ကမ္ဘာ့ပညာရှင် ဖားအောက်တောရဆရာတော်

แชร์
ฝัง
  • เผยแพร่เมื่อ 28 ต.ค. 2022
  • မေတ္တာ၏ စွမ်းအင်များ
    •••••••••••••••••••••
    ချစ်သားရဟန်းတို့....
    သတ္တဝါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ ဒေါသ စသည့် ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် "မေတ္တာစေတောဝိမုတ္တိ"အမည်ရသည့် -
    မေတ္တာဈာန်ကို မှီဝဲခဲ့သည်ရှိသော်,
    ပွားများခဲ့သည်ရှိသော်,
    ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်,
    စီးနင်းလိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်,
    မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်,
    စွဲစွဲမြဲမြဲဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်,
    ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်,
    ကောင်းစွာ ပွားများအားထုတ်ထားအပ်ခဲ့ပြီးသည်ရှိသော်...
    (၁၁) မျိုးကုန်သော အကျိုးအာနိသံသတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။
    အဘယ် (၁၁) မျိုးတို့နည်းဟူမူ -
    ၁။ ချမ်းသာစွာ အိပ်စက်ရ၏။
    ၂။ ချမ်းသာစွာ အိပ်ရာမှနိုးရ၏။
    ၃။ အိပ်မက်ဆိုးကို မမြင်မက်ရပေ။
    ၄။ လူသားတွေက ချစ်မြတ်နိုးအပ်၏။
    ၅။ နတ်တွေက ချစ်မြတ်နိုးအပ်၏။
    ၆။ နတ်တို့က စောင့်ရှောက်ပေးကြကုန်၏။
    ၇။ ထိုမေတ္တာဈာန် ဝင်စားနိုင်သူ၏ သန္တာန်၌ မီးလည်းမလောင်နိုင်၊ အဆိပ်လည်း မသင့်နိုင်၊ လက်နက်လည်း မကျရောက်နိုင်။
    ၈ ။ စိတ်သည် လျင်လျင်မြန်မြန်ကောင်းစွာတည်ကြည်၏။
    ၉။ မျက်နှာအရောင်အဆင်းသည်ကြည်လင်သန့်ရှင်း၏။
    ၁၀။ မတွေမဝေသေရ၏။
    ၁၁။ မေတ္တာဈာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်း မသိနိုင်ခဲ့သည်ရှိသော် သေသည်၏ အခြားမဲ့၌ ဗြဟ္မာပြည်သို့လားရောက်ရ၏။
    ချစ်သားရဟန်းတို့...
    သတ္တဝါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် "မေတ္တာစေတောဝိမုတ္တိ"အမည်ရသည့် -
    မေတ္တာဈာန်ကို မှီဝဲခဲ့သည်ရှိသော်,
    ပွားများခဲ့သည်ရှိသော်,
    ကြိမ်ဖန်များစွာအလေ့အလာပြုခဲ့သည်ရှိသော်,
    စီးနင်းလိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်,
    မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်,
    စွဲစွဲမြဲမြဲ ဆောက်တည်ကျင့်သုံးထားခဲ့သည်ရှိသော်,
    ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်,
    ကောင်းစွာ ပွားများအားထုတ်ထားအပ်ခဲ့ပြီးသည်ရှိသော်-
    ဤ (၁၁) မျိုးကုန်သော အကျိုးအာနိသံသတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။
    ဤအကျိုးအာနိသင် (၁၁) မျိုးတို့ကား အင်္ဂုတ္တရနိကာယ် ဧကာဒသကနိပါတ် မေတ္တသုတ်၌ လာရှိသည့် စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားအပ်ပြီးသည့် မေတ္တာဈာန်ကို ရရှိထားသည့် သူတော်ကောင်းတစ် ဦး ရရှိနိုင်သည့် အကျိုးအာနိသင်တို့ပင် ဖြစ်ကြပေသည်။
    (အံ ၊၃၊၅၄၂ ။ )
    "ကမ္ဘာ့ပညာရှင်"
    "ဖားအောက်တောရဆရာတော်"
    (မေတ္တာစွမ်းအား)
    Bhikkhu's Dhamma
    / bhikkhu.buddhadhamma
    bhikkhudhamma.blogspot.com
    ======================================
    ငြိမ်းချမ်းရေး ကျင့်စဉ်
    မိမိကိုယ်ကိုမိမိ မိသားစုကို မိမိကုမ္ပဏီကို မိမိလူမျိုးကို မိမိတိုင်းပြည်ကို မိမိတို့၏ ကမ္ဘာ့အုပ်စုကြီးကိုသာ ချစ်ခင်မြတ်နိုးတတ်၍ အခြားလူများကို အခြားမိသားစုများကို အခြားအသင်းအဖွဲ့များကို အခြားလူမျိုးများကို အခြားတိုင်းပြည်များကို အခြားအခြားကမ္ဘာ့အုပ်စုများကို မုန်းတီးတတ်သော စိတ်ထားကာ “ဣသာမစ္ဆရိယ" ဖြစ်ပေါ်ရန် အခြေခံ အကြောင်းရင်းဖြစ်၏။ ယင်းအကြောင်းတရားများကို ဗုဒ္ဓ၏ သီလ၊ သမာဓိ၊ ပညာကျင့်စဉ်ဟု ဆိုအပ်သော သိက္ခာသုံးရပ် အကျင့်မြတ်တို့က အမြစ်ပြုတ်အောင်ချေဖျက်နိုင်သော စွမ်းအားရှိ၏။
    သီလဖြူစင်မှုကို အခြေခံလျက် ဗြဟ္မစိုရ်တရားလေးပါးနှင့် ကသိုဏ်းဆယ်ပါး၊ သမာပတ်ရှစ်ပါးတို့ကို အောင်မြင်စွာ လက်တွေ့ပွားများ အားထုတ်နိုင်ပါက သတ္တဝါအားလုံးအပေါ်၌ ညီမျှသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
    ဥပေက္ခာတရားတို့ကို အောင်အောင်မြင်မြင် ရရှိနိုင်မည်ဖြစ်သည်။ စစ်မှန်သောငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်ပွားများ အားထုတ်သူတိုင်း ရရှိခံစားရ
    မည် ဖြစ်သည်။ သို့သော် ထိုငြိမ်းချမ်းရေးကားဈာန်သမာဓိအရှိန် အားကောင်းခိုက်ရရှိနိုင်သော ယာယီ ငြိမ်းချမ်းရေးမျှသာဖြစ်သည်။ ထာဝရငြိမ်းချမ်းရေး
    ရရှိနိုင်ရန်အတွက် ပြုကျင့်ရမည့်ကျင့်စဉ်ကား မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသောဝိပဿနာကျင့်စဉ်ပင် ဖြစ်သည်။
    ကမ္ဘာ့ပညာရှင်
    ဖားအောက်တောရဆရာတော်
    ၂၀၀ရ ဒီဇင်ဘာထုတ်
    ထာဝရ ငြိမ်းချမ်းရေးသို့ စာအုပ်ငယ်မှ
    (၂၀၀၉ ဧပြီ ၂ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်)
    #ဓမ္မအလင်းဖြင့်ကောင်းသောလမ်းသို့စေညွန်ရာ
    #ပုညသိန်းနိုင်ponnyatheinnaing
    ====================================

ความคิดเห็น • 21

  • @user-rp2ns1nd8l
    @user-rp2ns1nd8l หลายเดือนก่อน

    ဆရာတော်ဘုရားကျန်းမာ၍အသင်ရှည်ပါစေ

  • @MonLay-of2oe
    @MonLay-of2oe 3 หลายเดือนก่อน

    သာဓု သာဓု သာဓု

  • @maythukhine9344
    @maythukhine9344 4 วันที่ผ่านมา

    🙏🙏🙏

  • @tarlay1370
    @tarlay1370 ปีที่แล้ว +3

    ဆရာတော်ဘုရားကြီးကျန်းမားပါစေ🙏🙏🙏

    • @user-bx9mx9cj8r
      @user-bx9mx9cj8r 8 หลายเดือนก่อน

      သာဓု။ သာဓု။ သာဓု။ ပါဘုရား

    • @nunulaing8737
      @nunulaing8737 7 หลายเดือนก่อน

  • @swerosy3377
    @swerosy3377 ปีที่แล้ว +1

    သာဓုသာဓုသာဓုပါဘုရား🙏🙏🙏

  • @tflasx9689
    @tflasx9689 ปีที่แล้ว

    သာဓု သာဓု သာဓုပါဘုရား

  • @kokoungkoung1569
    @kokoungkoung1569 11 หลายเดือนก่อน

    သာဓုသာဓုသာဓုဘုရား

  • @naingnaing2988
    @naingnaing2988 ปีที่แล้ว

    သာဓု သာဓု သာဓု ပါအရွင္ဘုရား။

  • @zawlwinoo8501
    @zawlwinoo8501 7 หลายเดือนก่อน

    သာဓု သာဓု သာဓုပါဘုရား။

  • @FhGu-xm8um
    @FhGu-xm8um 7 หลายเดือนก่อน

    🙏🙏🙏သာဓု သာဓု သာဓု🙏🙏🙏

  • @ayekyaw9910
    @ayekyaw9910 ปีที่แล้ว

    🙏🙏🙏🙏🙏

  • @user-vo3jq9fe8f
    @user-vo3jq9fe8f 14 วันที่ผ่านมา

    ဆရာတော်သက်တော်ရာကျော်ရှည်ပါစေ

  • @lapyae9080
    @lapyae9080 ปีที่แล้ว

    ခဏလေးပါတစ်နာရီလောက်

  • @lapyae9080
    @lapyae9080 ปีที่แล้ว

    လိုအပ်နေတာတွေပြန်ဖြည့်ထားမလို့

  • @user-fy8rm6pf3r
    @user-fy8rm6pf3r 5 หลายเดือนก่อน

    🙏🙏🙏

  • @konaingwin3430
    @konaingwin3430 6 หลายเดือนก่อน

    သာဓုသာဓုသာဓုပါအရှင်ဘုရား🙏🏼🙏🏼🙏🏼🙏🏼🙏🏼

  • @user-sr9rc2xl1e
    @user-sr9rc2xl1e 6 หลายเดือนก่อน

    🙏🙏🙏

  • @ashinnarrada2043
    @ashinnarrada2043 ปีที่แล้ว

    🙏🙏🙏

  • @petrickaungaung3510
    @petrickaungaung3510 ปีที่แล้ว

    🙏🙏🙏