အခက်အခဲ စိန်ခေါ်မှုနဲ့ စိတ်ညစ်စရာတွေ ကြုံတဲ့အခါ ဘယ်လိုတွေးပြီး ဘာတွေ လုပ်သင့်လဲ? 😢❤️

แชร์
ฝัง
  • เผยแพร่เมื่อ 19 ธ.ค. 2020
  • အခက်အခဲ စိန်ခေါ်မှုနဲ့ စိတ်ညစ်စရာတွေ ကြုံတဲ့အခါ ဘယ်လိုတွေးပြီး ဘာတွေ လုပ်သင့်လဲ? 😢❤️
    -----------------------------------------------
    လောကကြီးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ စိတ်ဆင်းရဲမှုတွေ အဆင်မ​ပြေမှုတွေကို ရင်ဆိုင်နိုင်တဲ့ နည်းလမ်းလေးတွေ၊ သိစိတ်နဲ့ မသိစိတ်တွေ အလုပ်လုပ်ပုံတွေကို ဒီ video လေးကနေတစ်ဆင့် ဝေမျှပေးထားပါတယ်ရှင်။ 🙏😇
    “ အခက်အခဲတွေ၊ အရှုံးတွေ၊ ဝေဖန်မှုတွေ၊ စိန်ခေါ်မှုတွေကို ယုံကြည်ချက်ရယ်၊ ကြိုးစားမှုရယ်၊ သင်ယူမှုရယ်၊ နောက်မဆုတ်ဘဲရှေ့ဆက်မှုတွေကနေတစ်ဆင့် အောင်မြင်မှုအိပ်မက်ကိုရောက်အောင်သွားရမှာက ကျွန်မတို့ တာဝန်ပါ” 🧑‍💻📝😇📚
    အခက်အခဲ ဆိုတာ📚
    🌟 "အခက်အခဲဆိုတာကိုယ်ဘဝမှာ အိပ်မက်တွေအတွက် ဘယ်လောက်ယုံကြည်မှုရှိလဲဆိုတာ စမ်းသပ်တဲ့စာမေးပွဲတစ်ခုပါ။”
    🌟 “အခက်အခဲနဲ့ ကြေကွဲမှုက ဘဝမှာ သင်ခန်းစာတွေပေးတဲ့ ခက်ခဲတဲ့ သင်ခန်းစာပါ။”
    📚✍🏻 ဒီသင်ခန်းစာကို ကျွန်မတို့ ကြိုးစားအားထုတ်မှုတွေ မေတ္တာတရားတွေနဲ့ဘဲ ကျော်ဖြတ်ရမှာပါရှင်။
    “အခက်အခဲတွေကြောင့် ကျွန်မတို့ မနက်ဖြန်တိုင်းမှာ ပိုသန်မာလာတဲ့သူတွေဘဲဖြစ်ပါစေ။ သူတို့ကြောင့် ကျွန်မတို့ ရဲ့ မနက်ဖြန်တွေ မှာ မှောင်မည်းသွားတဲ့သူမျိုးမဖြစ်ပါစေနဲ့။” 🙏😇
    "ဘဝမှာ အကောင်းဆုံးခံနိုင်ရည်စွမ်းတွေကို ဘဝရဲ့ အဆိုးဝါးဆုံးအခြေအနေနဲ့ သင်ခန်းစာတွေကပေးပါတယ်။🙏📚"
    "တစ်ခါတစ်လေကျရင် ဘဝမှာရဲရင့်တတ်ဖို့ကို ဘဝရဲ့ လဲကျတဲ့ အချိန်တွေကသင်ပေးတယ်။📚"
    အဲဒါကြောင့် ခက်ခဲတဲ့အချိန်တွေတိုင်းကိုစိတ်မညစ်ပါနဲ့။ ပြန်ထနိုင်တဲ့တစ်နေ့ကျရင် အဲဒီအခြေအနေတွေကဘဲ ကိုယ့်ကို ပိုတစ်ဆင့်မြင့်တဲ့လူတစ်ယောက်အဖြစ် ဖန်ဆင်းပေးခဲ့တာကို သတိရပါလို့ အားပေးပါရစေရှင်။ ❤️🙏
    -----------------------------------------------
    🙏 ကျွန်မ တို့ လူ့လောကကြီး မှာ ကျင်လည်နေရတဲ့လူတွေအားလုံးအတွက် သေချာတာကတော့ အခက်အခဲတွေရယ် စိတ်ဆင်းရဲမှုတွေရယ်နဲ့ ကြုံတွေ့ရမှာပါဘဲ။ ကျွန်မတို့ လူတွေရဲ့သဘာဝအရ ကောင်းဆုံးကို ဘဲ မျှော်လင့်ထားလေ့ရှိပါတယ်။ လူ့ဘဝကတော့ အကောင်းတွေရှိသလို ပျော်ရွှင်မှုတွေရှိသလို စိတ်ဆင်းရဲမှု အလိုမပြည့်မှုတွေက ရှိစမြဲပါ။
    📚 လူ့စိတ်ကို စေခိုင်းနေတာ သိစိတ် နဲ့ မသိစိတ် ဆိုပြီး နှစ်ခုရှိပါတယ်။စိတ်ညစ်နေတဲ့အချိန် စိတ်ဓါတ်ကျနေတဲ့အချိန်ဆို မသိစိတ်ရဲ့ စေခိုင်းမှုနောက် အတွေးတွေကလိုက်ကြတယ်။အဲဒီအချိန်မှာ သိစိတ်နဲ့ အသိကို ကပ်ဲပြီး အတွေးတွေကို ပြန်တည့်မတ်ပေးရပါတယ်။
    📚 အခက်အခဲတွေကအကြောင်းတစ်စုံတစ်ရာကြောင့်သာ​ဖြစ်လာတာပါ။ကျွန်မတို့ကိုပြိုလဲစေဖို့လဲ ဖြစ်နိုင်သလို ကျွန်မတို့ကို ပိုသန်မာလာစေဖို့လဲဖြစ်လာနိုင်ပါတယ်။
    ကျွန်မတို့ဘာကိုရွေးချယ်မလဲ ❓
    ဒီအခက်အခဲတွေ အဖြစ်အပျက်တွေက ကြောင့် ကျွန်မတို့ ကို ပြိုလဲစေမှာလား ❓
    ဒီအခက်အခဲတွေ အဖြစ်အပျက်တွေကြောင့် ကျွန်မတို့ပြန်ရုန်းထနိုင်စွမ်းနဲ့ ပိုသန်မာ လာစေ မှာလား ❓
    တစ်ခုကိုရွေးလိုက်ပါ။
    "အခက်အခဲနဲ့ စိတ်ခေါ်မှု စိတ်ညစ်စရာတွေက ကျွန်မတို့ကို ပိုမိုသန်မာသော ပိုမိုခံနိုင်သောသူများအဖြစ် ဖန်ဆင်းပေးဖို့ပေါက်ဖွားလာတာပါ။"
    🙏 ထိုင်ပြီး စိတ်ညစ်နေဖို့ကလွယ်ပါတယ်။ ပြန်လည်ရုန်းထဖို့နဲ့ အဆုံးဆုံးအချိန်ကို ကောင်းသောပြုပြင်ပြောင်းလဲမှုနဲ့ အကောင်းဆုံးအချိန်တွေ အကျိုးရှိသော အချိန်များအဖြစ် အလင်းရောင် ပြန်လည်တောက်ပလာအောင်လုပ်ရတာကသာ ခက်တာပါ။
    🙏 ဘုရား တရား သံဃာ မိဘ ဆရာသမား နှင့် မေတ္တာတရားကို ရင်ထဲမှာအမြဲထည့်ထားပေးပါ။
    ​🙏 ကုသိုလ်ကောင်းမှု ပိုမိုပြုလုပ်ပြီး မေတ္တာတရားရှေ့ထားပါ။
    🙏အ တွေးများကို ထိန်းချုပ်ပြီး သိစိတ်ဖြင့် ဦးဆောင်ပါ။
    အားလုံး မသိစိတ်ကို အသိစိတ်နဲ့အနိုင်ယူပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင့်
    😇ဒီ Video လေးကို ကြည့်ပြီး အတွေး တစ်စုံတစ်ရာဖြစ်ခဲ့ရင်လည်း အောက်မှာ ဝေမျှပေးခဲ့ပါအုံးနော်🙏
    အိပ်မက်တွေအတွက် ယုံကြည်ချက်တွေကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့....
    ချစ်တဲ့
    မပို့ ❤️
    #MIU_DreamsforSuccess_အိပ်မက်မက်ပါ_TalkSeries❤️
    ----------------------------------------------
    အိပ်မက်တွေအတွက် ကြိုးစားနေတဲ့မြန်မာလူငယ်တွေအားလုံးအတွက် ရည်ရွယ်ပြီး MIU_DreamsforSuccess အစီအစဥ်လေးကနေ ဝေမျှမှုတွေကိုလည်း အမြဲစဉ်ဆက်မပြတ် ပြုလုပ်ပေးသွားမှာဖြစ်လို့ MIU Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော် ❤️🙏🤝👇👇
    th-cam.com/channels/9qz.html...
    မြန်မာလူငယ်တွေအတွက် ပညာရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဖို့ အကောင်းဆုံးကြိုးစားနေတဲ့ ဝေမျှမှုတွေ ၊ ပညာရေးအစီအစဥ်တွေ၊ Scholarship အစီအစဥ်တွေများစွာကိုလည်း အသေးစိတ်အချက်အလက်တွေနဲ့အတူ MIU Facebook Page နဲ့ Poht Poht Kyi - ပို့ပို့ကြည် Facebook Page လေးမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်နော် ❤️🙏🤝👇👇
    / myanmarimper. .
    / pohtphotkyi
    #အိပ်မက်မက်ပါ
    #အိပ်မက်များကိုယုံကြည်ပါ
    #အိပ်မက်များကိုအကောင်အထည်ဖော်ပါ

ความคิดเห็น • 14

  • @user-kc6ji2ej9y
    @user-kc6ji2ej9y 2 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်အမ

  • @nangkhanphoo4902
    @nangkhanphoo4902 3 ปีที่แล้ว +1

    ဆရာမကျေးဇူးအများကြီးတင်ပါတယ် ခွန်းအားတွေအများကြီးလည်းရပါတယ်

      @MyanmarImperialUniversityMIU  3 ปีที่แล้ว

      ကျေးဇူးတင်ပါတယ်နော်... နောက်ထပ်ခွန်အားဖြစ်စေမယ့် Video လေးတွေလဲ နားထောင်ကြည့်ပါဦးနော် 🤗

  • @soemoekyawsoegyi5590
    @soemoekyawsoegyi5590 ปีที่แล้ว

    မပိူ့ ကျေးဇူးတင်ပါတယ်ဗျာ.
    တဖြည်း​ဖြည်းနဲ့ အိမ်မတ်မတ်စရာတွေများများလာတယ်.😇😇

  • @Jack-rd2ve
    @Jack-rd2ve 2 ปีที่แล้ว

    Such a piece of great advice for me when losing motivation! I'm going to play it whenever I feel down. Thank You.

    • @MyanmarImperialUniversityMIU
      @MyanmarImperialUniversityMIU  2 ปีที่แล้ว +1

      ခွန်အားဖြစ်စေတယ်ကြားရလို့ အရမ်းပဲ အားရှိရပါတယ် ❤🤗

  • @yinmyohtwe6312
    @yinmyohtwe6312 2 ปีที่แล้ว

    ကေျးဇူးတင်ပါတယ်MIU

  • @user-tv4ks8gv1p
    @user-tv4ks8gv1p 3 ปีที่แล้ว

    ကျေးဇူးတင်ပါတယ်ရှင့်ဆရာမ

  • @messickim645
    @messickim645 ปีที่แล้ว

    Music is too noise, i can't hear.

    • @MyanmarImperialUniversityMIU
      @MyanmarImperialUniversityMIU  ปีที่แล้ว +1

      ဟုတ်ကဲ့ နောက်Video လေးတွေကျသတိထားပေးပါ့မယ်နော် 🤗

    • @messickim645
      @messickim645 ปีที่แล้ว

      @@MyanmarImperialUniversityMIU Thanks Ma Poht i really like ur video Cause i'm working at the same time learning & listening u r video thanks for sharing .

  • @khinkhin5892
    @khinkhin5892 ปีที่แล้ว

    တွေ့ပြီးတီချယ်ကိုကျေးဇူးပါရှင့်