"ဒီနှစ် တရုတ်နှစ်ကူးမှာ ကုန်ကျစရိတ်တွေ မြင့်လာလို့ အသင်းကို အိတ်စိုက်ပြီး ရပ်တည်နေရတယ်" - စိုင်းကို

แชร์
ฝัง
  • เผยแพร่เมื่อ 27 ก.ย. 2024
  • "ဒီနှစ် တရုတ်နှစ်ကူးမှာ ကုန်ကျစရိတ်တွေ မြင့်လာလို့ အသင်းကို အိတ်စိုက်ပြီး ဆက်လက်ရပ်တည်နေရတယ်" - စိုင်းကို(Founder of ESL Dragon & Lion Dance Association)
    -----------------
    “၁၉၉၈ ခုနှစ်ကတည်းက အသင်းကို တည်ထောင်တာ။ ကျွန်တော်တို့ ပြည်တွင်းပြိုင်ပွဲမှာ ၂၀၁၁ နဲ့ ၂၀၁၂ ကို ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တယ်ဗျ။ လက်ရှိကာလပေါက်ဈေးနဲ့ပြောရရင် ခြင်္သေ့တစ်ကောင်က ၈ သိန်းနဲ့ ၁၀ သိန်းကြားကို သွားတယ်။ ဒါကတော့ ကွာလတီ အနည်းအများနဲ့ လှတယ်၊ မလှတယ်အပေါ်လည်း မူတည်သေးတယ်ပေါ့နော်။ နဂါးဆိုရင် အနည်းဆုံး ၁၂ သိန်း ၁၃ သိန်းနဲ့ အများဆုံး သိန်း ၂၀ အထိ ရှိတယ်ဗျ။ လောလောဆယ်က ဒေါ်လာဈေးတက်နေတဲ့အတွက် ခြင်္သေ့ပစ္စည်း၊ နဂါးပစ္စည်း အကုန်လုံးက ဈေးတွေ ခုန်တက်နေတယ်။ ပစ္စည်းတွေရဲ့တန်ဖိုးတွေလည်း မြင့်တက်လာသလို ကားဆီဖိုးတွေလည်း မြင့်တက်လာတော့ အိမ်တစ်အိမ်ကို အနိမ့်ဆုံးကတော့ ခြင်္သေ့ရော နဂါးရော ပါမယ်ဟေ့ဆိုရင် ၄ သိန်း ၅ သိန်းကနေစပြီး အန်ပေါင်း သတ်မှတ်ထားတာပေါ့လေ။ နှစ်တိုင်းလည်း မမြတ်သလို နှစ်တိုင်းလည်း မရှုံးဘူးပေါ့ဗျာ။ အသင်းကို ဆက်ပြီး ရပ်တည်လို့ရအောင် အသင်းခေါင်းဆောင်တွေက တစ်ခါတလေ အိတ်စိုက်ပြီး သွားရတာလေးတွေလည်း ရှိတယ်” - စိုင်းကို(Founder of ESL Dragon & Lion Dance Association)
    #MercuryVariety
    #MV
    #MercuryExclusiveInterview
    #ExclusiveInterview
    #ChineseNewYear
    #တရုတ်နှစ်သစ်ကူး
    #ယုန်နှစ်
    #SaiKo
    #စိုင်းကို
    #Founder
    #တည်ထောင်သူ
    #ကုန်ကျစရိတ်
    #မြင့်တက်
    #ESL
    #Dance
    #Lion
    #Dragon
    #ခြင်္သေ့
    #နဂါး
    #အက
    #အိတ်စိုက်
    #အန်ပေါင်း
    #ရပ်တည်မှု
    #Yangon
    #Myanmar

ความคิดเห็น •