ဂျင်းပြုတ်ရည်တစ်နေ့နှစ်ခွက်သောက်သုံးပေးခြင်းအတွက် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • ပရိသတ်များရှင် ကျွန်မတစ်ကိုယ်လုံးခြုံကြည့်ရင် ပိန်တယ်လို့ထင်ရပေမယ့် ဘာကြောင့် ဗိုက်ပူနေရတာလဲ?
    ဘာကြောင့် မတ်တပ်ရပ်နေတာတောင် ဗိုက်ခေါက်ကထွက်နေရသေးတာလဲ?
    သင့်အနေနဲ့ အင်တာနက်ကို နှံ့နှံ့စပ်စပ်အသုံးပြုသူတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီလိုမေးခွန်းတွေကို သင့်လိုပဲ အပူတပြင်းရှာဖွေနေတဲ့သူတွေကို အများအပြားတွေ့ရမှာဖြစ်ပါတယ်။
    ဒီပြဿနာဟာ လူအများစုတွေ့ကြုံခံစားနေရပြီး အရမ်းကို အဖြစ်များနေပါတယ်လို့ ကျွန်မပြောပြရင် သင်အံ့ဩမိ မလားမသိဘူးနော်။ ဒါပေမယ့် ဒီပြဿနာက ပေါ့သေးသေးတော့မဟုတ်ပါဘူး။
    အကြောင်းကတော့ ဗိုက်ခေါက်ထွက်ခြင်း၊ ဗိုက်အဆီပြင်ထူလာခြင်းဟာ မိတ်ဆွေကို မသက်မသာဖြစ်စေပြီး ဂျင်းဘောင်ဘီ ဝတ်ဖို့အဆင်မပြေစေရုံသက်သက်ဖြစ်စေတဲ့ အစိုင်အခဲ အဖုအထစ်တစ်ခု သက်သက်မဟုတ်တော့ပါဘူး။ ဒီလို အဆီပြင်မျိုးဟာ အရမ်းကို အန္တရာယ်ကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
    အဆင့် ၂ ဆီးချိုရောဂါ၊ နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေသာမက အလွန်ဆိုးရွားတဲ့ အခြားသောကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဦးတည်စေနိုင်ပါတယ်။
    အဲ့ဒီတော့ မိတ်ဆွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ကင်းအောင် ဘယ်လိုတွေလုပ်ဆောင်နိုင်မလဲ?
    ခန္ဓာကိုယ် သွယ်လျပြီး စိတ်ကူးထဲက ခန္ဓာကိုယ်အချိုးအစားမျိုးရအောင် ဘယ်လိုလုပ်မလဲ?
    ဆိုတာကို သိချင်ရင်တော့ ဒီဗီဒီယိုလေးကို ဆုံးတဲ့အထိကြည့်ပြီး အဖြေရှာကြည့်လိုက်ကြရအောင်နော်။
    ကျွန်မတို့က လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပြီး မိတ်ဆွေကတော့ Like လေးတွေနဲ့ မေတ္တာတုန့်ပြန်ပေးပါဦး။
    ယေဘုယျအားဖြင့် ကျန်းမာရေးဆောင်းပါးတိုင်းလိုလိုကတော့ မိတ်ဆွေဝမ်းဗိုက်မှာရှိနေတဲ့ အဆီပိုလက်မ အနည်းငယ်ကို လျော့ချနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်ဖို့အတွက် အကြံပြုမှာ အသေအချာပါပဲ။
    ဒါဟာလည်း တစ်ကယ်တမ်း မှန်ကန်သင့်လျော်တဲ့ အကြံကောင်းတွေဆိုတာ မငြင်းနိုင်တဲ့အချက်ပါ။

ความคิดเห็น • 185