“မိုးမောက်နဲ့ မံစီမြို့က အရေးကြီးနေရာတွေကို KIA သိမ်းပိုက်...ပဲဒက်စခန်းမှာ အရှင်ဖမ်းမိသူ၂၆ ဦးရှိ...

แชร์
ฝัง
  • เผยแพร่เมื่อ 8 พ.ค. 2024
  • “မိုးမောက်နဲ့ မံစီမြို့က အရေးကြီးနေရာတွေကို KIA သိမ်းပိုက်...
    ပဲဒက်စခန်းမှာ အရှင်ဖမ်းမိသူ၂၆ ဦးရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”
    (၁၀ -၅ - ၂၀၂၄)
    ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမြို့တွေမှာ ရဲစခန်းအပါဝင်
    အရေးကြီးနေရာအတော်များများကို သိမ်းပိုက်ပြီးဖြစ်ပေမယ့် တမြို့လုံးကို
    ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးတော့ မဟုတ်သေးဘူးလို့ KIA
    ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။
    မံစီရှိ စစ်တပ်စခန်း ၂ ခုရဲ့ ကာကင်းတွေကို သိမ်းပြီးဖြစ်တဲ့တိုင်
    စစ်တပ်ဖက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေဆဲဖြစ်တယ်လို့ KIA
    ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
    ဒေသတွင်း မီဒီယာဖြစ်တဲ့ KNG- Kachin News Group ကတော့ တိုက်ပွဲဟာ
    ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာအထိရောက်နေပြီဖြစ်တဲ့အတွက်
    ဗန်မော်ဒေသခံတွေဟာ မေလ ၉ ရက်နေ့ ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြပြီလို့
    ဖေါ်ပြပါတယ်။
    တချိန်တည်းမှာပဲ မြစ်ကြီးနား-မြို့အနီးက ဗလမင်းထင်တံတား စစ်တပ်ဂိတ်ကို
    မနေ့က နေ့လယ် ၂ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်။
    တခါ ဝိုင်မော်မြို့နယ်ရှိ ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ညမှာ
    စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့လည်း ဒေသတွင်း မီဒီယာတွေမှာ
    ဖေါ်ပြထားပါတယ်။
    ဒါ့အပြင်...
    - ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပဲဒက် စခန်းသိမ်းတိုက်ပွဲအတွင်း
    စစ်ကောင်စီဖက်က ၈ ဦးသေ၊ ၂၆ ဦးအရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၃၀
    သိမ်းမိတယ်လို့ တနသာင်္ရီတိုင်း စစ်ဌာန က သတင်းထုတ်ပြန်...
    - မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ စစ်ကောင်စီတပ်စခန်းကို
    တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သား ၂၀ ခန့်အထိ
    သေဆုံး...
    - ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဝါးပိုးတော-စစ်ကောင်စီတပ်စခန်းကို
    တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်သား ၆
    ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့ KNLA Nighthawks အဖွဲ့က သတင်းထုတ်ပြန်...
    - စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓီတထောင်မှာ ဘုရားဝင်းမှာ
    တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်သားတွေ ရေခပ်ဆင်းချိန်မှာ
    တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်တဲ့အတွက် ၂ ဦးသေ၊ လက်နက်ငယ်တလက်
    သိမ်းမိ...
    - မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ အကြည်ပန်းမလွန်း
    ကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေယာဉ်က
    ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ‌ဦးရေ ၂၀ ခန့်သေဆုံးနိုင်ပြီး ၃၀ ကျော်
    ဒဏ်ရာရ...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

ความคิดเห็น • 4

  • @PkPk-hd5bc
    @PkPk-hd5bc 25 วันที่ผ่านมา

    💪💪💪

  • @PkPk-hd5bc
    @PkPk-hd5bc 25 วันที่ผ่านมา

    ❤❤❤

  • @PkPk-hd5bc
    @PkPk-hd5bc 25 วันที่ผ่านมา

    မဂ်လာပါ

  • @user-be6ns6fu3n
    @user-be6ns6fu3n 25 วันที่ผ่านมา

    မဂ်လာ နံနက်ခင်းထင်ရှားစွာထွက်ပေါ်လာသော BNN နဲ့ ကိုဟန်ထွန်း ရေမျှဝေတာကျေးဇူးပါ 👋👋👋ပြည်သူအချစ် တော် အားလုံး ကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေပါစေ တိုက်ပွဲများအားလုံး အောင်နိုင်ကြပါစေ 🙏🙏🙏⭐⭐❤❤💙💙