🌟 𝐃𝐚𝐰 𝐖𝐢𝐧 𝐖𝐢𝐧 𝐓𝐢𝐧𝐭

แชร์
ฝัง
  • เผยแพร่เมื่อ 4 ก.ย. 2024
  • 📚 " ကောင်းမွန်တဲ့ ခေါင်းဆောင်မှုဖြစ်ဖို့အတွက် အိပ်မက်အကြီးကြီးတစ်ခုနဲ့ အောင်မြင်မှုကိုလိုလားတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒရှိရပါမယ် "
    " ပညာရေးကိုအချိန်ပေးလေ့လာဖို့အတွက်လိုအပ်ပါတယ်။ Lifelong learning လုပ်ရမယ်။ အမြဲစူးစမ်းနေရမယ်။ အမြဲသင်ယူချင်စိတ်ရှိရပါမယ်။ " 🤩📚
    🌟 𝐃𝐚𝐰 𝐖𝐢𝐧 𝐖𝐢𝐧 𝐓𝐢𝐧𝐭
    𝐅𝐨𝐮𝐧𝐝𝐞𝐫 & 𝐂𝐄𝐎 𝐨𝐟 𝐂𝐢𝐭𝐲 𝐌𝐚𝐫𝐭 𝐇𝐨𝐥𝐝𝐢𝐧𝐠 𝐂𝐨., 𝐋𝐭𝐝.
    -----------------------------------------------
    🇲🇲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 က ရည်မှန်းချက်ကြီးမားပြီး အိပ်မက်တွေကိုအောင်မြင်စွာ အကောင်ထည်ဖော်ချင်တဲ့ မြန်မာလူငယ်များအတွက် ဆွေးနွေးသွားခဲ့ကြတဲ့ “မြန်မာကိုကမ္ဘာကသိဖို့” Annual Leadership Forum “အိပ်မက်ကိုဖမ်းဆုပ်ထား သူများ နှင့်ခေါင်းဆောင်မှုပညာ” ဆွေးနွေးပွဲမှ ခေါင်းဆောင်မှုအနုပညာဆိုင်ရာ အကြောင်းအရာများနှင့် မြန်မာ လူငယ်များ သူတို့ရဲ့အိပ်မက်ကို လက်တွေ့အကောင်ထည်ဖော်ချိန်မှာ တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်စေမယ့် အကြံဉာဏ်များကို မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ Supermarket ဖြစ်တဲ့ City Mart Holding Co., Ltd ရဲ့တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်က ဒီ Video လေးကနေတစ်ဆင့် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်ရှင် 📚❤️🙏
    🌟 Video ထဲမှာ ဒေါ် ဝင်းဝင်းတင့် ဝေမျှထားတဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုဖြစ်ဖို့အတွက် လိုက်နာရမယ့် အချက်တွေကတော့ -
    ၁)📚 အိပ်မက်ကြီးကြီးတစ်ခုနဲ့ အောင်မြင်မှုကိုလိုလားတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒရှိရပါမယ်။
    ၂)📚 အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာသာမက ဇွဲ လုံ့လ နဲ့ ကြိုးစားအားထုတ်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာအရပါ ကြံ့ခိုင်နေဖို့လိုပါတယ်။
    ၃)📚 ကိုယ့်ရဲ့ Customer တွေကို ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် ဝန်ထမ်းတွေကို အလုပ်မှာပျော်ရွှင်အောင်နဲ့ အလုပ်အပေါ်တန်ဖိုးထားတတ်အောင်သင်ပေးရမယ့်တာဝန်ရှိပါတယ်။
    ၄)📚 ခေါင်းဆောင်ကောင်းတစ်ယောက်က ကိုယ်ကျင့်တရားမှန်ကန်ရမယ်၊ အကောင်းမြင်စိတ်ရှိရမယ်၊ ကိုယ့်မှာရှိနေတဲ့အင်အားကို မှန်ကန်စွာနဲ့ အကျိုးရှိရှိအသုံးချတတ်ဖို့ နဲ့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်တတ်ရပါမယ်။
    ၅)📚 အောင်မြင်မှုတွေအချိန်ကြာကြာတည့်တံ့ဖို့အတွက် အခြေခံလိုအပ်ချက်က လက်ရှိအခြေအနေထက်ပိုပြီး ကောင်းမွန်အောင်လုပ်ယူချင်တယ်၊ ပြောင်းလဲချင်တယ်ဆိုတဲ့ "Growth Mindset" ရှိဖို့အရမ်းအရေးကြီးပါတယ်။
    ၆)📚 ပညာရေးကိုအချိန်ပေးလေ့လာဖို့အတွက်လိုအပ်ပါတယ်။ Lifelong learning လုပ်ရမယ်။ အမြဲစူးစမ်းနေရမယ်။ အမြဲသင်ယူချင်စိတ်ရှိရပါမယ်။
    ၇)📚 လက်ရှိမှာတိုးတက်လာတဲ့ Technology တွေနဲ့ရင်းနှီးကျွမ်းဝင်နေဖို့နဲ့ အသုံးချတတ်ဖို့ လိုပါတယ်။
    ၈)📚 ခေါင်းဆောင်ကောင်းတစ်ယောက်က ပတ်ဝန်းကျင်ကိုမပြောင်းလဲခင်မှာ မိမိကိုယ်ကို အရင်ဦးဆုံးပြောင်းလဲနိုင်ဖို့က အရေးကြီးပါတယ်။
    📖✍🏻 ရည်မှန်းချက်ကြီးမားပြီး အိပ်မက်တွေကိုအောင်မြင်စွာ အကောင်ထည်ဖော်ချင်တဲ့ မြန်မာလူငယ်များအတွက် အိပ်မက်ကို လက်တွေ့အကောင်ထည်ဖော်ချိန်မှာ တွေ့ကြုံရမည့် အခက်အခဲများနှင့် ရင်ဆိုင်ကျော်လွှားနိုင်စေမယ့် အကြံဉာဏ်များကို မှတ်သားဖွယ်ရာ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်ရှင်...
    ⭐️ အားလုံးအတွက်တကယ်ကိုအကျိုးရှိတဲ့ဝေမျှမှုတစ်ခု ဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်... 😊
    အိပ်မက်မက်ပါ
    အိပ်မက်များကို ယုံကြည်ပါ
    အိပ်မက်များကို အကောင်အထည်ဖော်ပါ ❤️❤️📚
    အခုလိုလူငယ်တွေအတွက် အတွေ့အကြုံကောင်းများ၊ ဘဝအတွက်ကြုံတွေ့ရမယ့်အခက်အခဲများကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းများကို အားလုံးအတွက် ပြန်ပြီးဝေမျှပေးတဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ Supermarket ဖြစ်တဲ့ City Mart Holding Co., Ltd ရဲ့တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့် ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် ❤️🙏
    ချစ်ခင်လေးစားစွာဖြင့် -
    𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 - 𝐌𝐈𝐔🇲🇲
    #MIU_DreamsforSuccess_အိပ်မက်မက်ပါ_TalkSeries❤️
    ----------------------------------------------
    အိပ်မက်တွေအတွက် ကြိုးစားနေတဲ့မြန်မာလူငယ်တွေအားလုံးအတွက် ရည်ရွယ်ပြီး MIU_DreamsforSuccess အစီအစဥ်လေးကနေ ဝေမျှမှုတွေကိုလည်း အမြဲစဉ်ဆက်မပြတ် ပြုလုပ်ပေးသွားမှာဖြစ်လို့ MIU Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော် ❤️🙏🤝👇👇
    www.youtube.co....
    မြန်မာလူငယ်တွေအတွက် ပညာရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဖို့ အကောင်းဆုံးကြိုးစားနေတဲ့ ဝေမျှမှုတွေ ၊ ပညာရေးအစီအစဥ်တွေ၊ Scholarship အစီအစဥ်တွေများစွာကိုလည်း အသေးစိတ်အချက်အလက်တွေနဲ့အတူ MIU Facebook Page လေးမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်နော် ❤️🙏🤝👇👇
    / myanmarimper. .
    #အိပ်မက်မက်ပါ
    #အိပ်မက်များကိုယုံကြည်ပါ
    #အိပ်မက်များကိုအကောင်အထည်ဖော်ပါ

ความคิดเห็น • 10

  • @pyaepyaelynn4629
    @pyaepyaelynn4629 2 หลายเดือนก่อน

    အရမ်းကိုချစ်ရ ဂုဏ်ယူရတဲ့ကျမတို့ရဲ့စံပြအမျိုးသမီးကြီးတစ်ဦးပါ❤️

  • @ayemoetilezaw160
    @ayemoetilezaw160 ปีที่แล้ว

    ဟုတ်ကဲ့ပါကျေးဇူးအထူးတင်ရှိပါတယ်ရှင် အခုလိုမျိုး ခေတ်မီ ပြီးတိုးတက်တာအရမ်းကိုကောင်းပါတယ့်

  • @Zausk
    @Zausk ปีที่แล้ว

    ဂုဏ်ယူပါတယ်အစ်မ😊😊😊

  • @yaungzar
    @yaungzar 22 วันที่ผ่านมา

    ဒေါင်းမရဘူးဟ

  • @soethulwin1986
    @soethulwin1986 3 ปีที่แล้ว

    ကျေးဇူးတင်ပါတယ် MIU

  • @ThinZarPhyu-xd2hp
    @ThinZarPhyu-xd2hp ปีที่แล้ว

    Our CEO❤🎉

  • @Yelinnnaing1234
    @Yelinnnaing1234 ปีที่แล้ว

    Our CEO❤❤❤