အီကြာကွေးကြော်နည်း
ฝัง
- เผยแพร่เมื่อ 7 ก.พ. 2025
- မူရင်း recipe link
• Homemade Chinese Long ...
စတေးဟုမ်းမှာ အီကြာကွေးမှ လုပ်မတတ်သွားရင် ခေတ်နောက်ကျနေမှာနော် ......။
အီကြာကွေးပြုလုပ်နည်းတွေ အမျိုးမျိုးရှိပါတယ်၊
ရိစ်ထည့်တာ။ အမိုးနီယားထည့်တာ။ ကြက်ဥထည့်တာ စသဖြင့်။
အခု မမီးလုပ်ထားတဲ့ အီကြာကွေးနည်းက လာအိုအမျိုးသမီး ယူကျု့ဘာ ရဲ့နည်း အတိုင်းလိုက်လုပ်ထားတာဖြစ်ပါတယ်။
အခု နည်းမှာ..
ဘိတ်ကင်ပေါင်ဒါ မထည့်လို့ရလား။ ဘိတ်ကင်ဆိုဒါ မထည့်လို့ရလား မေးသူများလို့ တခါထဲ ထည့်ဖြေလိုက်ပါတယ်။ မရပါ။ မထည့်ရင် မပွပါ။ ထည့်မယ်ဆိုရင်တောင် အာနိသင်ရှိရပါမယ်။ ဘိတ်ကင်ပေါင်ဒါ အာနိသင်ရှိမရှိကို ခွက်တခုတွင်အနည်းငယ်ထည့်ပီး ရေထည့်ကြည့်ရင် အမြှုတ်ထရပါမယ်။ ဘိတ်ကင်ဆိုဒါ အာနိသင်ရှိမရှိ ခွက်တခုတွင်ထည့်ပီး ရှာလကာရည်လောင်းထည့်ကြည့်ပါ အမြှုတ်ဖွားဖွားထရပါမယ်။
ဘိတ်ကင်းပေါင်ဒါ ၊ ဘိတ်ကင်းဆိုဒါ နဲ့ ရိစ် အကြောင်းမေးသူများအတွက် မမီး သိသလောက် ဖတ်မှတ်ထားသလောက်ရေးထားတဲ့ ပိုစ့်တခုတင်ထားပေးပါတယ်။ အဲဒီမှာ ဖတ်ကြည့်ပါ။ လင့်ခ်ကိုလဲ ဒီမှာ ထပ်ကူးထည့်ပေးလိုက်ပါတယ်။ / …
ပါဝင်ပစ္စည်းများ
၁. မွှေးဂျုံမှုန့် .............. ၁ထုပ် ( ၁၅၀ ဂရမ်)
၂. သကြား .................၁ ၁/၂ လက်ဘက်ရည်ဇွန်း
၃. ဆား ....................၁/၂ လက်ဘက်ရည်ဇွန်း လျော့လျေ့ာ
၄. ဘိတ်ကင်းပေါင်ဒါ ..........၁ ၁/၂ လက်ဘက်ရည်ဇွန်း
၅. ဘိတ်ကင်းဆိုဒါ ...............၁/၄ လက်ဘက်ရည်ဇွန်း
၆. ရေ .......................၁၀၀-၁၃၀ မီလီလီတာ
၇. ဆီ .......................၁ ၁/၂ လက်ဘက်ရည်ဇွန်း
၈. ကြော်ရန်ဆီ.......၂ ၁/၂ လက်မခွဲ အနက်
၉. မကပ်အောင်ဖြူးရန် ဂျုံမှုန့် အပိုဆောင်ထားရန်
သိမှတ်ဘွယ်ရာကွန်မန့်များ
U Soe Soe ရိစ်ကအပွမြန်တာပါ
ရိစ်ထဲ့ရင် 2.နာရီအတွင်ကြော်ရပါတယ်
ဘာဆေးမှမထည့်ချင်ရင်
ဂျုံကြမ်း တစ်ပိဿာကို
ကြက်ဥ ငါးလုံးထည့်ကြော်ရပါတယ်
Kyawthu Min လေလုံအောင်ထုပ် ရေခဲသေတ္တာအောက်ဘက်ထဲထည့်ထား ရပါတယ်ဗျ
လေလုံအောင်တော့ထုပ်ပေးရမယ်.
Kyaw Htay ဘိတ်ကင်ဆော်ဒါ နဲ့ ဘိတ်ကင် ပေါင်ဒါ ကိုတော်တော်များများက ခွဲခြားမသီကြဘူး ။ မြန်မာပြည်မာ ဘိတ်ကင်ပေါင်ဒါ ကို ပေါင်မှုတ် ဖုပ်သမားကလွဲပြီး မသုံးကြဘူး ။ ဘိတ်ကင်းဆော်ဒါက sodium bi carbonate. ဘိတ်ကင် ပေါက်ဒါက ဘိတ်ကင်ဆော်ဒါနဲ့ Cream of tartar (အချင်မှုံ ) ကိုရောလိုက်ရင် ဘိတ်ကင်ပေါင်ဒါဖြစ်သွားပါတယ်။ မြန်မာပြည်မှာ ဆော်ဒါထည်ပြီး တည အခြင်ပေါက်ကြလို့ ဘိတ်ကင်ပေါင်ဒါအလိုလိုဖြစ်သွားလို့ပါ။ သဘါဝ အခြင်ပေါ့။
Close
မမီးရေ မွှေးဂျုံ တစ်ထုပ် က ဆန်ချိန်ခွက် ဘယ်လောက်နဲ့ညီမျှလဲရှင့် လုပ်ကြည့်ချင်လို့ပါ ကျေးဇူးတင်ပါတယ်
မချိန်ကြည်ထားမိဘူး၊ အခုဂျုံမုန့်မရှိတော့လို့ချိန်ပြလို့မရတော့ပါဘူး
မမီးရေသမီးကနေ့ခင်းကြော်စားချင်တာရေခဲသေတ္တာလဲမရှိတော့ဘယ်လိုလုပ်ရမာလဲရှင့်
မမီးက ချက်ချင်း မကြော်နိုင်လို့ ရခသတ ထဲ သိမ်းတာ၊ ၂ -၃ နာရီလောက်ခြားပြီး ကြော်လို့ရ
@@Meemeetofu ဟုတ်ကဲ့ကျေးဇူးပါမမီးရေ😘
Okလုပ်စားမယ်
ရှူံ့ရှူံ့လေးထွက်လာတော့ ဟူးး ... ဒုတိယ ဟေးးး ပွပွလေး ... နောက်တစ်ချောင်း ပွပြီပွပြီ ဟိုက်! ရင်ကွဲဗျို့ ၊ ၇ ချောင်းမှာ လှတပတနဲ့ စားကောင်းတာ ၅ ချောင်း ရပါတယ် ကျေးဇူးပါ ... ကြော်စားဦးမှာ
လုပ်ကြည့်အုံးမယ်😊
မမီးရှင့် ဘေကင်ဆော်ဒါမရှိရင် ယီစ် ထည့်ရလားရှင့်
Thank you so much for sharing very nice I ❤️ it 👍🌹🥰
Njkj
how many grams in a package of Hmwe flour. you did not mention the weight og the flour. thanks.
ကျေးဇူးတင်ပါတယ်အခုလိုရှင်းပြပေးတာ
အမိုးနီးယားက ဘယ်လောက် ထဲ့ရလဲရှင့်
အီကြာကွေးးတွေ ပလာတာတွေ ကိုယ့်ဟာကိုလုပ်စားးဒါတောင် လက်တွေဟိုကပ်ဒီကပ်နဲ့😁😁ကြော်လိုက်တော့လဲ စက္ကူပတ်ကြီးးဝါးးနေရသလိုပဲ🤧🤧🤧
အထှာရှိတယ်၊ ဂျုံမှုန့် အမျိုးအစား၊ ထည့်တဲ့ပစ္စည်း အချိုး၊ နယ်ပုံနယ်နည်း၊ အလေ့အကျင့်၊ အတွေ့အကြုံ၊
ကျေးဇူးပါမမီးရေ
Thank You
ကျေးဇူးအထူးပါ
ကျေးဇူးပါ
မင်းအသံကဂရုနာသံပါတယ်
ရေခဲသေတ္တာ မရှိရင်ရော် ဘယ်လိုလုပ်ရမလဲရှင့်
ကျေးဇူးတင်ပါတယ်ရှင့်
ရိုးရိုးsodaထည့်လို့ရလားရှင်
မုန့်ကြကိဥလုပ်ပြပေးပာလား
Thank you so much😘🥰😍
Thanks😍😍😍😘
Powderနဲ့ Soda အစား yeastတစ်ခုတည်းထည့်ရင်ကောရလား
ရပါတယ်၊ မကြွပ်ဘဲ ပေါင်မုန့်ကြော်နဲ့ နဲနဲတူသွားမယ်။
pls post the recipe of steam sturgeon..
ကြယ်ကြယ်ပြောပေးပါ
The sound is so good. I love it. I listen to the sound more than the food...❣
Why not subtitle the steps taken for Chinese fried bread
မမီးရေ banking powderမထည့်ရင် ဘယ်လိုနေမလဲရှငိ့?
မပွဘူးရှင့်
ရေခဲသေတ္တာက ရိုးရိုးအခန်းလား freezer လားဟင်
ရိုးရိုးအခန်း
မမီးရေ သမီးလုပ်တာ ဂျုံက(all purpose flour) မာဂလောက်ကြီးဖြစ်နေတယ် ဘာလို့လဲမသိ 😭😭
အဆင်ပြေရင် ပြောပြပေးပါဦးရှင့်
နယ်တာ ကြာရင် ကြမ်းရင် မာတယ်
ငါးကြင်းပေါင်း နည်း တင်ပေးပါ
I think it a little short?
ေ ကျးဇူးတင်ပါတယ်
Ygn.. city mart မှာ ဘူးအသေး ရှိမလားး အစ်မ...
အစ်မ သုံးတဲ့ တံဆိပ်...ပြောပြပါလားးး
ညီမရေ baking powder မရခဲ့ဘူး baking soda yeast နဲ့တင်လုပ်လို့ရလား
ရွှေရင်အေ:
ကြည့်ရတာတော့ လွယ်နေတာဘဲ
ကိုယ်လုပ်ကြည့်တော့
ရစရာကိုမရှိဘူး ပျက်တာပြောပါတယ်
ရေခဲသ္တောထဲ မထညိ့ဘဲ ထားရင်ရောရလားရှင့် အထားခံလား အိမ်မှာ ရေခဲသေတ္တာမရှိလို့ပါပြောပြပေပါဦး မမီးရေ
ရတယ်၊ အခုက နေ့လည်နေ့ခင်း လုပ်ထားပီး မနက်မှစားဖို့ဆို့တော့ အအေးနဲ့ထားမှ ဂျုံက အချဉ်မပေါက်မှာ၊ဂျုံနယ်ပြီး ၃-၄ နာရီ အတွင်း ကြော်ရင် ရတယ်၊
@@Meemeetofu ဘေကင်ဆော်ဒါပွဆေးမပါဘဲ အီကြာကွေးလုပ်လို့ရလား မမီးရေ
@@မြတ်နိုးလေး မရ၊ မပွဘူး။ ဂျုံကို ကိုယ့်ဘာသာ ရိစ့်ဖြစ်အောင်လုပ်လို့ရ၊ အချိန်ကြာလို့ တိကျဖို့လိုလို့ မလုပ်ဖြစ်ဘူး
yummy; so good, than you so much.
@+
Baking Powder ကဘယ်လိုဝယ်ရမလဲ စစ်၊ Baking Soda ကဝော့သိပါတယ်၊ ပြောပြပေးပါနော်။
pls. you should louder a bit, when you speak out. thx
Send the ingredients quantity of dishes in English plz
Wheat flour .............. 1 pack (150 g)
2. Sugar ................. 1 1/2 teaspoons
3. Salt .................... 1/2 teaspoon less
4. Baking powder .......... 1 1/2 teaspoons
5. Baking soda ............... 1/4 teaspoon
6. Water ....................... 100-130 ml
7. Oil ....................... 1 1/2 teaspoons
8. Frying oil ....... 2 1/2 inches deep
9. Add extra flour to prevent sticking
မမီးရေ Ly က ကနေဒါမှာနေတဲ့ ကမ္ဘောဒီယားလူမျိုးပါ
လာအိုသူမဟုတ်ပါဘူး
မမီးအမှတ်မှား၊ ငါးသေတ္တာ ငပိရည် ဖျော်ပြသူနဲ့လွဲ ပြောမိ
အဲဒီ အမှုန့် ၁ထုပ်ရ သုံးရင် ဘယ်လောက် ပမာဏ ရှိလဲ။ ချိန်စရာ scale လည်း မရှိ။ rice cooker cup နဲ့ 1 cup လောက် ဆိုရင် baking powder, baking soda
အထုန်ဖောက်ဖြစ်တဲ့ အခါ တိုင်းကြည့်ပီး လာပြောထားပါမယ်
Thank you sis.
😂
Have to put chili in အီကြာကွေး.belive Buda wrong god Satan that why brain can think afew.
💜💗👍👍❤️
thnx
😋😋
in english please
Please english
I learned this recipe from another TH-camr. Her link is in the description box. She speaks Eng in her video .
လုပ်တာမရဘူပျောပီလုပ်မရဘူ😖😖😖
ပျော့ရင် ကြွပ်လေ။ အကိုင်ကျင့်မရှိလို့ မကိုင်တတ်တာ
😜😜😝
ကျေးဇူးပါ
ကျေးဇူးပါ