၅။ အာနာပါန ကမ္မဋ္ဌာန်း အလုပ်ပေး တရားတော်။ကမ္ဘာ့ပညာရှင် ဖားအောက်တောရ ဆရာတော် ဘုရားကြီး

แชร์
ฝัง
  • เผยแพร่เมื่อ 27 พ.ค. 2023
  • #(ပီတိ သုခ ဥပေက္ခာ ဧကဂ္ဂတာ)ဈာန်အင်္ဂါ လေးပါးရှိနေသေးတယ်၊ ဒါကလည်း လောကုတ္တရာပဲ ဘာဖြစ်လို့လဲ ?
    ဒီဈာန်အင်္ဂါတွေကလည်း အသင်္ခတအငြိမ်းဓာတ်
    နိဗ္ဗာန်ကိုလှမ်းအာရုံပြုတယ်၊
    အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော လောကီဈာန်ရဲ့အာရုံကို အာရုံမပြုကြဘူး၊
    နောက်တစ်ခု ဘုရားအလောင်းတော်က အာနာပါန တတိယဈာန်နာမ်တရားတွေကို ဝိပဿနာရှုနေသည့်အခိုက်မှာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့်ဆိုက်ရောက်တော်မူခဲ့တဲ့အတွက် ဘုရားအလာင်းတော်ရဲ့ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေဟာ တတိယဈာနိက မဂ်ဖြစ်တယ်၊ အဲ့ဒီတတိယဈာန်ကတော့ ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါသုံးပါး ရှိတဲ့ဈာန်ဖြစ်တယ်၊
    သ်ို့သော် ဒီပီတိ သုခ ဧကဂ္ဂတာတွေကလည်း အလားတူပဲ အသင်္ခတ နိဗ္ဗာန်ကိုပဲ လှမ်းပြီ အာရုံပြုကြပါတယ် ၊
    တစ်ခါဘုရားအလောင်းတော်က ပဉ္စကနည်းအားဖြင့် အာနာပါန စတုတ္ထဈာန်ကိုဆက်လက်ပြီးဝင်စားတယ်၊ ဝင်စားပြ်ီးမှ အာနာပါန စတုတ္ထဈာန်နာမ်တရားတွေကို ဝိပဿနာရှုခိုက်မှာ အရဟတ္တမဂ်ကို ဆိုက်ရောက်သွားခဲ့တယ် ၊
    ဒီတော့ ဘုရားအလောင်းတော်ရဲ့
    အရဟတ္တမဂ်က စတုတ္ထဈာနိက မဂ်ဖြစ်တယ်၊ သို့သော် အဲ့ဒီစတုတ္ထဈာနိကမဂ်က စတုက္ကနည်းမဟုတ်ဘဲ
    ပဉ္စကနည်းဖြစ်ပါတယ်၊ ဒါ့ကြောင့် အဲ့ဒီမှာ သုခ ဧကဂ္ဂတာ ခေါ်တဲ့ ဈာန်အင်္ဂါနှစ်ပါးရှိတယ်၊ ဒီဈာန်အင်္ဂါနှစ်ပါးကလည်း အသင်္ခတနိဗ္ဗာန်ကိုဘဲ
    လှမ်းအာရုံပြုကြပါတယ်၊ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမပြုကြပါဘူးနော်၊ အာရုံချင်းမတူဘူး ၊
    လောကီဈာန်ရဲ့အာရုံနှင့်
    လောကုတ္တရာဈာန်ရဲ့ အာရုံသည် အရှုခံ အာရုံချင်းတူးသလား ? မတူဘူး ၊
    ဒါကိုသဘောပေါက်ပါ၊ ဒီတော့
    ဒီနေရာလေးမှာ တပည့်တော်မေးချင်ပါတယ်နော်
    ဒီလောက်တောင် ဘုရားအလောင်းတော်သဗ္ဗညုတဉာဏ်ရသည့်အထိ ကျေးဇူးပြုပေးနေတဲ့ ဒီဈာန်နာမ်တရားတွေကို သာသနာတွင်းတရားမဟုတ်ဘူး သာသနာပတရားလို့ စွပ်စွဲသင့်ပါ့မလား? ဒီနေ့မျက်မှောက်ခေတ်သာသနာမှာ ဝမ်းနည်းဖို့ကောင်းတဲ့အချက်တွေပါနော် ၊
    ဘုရားဟော ဒေသနာတွေကို ဗြောင်ပစ်ပယ်နေတဲ့ ကျင့်စဉ်တွေဖြစ်နေတယ် ၊
    ဘုရားရှင်က ခုလိုကျင့်သွားတာ ဘုရားအလောင်းတော်ကို သဗ္ဗညုတဉာဏ်ရသည့်အထိ ဒီအာနာပါနဈာန်တွေက ကျေးဇူးပြုပေးရင် ဒီဈာန်နာမ်တရားတွေဟာ
    သာသနာတွင်းတရား မဟုတ်ဘူး သာသနာပ တရားလို့ ပက်ပက်စက်စက်ပြောနေခြင်းသည် ဘုရားရှင်၏ အဆုံးအမသာသနာတော်ကြီးကို ပျက်စီးအေင် ဖျက်ဆီးနေတဲ့သဘော
    မဖြစ်ဘူးလား? ဖြစ်နေပြီး။
    🙏 ကျေးဇူးတော်ရှင် 🙏
    💫 ဖါးအောက်တောရရိပ်သာများ၏အဓိပတိနာယကချုပ် 💫
    💫 ရွှေကျင်နိကာယ ရတ္တညူမဟာနာယက 💫
    💫 အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ 💫
    💫 အဂ္ဂမဟာကမ္မဋ္ဌာနစရိယ 💫
    🙏 ဖါးအောက်တောရ ဆရာတော်ဘုရားကြီး🙏
    🙏ဒေါက်တာ ဘဒ္ဒန္တ အာစိဏ္ဏ🙏
    ==========================================
    💡မဂ္ဂင် ၈ ပါးတွင် သမ္မာသမာဓိက ⏪ #တစ်ပါးအပါအဝင်ဖြစ်တယ်။
    🙏🏻မြတ်စွာဘုရားရှင်က #ဘာကို #သမ္မာသမာဓိလို့ #ဟောလဲဆို
    ✨ပထမဈာန်သမာဓိ
    ✨ဒုတိယဈာန်သမာဓိ
    ✨တတိယဈာန်သမာဓိ
    ✨စတုတ္ထဈာန်သမာဓိ ကို ⏪ #သမ္မာသမာဓိလို့👈
    ↔️ #မဟာသတိပဋ္ဌာနသုတ်မှာ ⏪ #အတိအကျဟောတော်မူတယ်။
    ♥ #ဈာန်တရားက
    သာသနာတွင်းတရားမဟုတ် #သာသနာပတရား ♥
    💛 #ဝိပဿနာကသာ #သာသနာတွင်းတရားလို့ 💛
    🔴 #ခေတ်ကပြောတော့ 🔴
    မဂ္ဂင်တစ်ပါးပြုတ်တော့ #မဂ္ဂင် {၇} ပါးနှင့် ⏪ #မဂ်ဖိုလ်ရနိုင်ပါ့မလား?
    👉 #မရနိုင်ဘူး။ 👈
    🙏 ကျေးဇူးတော်ရှင် 🙏
    💫 ဖါးအောက်တောရရိပ်သာများ၏အဓိပတိနာယကချုပ် 💫
    💫 ရွှေကျင်နိကာယ ရတ္တညူမဟာနာယက 💫
    💫 အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ 💫
    💫 အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ 💫
    🙏 ဖါးအောက်တောရ ဆရာတော်ဘုရားကြီး🙏
    🙏ဒေါက်တာ ဘဒ္ဒန္တ အာစိဏ္ဏ🙏
    💠Credit ### Sayadaw Ashinagginda
    ====================================
    "သုဘဒ္ဒ၊ မဂ္ဂင်ရှစ်ပါး ထင်ရှားမရှိသော သာသနာတွင် သောတာပန်ဟူသော ပထမရဟန်းလည်း မရှိပေ။
    သကဒါဂါမ်ဟူသော ဒုတိယရဟန်းလည်း မရှိပေ။ အနာဂါမ်ဟူသော တတိယရဟန်းလည်း မရှိပေ။ ရဟန္တာဟူသော စတုတ္ထရဟန်းလည်း မရှိပေ။ မဂ္ဂင်ရှစ်ပါး ထင်ရှားရှိသော သာသနာမှာသာလျှင် ထိုရဟန်းလေးပါးလုံး ရနိုင်ပေသည်။
    ငါဘုရား၏ ဤသာသနာတော်တွင်ကား မဂ္ဂင်ရှစ်ပါး ထင်ရှားစွာ ရှိနေ၏။
    ထို့ကြောင့် ရဟန်းလေးပါးလုံး ထင်ရှား ရှိနေကြ၏။ အခြားသော အယူဝါဒများတွင် မဂ်လေးပါးကို ရခြင်းငှာ ဝိပဿနာရှုဆဲ ပုဂ္ဂိုလ်လေးပါး၊
    မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးပါး၊
    ဖလဋ္ဌာန် ပုဂ္ဂိုလ်လေးပါးအားဖြင့် တစ်ဆယ့်နှစ်ပါးသော ရဟန်းတို့ ကင်းဆိတ်နေကြ၏။
    ငါဘုရား၏ သာသနာမှာ ထင်ရှားရှိနေသော ရဟန်း တစ်ဆယ့်နှစ်ပါးတို့သည် မိမိတို့ ရရှိထားသော တရားကို အခြားသူများထံ ဆင့်ကူးဆင့်ကမ်း ဉာဏ်လက်လှမ်းကာ ပေးသောအားဖြင့် ကောင်းမွန်စွာ နေကြပါလျှင် ဤကမ္ဘာတွင် ဘယ်တော့မှ ရဟန္တာ ဆိတ်သုဉ်းမည် မဟုတ်ချေ ။"
    (သုတ်မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇာကဝတ္ထု ပါဠိတော်နှင့် အဋ္ဌကထာ)
    ကမ္ဘာ့ပညာရှင် ##
    🙏 ဖားအောက်တောရဆရာတော်🙏

ความคิดเห็น •