းက သံဈေး (၁၇ လမ်း) မှာရတယ်ခင်ဗျ
က်ေးဇူးပါတကယ္ခ်က္ခ်က္ေနတာခုမှခ်က္ရမှာ
😻😻😻
လေးစားပါတယ်အားလုံးမလုပ်တတ်တာကိုမရှိဘူး ဟန်ဘာဂါလုပ်တတ်ရင်သင်ပြပေးပါအုံးအကို
@@Cookfork1 ဟုတ်ကျေးဇူးပါ အားကိုးပါတယ်
ကြိုက်တယ်
ပေါင်းအိုးကို ချက်ချင်းဖွင့်တဲ့နည်း
ရှိပါတယ်
ဟုတ်။ ပြောပြပေးပါဦးခင်ဗျာ
ပေါင်းအိုးကို မီးဖိုပေါ်မှချ
ရေအေးလောင်းပါ အငွေ့တွေချက်ချင်းကုန်သွားပါလိမ့်မည် အဲ့လောက်ဆိုရင် ရမယ်ထင်ပါတယ်
ရေကို တစ်ခါတည်းနဲ့ ခွက်လိုက်မလောင်းရ
နဲနဲချင်းလောင်းပါ။
ကျေးဇူးပါခင်ဗျာ