နွေဦးတော်လှန်ရေးထဲက အသက်အငယ်ဆုံး စစ်ရေးချုပ်

แชร์
ฝัง
  • เผยแพร่เมื่อ 27 ก.ย. 2024
  • နွေဦးတော်လှန်ရေးထဲက အသက်အငယ်ဆုံး စစ်ရေးချုပ် (ရုပ်/သံ)
    ဘုန်းအောင်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၃
    လွိုင်ကော်မြို့ဇာတိ အသက် ၂၇ အရွယ် ကယားလူမျိုးဖြစ်တဲ့ ခူးရီးဒူဟာ နွေဦးတော်လှန်ရေးကနေ ပေါ်ထွက်လာတဲ့ ထင်ရှားတဲ့တော်လှန်ရေး ခေါင်းဆောင်တွေထဲက လူငယ်တယောက်ပါ။
    အာဏာသိမ်း စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေတဲ့ ကရင်နီစစ်မြေပြင်ရဲ့ စစ်ရေးမှာ ဦးဆောင်နေသူ တယောက်ဖြစ်တဲ့ ခူးရီးဒူဟာ စစ်အာဏာမသိမ်းခင် ကရင်နီဒုက္ခသည် စခန်းမှာ ကျောင်းဆရာ အဖြစ် လုပ်ကိုင် ခဲ့သူလည်းဖြစ်ပါတယ်။
    စစ်ကောင်စီ တပ်ဖွဲ့ရုပ်အလောင်းတွေကို လှည်း ၃ စီးနဲ့ သယ်ထုတ်ခဲ့ရတဲ့ တိုက်ပွဲ၊ တပွဲထဲနဲ့ သေနတ် အလက် ၄၀ ကျော် နဲ့ တပ်မ ၆၆ တပ်မ ၇၇ စစ်ကောင်စီ ဗျူဟာမှူးတွေကို ခုံလှုပ်စေခဲ့တဲ့ တိုက်ပွဲတွေဟာ ခူးရီးဒူဦးဆောင် တိုက်ခဲ့တာပါ။
    ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ဖြစ်သူ ခူးရီးဒူ အကြောင်းကိုတော့ ဧရာ၀တီ သတင်းဌာနက ကရင်နီစစ်မြေပြင်ကို သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ความคิดเห็น • 1.1K