ကန့်ဘလူ၊ ကျီကုန်းကျေးရွာတံတားတွင် စစ်သားများကိုတိုက်ခိုက်မှု ၁၆ ဦးသေလက်နက် ၁၆ လက်သိမ်းဆည်းရ

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • ကန့်ဘလူ၊ ကျီကုန်းကျေးရွာတံတားတွင် ယာယီတပ်စွဲထားသော စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၁၆ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၁၆ လက်သိမ်းဆည်းရရှိ
    ရန်ကုန်၊ ဇူလိုင် ၂၅
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတား၌ ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၆ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၁၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
    ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ အချိန်တွင် ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတား၌ ယာယီတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
    ထို့အပြင်းအကြမ်းဖက်စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုး အစား သေနတ် ၃ လက်၊‌ ပြောင်းချော သေနတ် ၁ လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး ကင်းတဲစခန်းများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
    အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) ပူးပေါင်း အဖွဲ့ မှတို့မှ တိုက်ခိုက်ချေမူန်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ความคิดเห็น • 2

  • @waiyanpaing-n9m
    @waiyanpaing-n9m 2 หลายเดือนก่อน

    ပေါက်ကရ.ဂျင်းသတင်းတေ

    • @Lessons190
      @Lessons190  2 หลายเดือนก่อน

      🙏🙏🙏