ဟင်းထုပ်

แชร์
ฝัง
  • เผยแพร่เมื่อ 17 ม.ค. 2024
  • သက်သက်လွတ်ဟင်းထုပ်အလွယ်တကူလုပ်စားကြမယ်။(ကြက်သား၊၀က်သား၊ပင်လယ်စာ)ထည့်ပြီးလည်းထုပ်စားလို့ရပါတယ်ရှင့်။
    ပါ၀င်ပစ္စည်း
    🥬 ဆန်အစိမ်းမှုန့်
    🥬ကောက်ညှင်းမှုန့်
    🥬 ကြက်သွန်မြိတ်
    🥬မုန့်ညှင်းဖူး
    🥬ဆား၊အချိုမှုန့်
    🥬 ဌက်ပျောရွက်
    ပြုလုပ်ပုံ
    🥬 ကြက်သွန်မြိတ်၊မုန့်ညှင်းရွက်တို့ကိုဆေးကြောသန့်စင်ပြီးပါးပါးလှီးထားပါ။
    🥬 ဇလုံတခုတွင် ဆန်အစိမ်းမှုန့် ထမင်းစားဇွန်း(၅)ဇွန်း ကောက်ညှင်းမှုန့် ထမင်းစားဇွန်း(၂)ဇွန်းထည့်ပါ။
    🥬 အရသာအတွက် ဆား၊အချိုမှုန့်ထည့်ပါ။
    🥬 ရေအနည်းငယ်ဖြင့် ရေထည့်လိုက်နယ်လိုက်ပြုလုပ်ပါ။
    🥬 ဟင်းအနှစ်ရလာပြီဆိုဌက်ပျောရွက်ထဲထည့်ပီးအထုပ်လေးများပြုလုပ်ပါ။
    🥬‌ ရေနွေးအိုးတည်ထားပါ။ဆူလာရင်ဇကာတင်ပေးပါ။
    🥬 ဇကာထဲသို့ဟင်းထုပ်များထည့်လိုက်ပါ။
    🥬 အငွေ့များများထွက်လာပြီး ဌက်ပျောရွက်များနွမ်းလာသည်ထိပေါင်းပေးပါ။
    🥬 ဌက်ပျောရွက်များနွမ်းပီးဖက်ရနံ့မွေးမွေးလေးဖြင့်ဟင်းထုပ်ရရှိပါပြီ။
    🥬 တွဲဖက်စားဖို့ ငရုတ်သီးကိုဆီဖြင့်ကြော်ပေးပါ။(ဆီကိုအိုးပူလာရင်ထည့်ပြီးဆီပူလာပါကအိုးကိုမီးဖိုမှချပီးငရုတ်သီးကိုထည့်ကြော်ပေးပါ)
    🥬 ကြက်သွန်ဖြူဆီချက်လည်းချက်ပေးထားပါ။(အခုကတော့မပါ၀င်ပါဖူး)😁
    🥬တို့စားဖို့ အရွက်အနေဖြင့်ကတော့ကြက်သွန်မြိတ်လေးထည့်ထားပါတယ်။ဂျူးမြစ်နဲ့ဆိုရင်ပိုကောင်းပါတယ်ရှင်။
    အားလုံးပဲလုပ်စားလို့ရအောင်မျှဝေလိုက်ပါတယ်နော်❤
    #ဟင်းထုပ်
    #ဟင်းချက်ဝါသနာ
    #cooking
    #hninhninfoodhouse

ความคิดเห็น •