ဖား‌အောက်ဆရာတော် ဟောကြားတော်မူသော ဓမ္မစက္ကပဝတ္တနနှင့် အနတ္တလက္ခဏသုတ် တရားတော် အပိုင်း (၁)

แชร์
ฝัง
  • เผยแพร่เมื่อ 23 พ.ย. 2021
  • ဖား‌အောက်တောရဆရာတော် ဟောကြားတော်မူသော ဓမ္မစက္ကပဝတ္တနနှင့် အနတ္တလက္ခ ဏသုတ် တရားတော် အပိုင်း (၁) -
    ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
    တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
    သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟိုတို့ေ့ရှကသူတော်ကောင်းတို့သည်။
    ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
    ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
    ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
    ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
    တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
    ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက်ကြကုန်သည် ဖြစ်၍။
    သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်ငှ ရှိကြကုန်သည် ဖြစ်၍။
    တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ေ့ရှက သူတော်ကောင်းတို့ကို။
    အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်
    သတည်း ။
    • ဖားအောက်တောရ ဆရာတော်ကြ...
    - - - - - - - - - - - - - - - - - - - -- - - - - - - - - - - -- - - - - - - - - - -- - -
    တရားများနာကြားပြီး အသိထူး၊အသိဉာဏ်များတိုးတက်နိုင်ပါစေ။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးမတရားများဝေမျှကုသိုလ်ပွားများနိုင်ကြပါစေ
    တရားချစ်ခင် တရားတော်များကို နာယူကြသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား တရား ဓမ္မများကို နေ့စဉ် နေ့တိုင်း အမြဲမပျက် တင်ဆက်ပေးလျှက်ရှိပါသည်။ အသစ်တင်သော တရားတော်များအား သိရှိနိုင်ရန် Subscribe လုပ်ထားပေးရန် တောင်းဆိုအပ်ပါသည်။
    သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ

ความคิดเห็น • 6

  • @aggadakenaya6154
    @aggadakenaya6154 23 วันที่ผ่านมา +2

    ကျေးဇူး များလှပါသည်🙏🙏🙏

  • @user-il3km1pq6z
    @user-il3km1pq6z 9 วันที่ผ่านมา +1

    ဆရာ​တော်ဘုရားကြီးသက်ရှည်ကျန်းမာပါ​စေ

  • @hlahla8234
    @hlahla8234 2 หลายเดือนก่อน +3

    ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား

  • @user-vo3jq9fe8f
    @user-vo3jq9fe8f 14 วันที่ผ่านมา +2

    ဆရာတော်သက်တော်ရာကျော်ရှည်ပါစေ

  • @thiaye9990
    @thiaye9990 2 หลายเดือนก่อน +1

    💯🙏🙏🙏

  • @user-id1mb9xp5u
    @user-id1mb9xp5u 3 หลายเดือนก่อน +2

    🙏🙏🙏 🙏🙏🙏 🙏🙏🙏