လွယ်ကူမြန်ဆန်ထမင်းပေါင်းအိုးနဲ့ချက်တဲ့ ဆီထမင်း

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • ပါဝင်ပစည်းများ
    🌸ကောက်ညှင်းဆန် 6 ခွက်
    🌸ဆီ ထမင်းခူးဇွန်းနဲ့ 2 ဇွန်း
    🌸ကြက်သွန်နီ ဥကြီး တစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်အနံ့စိမ်းမရအောင် ရေသေချာဆေးပါ။
    🌸ဆား လက်ဖက်ရည်ဇွန်း 2 ဇွန်း
    ချက်နည်း
    ❤️ကောက်ညှင်းဆန်ကို ရေဆေးပြီး ထမင်းချက်သလို ရေအချိုးအစားအတိုင်း အပေါ်က ပါဝင်ပစည်းအကုန်ရောမွှေပြီး ထမင်းအိုးထဲ ထည့်ချက်ပါ။
    ✳️ထမင်းအိုးခလုပ် တက်လာပြီး ကောက်ညှင်းမကျက်သေးရင် မွှေပြီး ခလုပ်ပြန်နှိပ် ချက်လိုက်ပါ။
    ❤️အပေါ်ယံ ဂျိုးလိုချင်ရင် ဗန်းထဲထည့်ပြီး Oven ထဲထည့် Broil ကိုရွေးပြီး 10 mins လောက် high temperature နဲ့ဖုတ်ပါ။ တနေရာထဲ ကွက်ပြီးမတူးအောင်တော့ ကြည့်ပြီး လှည့်ပေးရပါမယ်။
    ✳️Oven မရှိရင် ဒယ်အိုးပြားထဲ ကောက်ညှင်းထည့်ပြီး ဂျိုးလုပ်လို့လဲ ရပါတယ်။
    ပဲပြုတ်၊ နှမ်းထောင်း၊ ဆိတ်သားမျှင်ကင် ကြိုက်ရာနဲ့ တွဲစားပါ။
    Yummy in my Tummy ❤️❤️❤️
    #ဆီထမင်း
    #myanmarfoods
    #burmesebreakfast
    #မြန်မာရိုးရာမနက်စာ

ความคิดเห็น • 8

  • @EiMoeMoeOo
    @EiMoeMoeOo 27 วันที่ผ่านมา

    အစ်မရေကောက်ညှင်းနို့ဆီဘူးနဲ့တစ်လုံးဆိုရေဘယ်လောက်ထည့်ရမလဲထမင်းပေါင်းအိုးနဲ့ချက်ရင်ချက်နည်းလေးပြောပြပေးပါနော်တခါမချက်ဖူးလိူ့ထိုင်းမှာပါ

  • @suthinzarhan3111
    @suthinzarhan3111 3 หลายเดือนก่อน +1

    မရေ ပဲပြုတ်လုပ်နည်းလေး ပေးပါဦး ❤

    • @zuzulay9001
      @zuzulay9001  2 หลายเดือนก่อน

      @@suthinzarhan3111 ပဲပြုတ်လုပ်နည်း video လေးတင်ထားပေးပါတယ်နော်

  • @KoChit-ic6uf
    @KoChit-ic6uf 3 หลายเดือนก่อน

    အရသာက ဘာထည့်လဲ ဗအမ❤

    • @zuzulay9001
      @zuzulay9001  2 หลายเดือนก่อน

      @@KoChit-ic6uf ပါဝင်ပစည်းများ
      🌸ကောက်ညှင်းဆန် 6 ခွက်
      🌸ဆီ ထမင်းခူးဇွန်းနဲ့ 2 ဇွန်း
      🌸ကြက်သွန်နီ ဥကြီး တစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်အနံ့စိမ်းမရအောင် ရေသေချာဆေးပါ။
      🌸ဆား လက်ဖက်ရည်ဇွန်း 2 ဇွန်း

  • @LaMin-p1u
    @LaMin-p1u หลายเดือนก่อน

    ရေကဘယ်လောက်ထည့်ရလဲရှင့်

    • @zuzulay9001
      @zuzulay9001  หลายเดือนก่อน

      @@LaMin-p1u ရိုးရိုးထမင်းချက်တာထပ်ရေနဲနဲပဲ ပိုထည့်ပါတယ် .

    • @LaMin-p1u
      @LaMin-p1u หลายเดือนก่อน

      @@zuzulay9001 ကျေးဇူးပါရှင့်